43

25 2 0
                                    

Unicode

အပြာရောင်အင်္ကျီဝတ်ဆင်ထားသောအမျိုးသမီးလေးက အဖြူရောင်ဝတ်စုံဝတ်ထားသောအမျိုးသားလေး၏ပုခုံးပေါ်သို့ မှီနေသည်။ ထိုအမျိုးသားက နှူတ်မှထုတ်ပြောစရာမလိုသောချစ်ခြင်းတို့ပါဝင်နေသည့် မျက်ဝန်းအစုံတို့ဖြင့် ထိုအမျိုးသမီးငယ်အား ကြည့်နေသည်။ မှီနွဲ့နေသောထိုအမျိုးသမီး၏မျက်နှာတွင်လည်း တစ်လောကလုံးတွင်အပျော်ရွှင်ဆုံးကဲ့သို့အပြုံးမျိုးပြုံးနေလေသည်။ သူတို့နောက်တွင်တော့ သက်တမ်းရင့်ဟန်ရှိပြီး ပင်စည်ကြီးမားလှသော အရွက်၊အကိုင်းအခက်တို့ဝေနေသော မက်မွန်ပင်ကြီးတစ်ပင်ရှိ၏။ အနီးအနားတွင် မက်မွန်ပွင့်များက လေထဲတွင်ဝဲလျက် ကြွေကျနေသည်။ ထိုမြင်ကွင်းကပြည့်စုံလွန်းလှသည်။ ပန်းချီကားတစ်ခုထက်ပိုမိုအသက်ဝင်နေသဖြင့် ကြည့်ရသူများအဖို့ ချစ်သူနှစ်ဦးအတူတူယှဉ်လျက်ထိုင်နေကြသောမြင်ကွင်းတစ်ခုပင်ဖြစ်ပေလိမ့်မည်။ စုတ်ချက်တိုင်းက တိကျပြီး အင်္ကျီအနားသတ်များ၊ လေတွင်လွင့်နေသာဆံစ၊ အညိုရင့်ရောင်မက်မွန်ပင်၏ပင်စည်စသဖြင့် ပန်းချီကားတွင် ပါဝင်သောအရာတိုင်း အလင်းအမှောင်ကျသည်ကအစ အရောင်စပ်သည်အဆုံး သေသပ်လွန်း၏။
 
  ဖူကျင့်သည် ပြည့်စုံလွန်းသောထိုပန်းချီကားအား အတော်လေးသဘောကျနေသည်။ ပန်းချီကားတွင် ပါဝင်သောအခြားအရာများထက် မိမိနှင့်ပိုင်ကျန်း၏ပုံမှာ အသက်ဝင်လွန်းသဖြင့် အထူးနှစ်ခြ်ိုက်နေသည်။ ပိုင်ကျန်းကတော့ မျက်နှာတွင်သဘောကျသည့်အရိပ်အယောင်ပေါ်နေသော်လည်း စိတ်ထဲကတော့ ရင်းနှီးနေသောစုတ်ချက်များကို မြင်ဖူးသလိုလိုရှိလွန်း၍ စဉ်းစားတွေဝေနေသည်။

"ကျန်းကျန်း ရှင်သဘောကျဖူးလား?"

"ကျပါတယ်။ ပန်းချီကားကအရမ်းအသက်ပါလွန်းတယ်။ ပြီးတော့ ဒီစုတ်ချက်ဆွဲနည်းမျိုးကို ရင်းနှီးနေသလိုဘဲ"

"ရှင်လဲပန်းချီဆွဲတာသင်ဖူးတော့ ရင်းနှီးနေတာဖြစ်မှာပါ" ငယ်စဉ်က ပန်းချီဆွဲသင်ဖူးသော်လည်း ပါရမီတော့သိပ်မရှိလှ။ သို့သော် ထိုစုတ်ချက်များကိုတော့ ရင်းနှီးသလိုရှိနေလေသည်။

ဆယ်မိုင်မြေမှချစ်ပုံပြင် [Completed]Tempat cerita menjadi hidup. Temukan sekarang