Unicode
ပိုင်ချင်းသည် သူမရောက်နေသောနေရာကို ပတ်ချာလှည့်ကြည့်လိုက်သည်။ ထူးဆန်းစွာ တောက်ပနေသောပွင့်ဖတ်များကိုသာတွေ့နေရပြီး မက်မွန်ပန်းနံသဲ့သဲ့ကိုသာ ရလေသည်။
ငါဘယ်ရောက်နေတာလဲ•••ထို့နောက်တွင်တော့ တောက်ပနေသာမက်မွန်ပန်းတစ်ပွင့်က ထူးခြားစွာ ထွက်ပေါ်လာသည်။ ပိုင်ချင်းသည် စူးစမ်းလိုစိတ်ဖြင့် ထိုပန်းပွင့်အား ထိကြည့်လိုက်သည်။ မက်မွန်ပန်းသည် လင်းလက်လာပြီး ထူးဆန်းသောစွမ်းအားတစ်မျိုးက သူမ၏ လက်ဖျားမှတစ်ဆင့် နှလုံးသားရှိရာသို့ ဝင်ရောက်သွားသည်။ နားလည်ရန်ခက်ခဲသောပုံရိပ်တစ်ချို့ကိုလည်း သူမမြင်ယောင်လာသည်။ လျှပ်တစ်ပြက်ပေါ်လာသောပုံရိပ်တစ်ခုသည် ကျီရန်…။ ဟုတ်တာပေါ့..သူမှသူဘဲ…။
ကျီရန်သည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်လျက် ဗုဒ္ဓကိုဖူးမျှော်ကာ အဆုံးအမများကို ခံယူနေသည်။ နတ်သမီးငယ်လေးတစ်ပါးသည် မမြင်ကွယ်ရသောနေရာမှ သူ့အား.စူးစိုက်ကြည့်နေလေသည်။ ထို့နောက် ထိုနတ်သမီးလေးသည် သူတော်စင်တစ်ပါးရှိရာသို့ လျင်မြန်စွာပြန့သွားလေသည်။
"အရှင်..ကျွန်မသူ့နောက်ကိုလိုက်သွားချင်တယ်"
ထိုသူတော်စင်သည် ခေါင်းကိုသာတွင်တွင်ခါလျက်-
"တကယ်လို့ မင်းသူ့နောက်ကိုလိုက်ချင်တယ်ဆိုရင် မင်းရဲ့မူလခန္ဓာကိုယ်ကို စွန့်လွှတ်ရမယ်။ မင်းက မက်မွန်ပန်းတစ်ပွင့်သာဖြစ်လို့ မက်မွန်ပင်ကိုစွန့်ခွာသွားမယ်ဆိုရင် ဝိညာဉ်အဖြစ်နဲ့ဘဲ ရပ်တည်နိုင်မယ်""ကျွန်မ..လက်ခံပါတယ်!"
သူတော်စင်က တောင်ဝှေးကိုဝှေ့ရမ်းလိုက်သော်အခါ ထိုနတ်သမီးသည် ဝိညာဉ်အသွင်ပြောင်းလဲသွားပြီး ကျီရန်၏နောက်သို့ ကောက်ကောက်ပါအောင်လိုက်သွားလေသည်။ သို့သော် ကျီရန်ကမူ ထိုဝိညာဉ်အားမမြင်ရပေ။
"ဟေ့..ရှင်အိပ်ပျော်သွားတာလား?"
အိပ်ပျော်နေသောသူ့အား သူမက လှုပ်နှိုးနေသည်။ သူမသည် ပြုံးရွှင်စွာဖြင့် အိပ်ပျော်နေသောခန္ဓာကိုယ်ထဲမှဝိညာဉ်တစ်ဝက်ကိုနှုတ်ယူလိုက်ပြီး မက်မွန်ပန်းပွင့်ထဲသို့ ထည့်လိုက်သည်။
BẠN ĐANG ĐỌC
ဆယ်မိုင်မြေမှချစ်ပုံပြင် [Completed]
FanfictionLove story from Ten Miles ပိုင်ချင်းဟာ ချင်ချုံပြည်ရဲ့အငယ်ဆုံးသမီးတော်ဖြစ်ပြီး ဆန်းကြယ်သောမက်မွန်ပန်းမှမွေးဖွားလာသူဖြစ်ပါတယ်။ သူမဟာ မက်မွန်ဆယ်မိုင်မြေမှာဘဲအနေများပြီး ဆယ်မိုင်မြေရဲ့ပိုင်ရှင်နတ်ဘုရားကျီရန်ကို တစ်ဖက်သတ်ချစ်နေမိခဲ့တယ်။ သူမမေ့နေခဲ့တာက...