47

28 2 0
                                    

Unicode

ချင်ချုံ၏ရာသီဥတုသည် ပုံမှန်ထက်သာယာနေဟန်ရှိသည်။ ချင်ချုံရှိမြေခွေးအားလုံးနှင့် ပိုင်မိသားစုသည် မင်းသမီလေးပြန်ရောက်လာခြင်းကြောင့် အတော်လေးပျော်ရွှင်နေကြသည်။ ပတ်ဝန်းကျင်တစ်ခွင်ကပင် ပိုပြီးစိမ်းလန်းစိုပြေသယောင်ယောင် ရှိနေသည်။ ပိုင်ဖုန်းကျိုး၊ ပိုင်ချန်နှင့် ပိုင်ကျန်းသည်လည်း ပျောက်ဆုံးသွားသောညီမလေးကိုတွေ့ရန် လူစုံတက်စုံ ရောက်နေကြသည်။

"ညီမငါး မင်းရဲ့ပန်းချီကားကို မြင်ကတည်းက ငါကသံသယရှိမိနေတာ"

ထိုသို့ပြောသော်အခါ ပိုင်ချင်းကမျက်စောင်းလေးထိုးလိုက်ပြီး-
"သေချာလို့လား အကိုလေး။ ညီမလေးရဲ့ပန်းချီကားထက် ယောင်းမလေးဆီဘဲ စိတ်ရောက်နေသလိုဘဲ"

ထိုအခါအကုန်လုံးသဘောကျစွာပြုံးလိုက်ကြပြီး-
"ညီမခြောက် မင်းမရှိတဲ့နှစ်သုံးရာလုံးလုံး အထီးကျန်ဝေဒနာကို ကောင်းကောင်းကုစားနေတာ။ ကွမ်းကွမ်းနဲ့အားလီကတောင် သူရဲ့အကြောင်းတွေငါ့ကိုလာပြောကြသေးတယ်"

"ဒီကလေးတွေက ငါ့အကြောင်းဘာပြောသွားကြတာလဲ?"

"သူတို့ကပြောတယ်။ အကိုလေးကရွှယ်ယင်တောင်မှာနေတာလား။ မြောက်ပိုင်းစံအိမ်မှာနေတာလားတောင် မသဲကွဲတော့ဘူးတဲ့"

"သူတို့ကတကယ်ဘဲအဲ့လိုပြောကြတာလား?"
ပိုင်ချန်၏စကားကြောင့် ပိုင်ကျန်းသည် ရှက်ကိုးရှက်ကန်းဖြစ်သွားလေ၏။

"ဘာလို့အားလီနဲ့ကွမ်းကွမ်းကပါမလာတာလဲ? မမ"

"သူတို့ကအဆော့မက်တယ်။ ကောင်းကင်နန်းတော်ရဲ့နေရာအနှ့ံမှာသွားကစားနေကျတာ"

"သူတို့ပါမလာတာလဲကောင်းပါတယ်။ တကယ်လို့များ သူတို့ကညီမလေးရဲ့ပုံစံကိုတွေ့သွားရင် ထိတ်လန့်နေကြမှာ"

ပိုင်ချင်း၏မျက်နှာညိုးငယ်သွားသည်ကို ပိုင်ချန်ကရိပ်မိပြီး အရှေ့သိ့ကျနေသာ သူမ၏အဖြူရောင်ဆံစများကို သပ်ပေးလိုက်သည်။
"ညီမလေး..မင်းရဲ့ပုံစံဘယ်လိုဘဲရှိနေရှိနေ ကိစ္စမရှိဘူး။ မင်းပြန်ရောက်လာရင် ရပြီ။ မင်းကပိုင်မိသားစုဝင်ဘဲ။ ချင်ချုံကနေဘယ်မှထွက်သွားစရာမလိုဘူး။ မင်းကိုငါတို့က ကာကွယ်ပေးမယ်"

ဆယ်မိုင်မြေမှချစ်ပုံပြင် [Completed]Where stories live. Discover now