Unicode
နတ်ဘုရားကျီရန်လက်ထပ်တော့မည်ဆိုသည့်သတင်းသည် ဘုံးကိုးဘုံတွင် တစ်မုဟုတ်ချင်း ပျံ့နှံ့သွားသည်။ တစ်ချို့ကမူ သတင်းတစ်ခုအဖြစ်သာပြောဆိုပြီး ယုံတစ်ဝက်မယုံတစ်ဝက်ဖြင့်။ လောကီကိစ္စများကို ဖြတ်တောက်ထားသည်ဆိုသောနတ်ဘုရား၏ လက်ထပ်ပွဲမှာ ယုံစရာတော့သိပ်မကောင်းလှပါ။
ထိုနတ်ဘုရားသည်ပင် ချင်ချုံသို့ မကြာခဏ ချင်ချုံသို့ ခြေရောက်ထပ်အောင် လာရောက်နေလေသည်။ အခေါက်တိုင်းတွင် တူညီသည်တစ်ခုက ယခင်ထက်ပြုံးပျော်နေသည့်မျက်နှာထားပင်ဖြစ်၏။ ပိုင်ချင်းသည် သာယာသောနနက်ခင်းတစ်ခုတွင် တောတောင်ရိပ်ထင်ဟပ်နေသောချင်ချုံ၏ရေကန်အလယ်ရှိ တဲငယ်လေးထဲတွင်ထိုင်ကာ အခါးရည်သောက်လျက် မနက်ခင်းကို ဖြတ်သန်းနေသည်။ ထာဝရရှင်သန်သူတစ်ယောက်၏အငွေ့အသက်တစ်ခုသည် ချင်ချုံဂိတ်ပေါက်သို့ဖြတ်သန်းလာသည်ကို သတိထားမိသော်အခါ သူမပြုံးလိုက်မိ၏။
"ကျီရန်..''
မကြာခဏ လာနေသည့် မကြာမီအချိန်တွင် မြေခွေးမိသားစု၏သမက်တော်ရမည့် ထိုနတ်ဘုရားပင် ဖြစ်ဘေသည်။"ချင်းအာ..''သူမ၏နာမည်လေးကို ခေါ်လိုက်ကာ သူမ၏နံဘေးတွင်ဝင်ထိုင်လိုက်၏။
“ကျီရန် မဂ်လာပွဲအတွက် ကျွန်မ စဥ်းစားထားတာတွေရှိတယ်။ ပြီးတော့ ကျွန်မလိုချင်တဲ့လက်ထပ်ပွဲပုံစံရော''
"ဘယ်လိုမျိူးလဲ?''
"ကျွန်မတို့ရဲ့သတင်းက ဘုံကိုးဘုံမှာ တော်တော်လေး ပျံ့နှံ့သွားပြီ။ ဒီလက်ထပ်ပွဲကို လူတွေအများကြီးနဲ့ တစ်ခမ်းတစ်နားမလုပ်ချင်ဘူး။ ကျွန်မရဲ့ဒီပုံစံကိုလည်း လူအများကြီးကို မတွေ့သွားစေချင်ဘူး..”
ကျီရန်က သူမကိုစူးစူးစိုက်စိုက်ကြည့်ကာ
“ဘာလို့လဲ မင်းရဲ့ဒီပုံစံက ငါ့အတွက်ပြည့်စုံလွန်းတယ်”ထိုစကားကိုကြားတော့သူမက မျက်စောင်းထိုးလိုက်ပြီး
“ကျီရန် ကျွန်မက အပြောင်အပျက်ပြောနေတာမဟုတ်ဘူး”“ငါ့ပုံစံက အဲ့လိုပုံပေါက်နေလို့လား?
ထားလိုက်တော့...။ ချင်းအာ မင်းကအဲလိုလက်ထပ်ပွဲမျိုးလိုချင်ရင် ငါဖြည့်ဆည်းပေးမယ်”
KAMU SEDANG MEMBACA
ဆယ်မိုင်မြေမှချစ်ပုံပြင် [Completed]
Fiksi PenggemarLove story from Ten Miles ပိုင်ချင်းဟာ ချင်ချုံပြည်ရဲ့အငယ်ဆုံးသမီးတော်ဖြစ်ပြီး ဆန်းကြယ်သောမက်မွန်ပန်းမှမွေးဖွားလာသူဖြစ်ပါတယ်။ သူမဟာ မက်မွန်ဆယ်မိုင်မြေမှာဘဲအနေများပြီး ဆယ်မိုင်မြေရဲ့ပိုင်ရှင်နတ်ဘုရားကျီရန်ကို တစ်ဖက်သတ်ချစ်နေမိခဲ့တယ်။ သူမမေ့နေခဲ့တာက...