60 _ ဇာတ်သိမ်းပိုင်း

120 4 0
                                    

Unicode

သေမျိုးနယ်ပယ်တို့၏၀တ္ထုများထဲတွင် မရေးသားထားသောနေရာတစ်ခုသည် ဘုံကိုးဘုံဖြစ်သည်။ ထိုဒဏ္ဍာရီသဖွယ်တည်ရှိနေသောနေရာတွင်လည်း ဒဏ္ဍာရီတစ်ခုရှိနေသေးသည် ။ ဆယ်စုနှစ်ဆိုသောအချိန်တစ်ခုဖြစ်သည့်အတွက် ဒဏ္ဍာရီဟု၍တော့ မဆိုသာ။ အချိန်ကာလကိုသုံးသပ်ပြီးပြောရလျှင် ပုံပြင်တစ်ပုဒ်သဖွယ်ဖြစ်သည်။ ကောင်းကင်နန်းတော်၏အစေခံများကြားတွင်လည်း ထိုအကြောင်းကို တီးတိုးပြောတတ်ကြသည်။ လေးပင်လယ်တွင်လည်း ထိုပုံပြင်ကို ပြောတတ်ကြသည်။ ဘုံကိုးဘုံတွင်တော့ ထိုပုံပြင်သည် စကား၀ိုင်းများတွင် နားထောင်သူစိတ်၀င်စားအောင်ပြောသော အကြောင်းအရာတစ်ခုသာသာဖြစ်ပေသည်။

ကျူ့ရှန့်တွင်း၏လှေကားထစ်များတွင် အဖြူ၇ရာင်၀တ်စုံကို ၀တ်ဆင်ထားသော အမျိုးသားတစ်ယောက် စိိတ်ပျက်လက်ပျက်ဖြင့် လက်ရန်းကိုမှီ၍ ထိုင်နေသည်။ အ၀တ်အစားမှာ ကပိုကသီဖြစ်နေသည့်အပြင် ဆံပင်များက အနည်းငယ်ပွနေသည်။ သူရှေ့တွင် ၀ိုင်အိုးတစ်လုံးကို ချထားသည်။ သူ၏မျက်နှာတွင် အသက်မရှင်ချင်သော အရိပ်အယောင်၊မျှော်လင့်ချက်ကင်းမဲ့နေသော အရိပ်အယောင်တို့ဖြင့် ပြည့်နှက်နေသည်။ သူသည် ၀ိုင်အိုးကိုယူကာ အားရပါးရမော့ချလိုက်သည်။ ထို့နောက် အသက်မပါသောအကြည့်မျိုးဖြင့် ကျူ့ရှန့်ကို စိုက်ကြည့်နေသည်။

ထိုစဥ်တွင် ၀တ်ရုံခရမ်းရောင်၀တ်ဆင်ထားသော လူတစ်ယောက်သည် ထိုသူရှိရာသို့ ဦးတည်လာသည်။ တိမ်စကဲ့သို့ဖြူစွတ်နေသောဆံနွယ်များ ၊ ခရမ်းရောင်ဇစ်ထောင်ပန်းကဲ့သို့သော ခရမ်းရောင်၀တ်ရုံ၀တ်ဆင်ထားသောသူသည် သုံးလောက၏အရှင် သုံဟွာသီကျွင်းပင်ဖြစ်သည်။ သီကျွင်းသည် အေးတိအေးစက်မျက်နှာထားဖြင့် လျှောက်လာကာ လှေကားတွင်ထိုင်နေသောထိုသူအားကြည့်လိုက်သည်။

"ဆယ်နှစ်ကြာသွားခဲ့ပြီ။ ဖီးနစ်နတ်ဘုရားက နောက်ဆုံးတော့ အပြင်ထွက်လာပြီဘဲ"

"သုံဟွာသီကျွင်း!"
ထိုသူသည် ၀ိုင်အိုးကိုမော့သောက်ရင်း ပြောလိုက်သည်။

"ဒီနေ့က ဒီနေရာကနေ သူထွက်သွားတာ ဆယ်နှစ်ပြည့်တဲ့နေ့ဘဲ"

သီကျွင်းသည် သူခရမ်းရောင်၀တ်ရုံအနားစကို ခါလိုက်ပြီး ကျီရန်ဘေးတွင် ၀င်ထိုင်လိုက်သည်။

ဆယ်မိုင်မြေမှချစ်ပုံပြင် [Completed]Where stories live. Discover now