55

27 2 0
                                    

Unicode

သူမသည် ရေစိုနေသောအဝတ်အစားများအားလဲရင်းဖြင့် ရေကန်ထဲဆင်းပုန်းနေမိသောမိမိဘာသာမိမိ အပြစ်တင်နေမိသည်။ သူမ၏အဝတ်အစားများကိုဝတ်ဆင်ပြီးသည့်နောက် တစ်စုံတစ်ယောက်က သူမရှိရာသို့လာနေသည်ကို သတိထားမိသည်။ သူမလှည့်ကြည့်လိုက်သော်အခါ လက်တစ်ဖက်တွင်ဝိုင်အိုးများကိုင်ထားသောကျီရန်ကို တွေ့လိုက်ရသည်။ သို့သော်သူမကမည်သည့်စကားမျှမပြောဘဲ တစ်ဖက်သို့လှည့်လိုက်သည်။ ရေကန်ထဲတွင်ဖြစ်ပျက်သွားသော အပြုအမူအတွက် သူမသည် ကျီရန်အား စိတ်ဆိုးမပြေသေးပါ။

"ချင်းအာ မင်းအေးနေတယ်မလား။ လာ..။ ဝိုင်သောက်ရအောင်"

"မသောက်တော့ဘူး။ ရေနွေးဘဲသောက်မယ်"

"ရေနွေးကတည်နေရင် ကြာဦးမှာ"

"ကြာတော့လဲ ဘာဖြစ်လဲ? မီးကူကိုတည်ခိုင်းလိုက်မယ်"

"မီးကူမှမရှိတာ"

"မီးကူက ဘယ်သွားလို့လဲ?"

"မီးကူကို ငါကိစ္စနဲနဲလေးခိုင်းထားတယ်။ တိမ်လွှာနန်းတော်ရယ်၊ ရှောင်ဝူဆီရယ် ဝိုင်ပို့ခိုင်းထားတယ်။ ပြီးတော့ မြောက်ပိုင်းကနေလဲ ပစ္စည်းတစ်ခုသွားယူခိုင်းထားသေးတယ်။ အနဲဆုံးတော့ နှစ်ပတ်လောက်ကြာမှာဘဲ"

"လောင်ဖုန်းဟွာ ရှင်သူ့ကိုတမင်အပြင်ပို့လိုက်တာမလား"

"အမှန်အတိုင်းဝန်ခံရရင်တော့ ဟုတ်တယ်။ တမင်ပို့လိုက်တာ။ ဒါမှ ငါတို့နှစ်ယောက်ထဲရှိနေနိုင်မှာလေ"

"ဟွန်း..ဘယ်သူကရှင်နဲ့တူတူရှိနေမယ်ပြောလို့လဲ?"

သူမသည် ဂူပြင်သို့သွားရန်ခြေလှမ်းပြင်လိုက်၏။ သို့သော် သူမသွားမရအောင် တစ်စုံတစ်ရာက သူမကိုအနောက်မှသိုင်းဖက်ထားလိုက်သည်။

"ကျီရန် ရှင်ဘာလုပ်တာလဲ?"

သူမသည် ကျီရန်၏အနောက်မှနေ၍ဖက်ထားသောလက်များကို ဖယ်ရှားရန်ကြိုးစားလိုက်သည်။ သို့သော် ရုန်း၍မရပေ။

"ငြိမ်ငြိမ်နေ…။ ငါကမင်းကိုအနွေးဓာတ်ပေးနေတာ"

ကျီရန်ပြောသောစကားကို သူမ၏စိတ်ထဲတွင်တော့ဘသဘောကျသည့်တိုင် နှုတ်ကနေတော့ထုတ်၍မပြောဖြစ်။ သို့သော် သူ၏လက်များကိုတော့ ဖယ်ရှားရန်မကြိုးစားတော့ပေ။

ဆယ်မိုင်မြေမှချစ်ပုံပြင် [Completed]Where stories live. Discover now