9

38 4 0
                                    

Unicode

"ချင်းအာ….ကျင့်စဉ်ကျင့်ရအောင်"

ကျင့်စဉ်ကိစ္စကို ပိုင်ချင်းတစ်ယောက် စိတ်ကုန်စပြုလာသည်။ သို့သော် မလုပ်မဖြစ်လုက်ရမည့်ကိစ္စဖြစ်သည့်အတွက် လုပ်ရပေဦးမည်။

"လောင်ဖုန်းဟွာ…ရှင်ပြော…ဒီတစ်ခါရော ဘာလဲ"

"ဒီတစ်ခါ ဓားကျင့်စဉ်ဘဲ…ဟိုဘက်သွားရအောင်"

မက်မွန်ပင်ကြားများတွင် လမ်းလျှောက်ရင်း ကျင့်စဉ်ကို ရှင်းပြလာသည်။ ကျီရန်သည် ဓားတစ်ချောင်းကို ဖန်းဆင်းလိုက်ပြီး ပိုင်ချင်းအား ပေးလိုက်သည်။

"ရော့ ဒါနဲ့ကျင့်..မင်းအတွက်လုပ်ထားတာ…"
သူမသည် လက်ထဲရောက်လာသောဓားအား စမ်းသပ်ကြည့်နေသည်။

"ရှင်ဘယ်သွားမလို့လဲ..ကျွန်မကို စောင့်ကြည်မနေဘူးလား"

"ငါမက်မွန်ဝိုင် သွားလုပ်ရဦးမယ်…မင်းကို ကြည့်ဖို့ ကျန်းရှောင်ကို လွှတ်လိုက်မယ်"
ကျန်းရှောင်နှင့်သူမအား နီးစပ်နေရန် ဖန်တီးပေးနေခြင်းဖြစ်သည်။ ချင်းအာတစ်ယောက်မှာတော့ မသိရှာ…

ကျန်းရှောင်ရောက်လာပြီး မက်မွန်ဝိုင်သောက်ရင်းဖြင့် သူမအားစောင့်ကြည့်နေလေသည်။ သူမသည် ကြွေကျလာသော မက်မွန်ပန်းလေးများကြားတွင် ဓားတစ်လက်ဖြင့် ကျင့်စဉ်ကျင့်နေသည်။ မက်မွန်ပန်းနှင့်သူမသည် ခွဲခြားမရအောင် လှပလွန်းသည်။

"ပိုင်ချင်း…ငါတို့ ဓားချင်းယှဉ်ကြည့်ကြမလား?"

"ကောင်းပြီ…စမ်းကြည့်ကြတာပေါ့"

ကျန်းရှောင်သည် ဓားတစ်လက်ကို လက်ထဲ၌ ဖန်းဆင်းလိုက်ပြီး စမလှုပ်ရှားသေးဘဲ ချင်းအာ၏ စတင်မှူကိုညစောင့်နေသည်။ သူမသည် လျင်မြန်သောအရှိန်ဖြင့် ဓားဦးကိုရွယ်ကာ ၀င်ရောက်လာသည်။ သိူ့သော် ကျန်းရှောင်သည် လျင်မြန်စွာ ရှောင်လိုက်ပြီး ဓားချက်ကို တန်ပြန်တိုက်လိုက်လိုက်သည်။ မက်မွန်ပင်များကြားတွင် နတ်နှစ်ပါးသည် အချိန်အတော်ကြာ ဓားရေးယှဉ်ပြီးသည်နှင့်-

"မင်းရှုံးပြီ" ကျန်းရှောင်၏ ဓားချက်သည် သူမ၏ လည်ပင်းဆီသို့ ရွယ်ထားသာည်။

ဆယ်မိုင်မြေမှချစ်ပုံပြင် [Completed]Donde viven las historias. Descúbrelo ahora