Unicode
ကျန်းကျန်း မင်းညီမက ငါ့ကိုနောက်ပြောင်သွားသေးတယ်"
"ဘယ်လိုနောက်ပြောင်လို့လဲ"
"နတ်မင်းတွေက ငါတို့နှစ်ယောက်ကို အထင်လွဲသွားကြတယ်။ သူကရှင်းမပြတဲ့အပြင် ခေါင်းပါငြိမ့်လိုက်သေးတယ်"
"အော် လောင်ဖုန်းဟွာ(ဖီးနစ်ကြီး) ခင်ဗျာကဘာမှမရှင်းပြဘဲနေနေလဲ။ ကလေးတယောက်နောက်ပြောင်တာကို ငြိမ်ခံခဲ့ရတာလား"
"မင်းကပါ အပြစ်တင်နေတာလား"
"ကျွန်တော်သာရှိရင် ၀င်ရှင်းပြမှာ။ အခုတော့ နှစ်သုံးသိန်းကျော်နေတဲ့ လောင်ဖုန်းဟွာနဲ့…"
ဘာမှဆက်မပြောတော့ဘဲ မျက်စောင်းသာထိုးလိုက်မိသည်။ ထိုစဉ် အစေခံတယောက်သည် အပြေးအလွှားဖြင့် ရောက်လာလေလေသည်။
"နတ်ဘုရားတိုနဲ့ပါလာတဲ့ နတ်သမီး ဒဏ်ရာရသွားလို့ပါ။""ချင်းအာ"နှစ်ယောက်စလုံးပင် သူမနာမည်ကို ပြိုင်တူ ရေရွတ်မိလိုက်ကြသည်။
သူမဆီရောက်သွားချိန်မှာတော့ သူမက ယုံရှင်း၏လက်မောင်းထဲတွင် လဲလျောင်းလျက်ပင်ရှိသည်။ ကျီရန်သည် သူ၏ တန်ခိုးအချို့ဖြင့် သူမအား စမ်းသပ်ကြည့်လိုက်သည်။"အဆိပ်ကပြင်းတယ်။ မက်မွန်တောကို ပြန်ခေါ်သွားရအောင်"
ကျနိးကျန်းလဲ သူ့ရဲ့ညီမတော်လေးကို ပွေ့ချီရင်း နတ်ဘုရားနစ်ပါးလဲ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။
၅ရက်ကြာပြီးနောက်_
"မယ်တော် ကူးကူးနိုးလာပြီ"
ပိုင်ကွမ်းကွမ်းသည် ဆေးအိုးဆူအောင်စောင့်နေသော သူ့မယ်တော်ကိုလှမ်းပြောလိုက်သည်။
"ကူးကူး၊ နိုးလာပြီလား၊ ဆေးသောက်ရအောင်နော်"အခုမှ အိပ်ရာကနိုးတာ ဆေးသောက်ရမှာတဲ့လား။ သူမသသည် ခါးသောဆေးများကို မုန်းသည်။
"ဖုန်းကျိုး၊ ငါအိပ်ပျော်တာဘယ်နရက်ရှိသွားပြီလဲ""ငါးရက်ရှိပြီ ကူးကူး။ ဖုန်းကျိုးဆေးတိုက်မယ်။
"ဖုန်းကျိုးဆေးကခါးလား""ဆေးကနည်းနည်းတော့ခါးမှာပေါ့။ နည်းနည်းတော့ငည်းခံသောက်လိုက်ပါ ကူးကူး"
"ကူးကူး။ ကျွန်တော်တောင် ဆေးအခါးတွေ သောက်နိုင်သေးတယ်။ သောက်လိုက်ပါကူးကူး"
ကလေးကတော့ပြောနေမှတော့ သူမငြင်းဆန်၍မရ။ သောက်ရပေတော့မည်။
တစ်ဇွန်း ကနေ နှစ်ဇွန်း ကြိုးစားသောက်ရင်စ ဆေးတွေ အကုန်ကုန်သွားသည်။
"ကျီရန်နဲ့အကိုလေးရော ဘယ်သွားနေကြတာလဲ"
ESTÁS LEYENDO
ဆယ်မိုင်မြေမှချစ်ပုံပြင် [Completed]
FanficLove story from Ten Miles ပိုင်ချင်းဟာ ချင်ချုံပြည်ရဲ့အငယ်ဆုံးသမီးတော်ဖြစ်ပြီး ဆန်းကြယ်သောမက်မွန်ပန်းမှမွေးဖွားလာသူဖြစ်ပါတယ်။ သူမဟာ မက်မွန်ဆယ်မိုင်မြေမှာဘဲအနေများပြီး ဆယ်မိုင်မြေရဲ့ပိုင်ရှင်နတ်ဘုရားကျီရန်ကို တစ်ဖက်သတ်ချစ်နေမိခဲ့တယ်။ သူမမေ့နေခဲ့တာက...