Unicode
ခွန်းလွန်းတောင်သည် နဂါးအရိုးကဲ့သို့ လဲလျောင်းတည်ရှိလျက်ရှိပြီး ပကတိဆိတ်ငြိမ်လျက်ရှိသည်။ စစ်နတ်ဘုရား နေထိုင်သောထိုနေရာသည် နတ်အစွမ်းတို့ဖြင့် ကာကွယ်ထားပြီး တပည့်၁၅ယောက်တို့၏ ကျင့်စဉ်ရွတ်သံသာ သဲ့သဲ့လေးထွက်ပေါ်နေ၏။ ထိုနေရာသို့ အမြဲလာနေကျဖြစ်သော ဧည့်သည်နှစ်ယောက် ရောက်လာသည်။ ကျီရန်နှင့်ပိုင်ကျန်း။
"နတ်ဘုရားတို့ကို ဆရာကခန်းမဆောင်ထဲမှာ စောင့်နေပါတယ်။ ကြွပါ။" တပည့်၁၆ယောက်မြောက်သည် ဧည့်ကြိုရင်း လမ်းပြပေးသည်။
ခန်းမဆောင်ထဲတွင် စစ်နတ်ဘုရားမိုယွမ်သည် ရေနွေးကြမ်းသောက်ရင်းဖြင့် ထိုင်စောင့်နေသည်။ သူ့မျက်နှာသည် ခါတိုင်းကဲ့သို့ တည်ကြည်လျက်ရှိသည်။
နတ်ဘုရားနှစ်ပါးလည်း နေရာတွင် ဝင်ထိုင်လိုက်ကြသည်။
"ချင်းအာလိုက်မလာဘူးလား"
နတ်ဘုရားနှစ်ပါးနောက်လိုက်ရင်း ခွန်းလွန်းတောင်သို့ မကြာခနလာတတ်သောသူမကို မမြင်သဖြင့် မေးကြည့်လိုက်သည်။"ညီမလေးက မိန်းကလေးတယောက်ကိုကယ်ရင်း ဒဏ်ရာရထားတယ်။ အဲ့တာကြောင့် လိုက်မလာနိုင်တာပါ။"
"ဟုတ်လား။ ငါခေါ်လိုက်တာက သူ့အကြောင်းပြောမလို့ခေါ်လိုက်တာ။"
"ချင်းအာအကြောင်း"
"ဟုတ်တယ်။ကျီရန် ။ ချင်းအာနဲ့ သူ့ရဲ့ မက်မွန်ပန်းအကြောင်း။ ဒီအကြောင်းကို မြေခွေးဘုရင်နဲ့ ဘုရင်မကိုတော့ပြောပြီးပြီ။"
နတ်ဘုရားနှစ်ပါးသည် သူတို့ချစ်ခင်ရသော မြေခွေးမလေးအကြောင်းမို့ ပိုမိုလေးလေးနက်နက်နဲ့ နားထောင်ကြသည်။
"အရင်ရက်ပိုင်းတုံးက ငါချင်ချုံကို ရောက်ခဲ့သေးတယ်။ ပြီးတော့ မက်မွန်းပန်းကို နတ်တန်ခိုးနဲ့စမ်းကြည့်ခဲ့တယ်။ ပန်းက နောက်တစ်ခါ ထပ်ပွင့်တော့မယ်။"
"အဲ့တာချင်းအာအတွက် ကောင်းတဲ့ကိစ္စမဟုတ်ဘူးလား"
"ဟုတ်တယ်။ ဒါပေမဲ့ မက်မွန်ပန်းက ချင်းအာရဲ့ ဝိညာဉ် နဲ့ ဆက်သွယ်နေတယ်။ ပြီးတော့ ပန်းပွင့်ထဲမှာ အရမ်းကြီးမားတဲ စွမ်းအားတစ်ခု ကိန်းအောင်းနေတယ်။ "
![](https://img.wattpad.com/cover/300361883-288-k771635.jpg)
VOCÊ ESTÁ LENDO
ဆယ်မိုင်မြေမှချစ်ပုံပြင် [Completed]
FanficLove story from Ten Miles ပိုင်ချင်းဟာ ချင်ချုံပြည်ရဲ့အငယ်ဆုံးသမီးတော်ဖြစ်ပြီး ဆန်းကြယ်သောမက်မွန်ပန်းမှမွေးဖွားလာသူဖြစ်ပါတယ်။ သူမဟာ မက်မွန်ဆယ်မိုင်မြေမှာဘဲအနေများပြီး ဆယ်မိုင်မြေရဲ့ပိုင်ရှင်နတ်ဘုရားကျီရန်ကို တစ်ဖက်သတ်ချစ်နေမိခဲ့တယ်။ သူမမေ့နေခဲ့တာက...