29

34 3 0
                                    

Love Story from Ten Miles-29🌸🌸🌸🌸

“အားကျဲ့..အားကျဲ့..ဒီဘက်မှာ”

"မမ မမကအစွမ်းရှိတော့ ဖမ်းမမိဘူး"

"ကောင်းပြီ။ အဲ့တာဆို အစွမ်းမသုံးဘူး။ မိအောင်ဖမ်း"

အားကျဲ့နှင့်ပိုင်ချင်းသည်  ထိုခြံ၀န်းထဲတွင် လိုက်တမ်းပြေးတမ်းကစားနေသည်။ ကျင့်စဉ်ဆယ်ပါးကိုအောင်မြင်ထားသောသူမသည် ပျော်ရွှင်စွာ ကစားနေပုံမှာ ကလေးသာသာမျှသာဖြစ်သည်။ ကျီရန်သည် ထိုကလေးနှစ်ယောက်ကစားနေသည်ကို စိတ်လိုလက်ရ ကြည့်နေမိသည်။

"ချင်းအာ ကလေးကိုအလျှော့ပေးလိုက်ပါ"

"အလျှော့ပေးလိုက်ရင် ဘယ်လိုလုပ် ပျော်စရာကောင်းတော့မှာလဲ?"

"တော်ပြီ။ သားမောနေပြီ။ မဆော့တော့ဘူး"

"ပြန်တော့မှာလား? အားကျဲ့"

"ဟုတ်။ ဦးလေးပြန်တော့မယ်။ ဒါနဲ့ ကျွန်တော်ပြောခိုင်းတဲ့အကြောင်းပြောပြီးပြီလား?"

"အာ…အဲ့ဒါလား။ ပြောပြီးပြီ"

"မမကဘာပြန်ပြောလဲ?"

"သူကမင်းအရွယ်ရောက်လာရင် စဉ်းစားပေးမယ်တဲ့"

"ဟုတ်။ ကျွန်တော်ကောင်းကောင်းမွန်မွန်နဲ့ အရွယ်ရောက်လာတာကို မမစောင့်နေပါ"

ပိုင်ချင်းမှာမူ ပျော်ရွှင်စွာထွက်သွားသောကလေးအားကြည့်ပြီး နားမလည်ဖြစ်နေသည်။

"ကျီရန် အားကျဲ့ကဘာပြောထားလို့လဲ?"

"အမြီးကိုးချောင်းမြေခွေးတွေရဲ့ညို့ဓာတ်ကနေ ကလေးတောင်မလွတ်မြောက်နိုင်ဘူးဘဲ"

"ရှင်ဘာကိုဆိုလိုတာလဲ?"

"အားကျဲ့က သူကြီးလာရင် မင်းကိုလက်ထက်မယ်တဲ့"

"အားကျဲ့ကတော့တကယ်ဘဲ။ ကျွန်မမှာလက်ထပ်မဲ့သူရှိတယ်လို့ ပြောလိုက်ရမှာ"

"လက်ထပ်မဲ့သူ..မင်းက ဘယ်သူနဲ့လက်ထပ်မှာလဲ?"

သူမပြောချင်သည့်ခံစားချက်များအား ဖွင့်ပြောနိုင်မည့် အခွင့်အရေးသည် သူမဆီသို့ ရောက်ရှိလာလေပြီ။

"ကျွန်မလက်ထက်ချင်တဲ့သူရှိတယ်။ အဲ့တာက..အဲ့တာက..ရှင်ဘဲ ကျီရန်"
ကျီရန်သည် ထိုစကားကြောင့် ပြုံးလိုက်သည်။

ဆယ်မိုင်မြေမှချစ်ပုံပြင် [Completed]Tempat cerita menjadi hidup. Temukan sekarang