28

23 3 0
                                    

Unicode

ပတ်ဝန်းကျင်သည် အတိအမှောင်ကျနေသည်။ မိုးခြိမ်းသံများသည် ပတ်ဝန်းကျင်တစ်ခုလုံးတွင် ပဲ့တင်သံထပ်လျက်ရှိပြီး လျှပ်စီးလျှပ်နွယ်တို့က ဝင်းကနဲအရောင်လက်လျက်ရှိသည်။ မိုးရေစက်တို့သည် ပြင်းထန်စွာဖြင့် အမိုးပေါ်သို့ ကျရောက်နေပြီး ပြတင်းစက္ကူများသည် ရေများစိုရွှဲနေသည်။ စောင်ကိုတစ်ကိုယ်လုံးလုံအောင်ခြုံထားသော ပိုင်ချင်း၏ အသက်ရှုသံသည် မိုးသံနှင့်ပြိုင်တူထွက်ပေါ်လာသည်။ ထိုသို့ ရာသီဥတုဆိုးဝါးသောနေ့များသည် သူမအတွက် အျပ်မက်ဆိုးပင်ဖြစ်သည်။ မိုးခြိမ်းသံ…။ ထိုမိုးခြိမ်းသံကို သူမအကြာက်ဆုံး။ ထာဝရရှင်သန်သူဖြစ်သော်ငြား ကောင်းကင်ပေါ်မှထိုအသံသည် သူမအား ငယ်စဉ်ကထဲက ခြောက်လှန့်နေမြဲဖြစ်သည်။ ကလေးအရွယ်ဆိုလျှင် သူမ၏အမေဆီသို့ ပြေးသွားတတ်သည်။ သို့သော် ယခုအခါမှာတော့ မိခင်သည်လည်း အနီးအနားတွင်မရှိပေ။ ထို့ကြောင့် သူမမည်သို့နေရမည်ကို စဉ်းစားရကြပ်နေသည်။ ရုတ်တရက် ခေါင်းထဲတွင် လူတစ်ယောက်ပေါ်လာသည်။ ထိုလူမှာ ယခုနေရာသို့ရောက်စေသည့်အကြောင်းအရင်း၊ ဒီနေရာကိုခေါ်လာသောသူ။
   "ကျီရန်"

အတွေးမဆုံးခင်ပင် သူမသည် ကျီရန်အိပ်နေသောကုတင်ဘေးသို့ ရောက်သွားနှင့်နေပြီ။ ထာဝရရှင်သန်သူများကား အတွေးထက် လက်တွေ့ကပို၍မြန်သည်။ နတ်ဘုရားသည်ကား အိပ်မောကျနေပြီး သူမရောက်လာသည်ကိုပင် သတိမထားမိပေ။

"ကျီရန်  ကျီရန်  ထပါဦး"
သူမအသံကြောင့်နိုးလာပြီး.မျက်လုံးအစုံကို ပွတ်သပ်လိုက်သည်။
"ချင်းအာ..ဘာလဲ? မအိပ်သေးဖူးလား?"

"ကျွန်မကြောက်လို့"

"ကြောက်တယ်! ဘာကိုကြောက်တာလဲ?"

"မိုးခြိမ်းသံ!"

"မင်းကမိုးခြိမ်းသံကိုကြောက်တာလား?"

"ဟုတ်တယ်။ အမိုးပေါ်မှာလဲ မိုးစက်သံတွေက တရစပ်ဘဲ။ ပြီးတော့ လေတိုက်တဲ့အသံကလဲအကျယ်ကြီး။ မိုးခြမ်းသံကလည်း အရမ်းကျယ်ပြီး ခေါင်းနားလေးတောင်ရောက်တော့မလိုဘဲ"
အသံကိုတောင် ဒီလောက်ကြောက်နေလျှင် မိုးကြိုးဒဏ်မျယးခံယူရင် ဘယ်လိုများနေမလဲဟုတွေးလိုက်မိသည်။သို့သော်-

ဆယ်မိုင်မြေမှချစ်ပုံပြင် [Completed]Dove le storie prendono vita. Scoprilo ora