50

26 2 0
                                    

Unicode

"ကျီရန်နတ်ဘုရား ကျီရန်နတ်ဘုရား..!!!"
တစ်စုံတစ်ယောက်က သူ၏နာမည်ကို ဟစ်အော်လျက် ဆယ်မိုင်မြေထဲသို့ ရေးကြီးသုတ်ပျာဖြင့်ပြေးဝင်လာသည်။ အပြေးအလွှားရောက်လာသောဧည့်သည်ကို လှည့်ကြည့်လိုက်သောအခါ တော်ဝင်မြေးတော်အားလိီ်ဖြစ်နေသည်။ သူ၏ပုံစံကိုကြည့်ရသည်မှာ ပြသနာတစ်ခုခုဖြစ်လာဟန်ပုံပေါ်ပြီး မောဟိုက်နေသည်။
"ပြသာနာတက်ပြီ ကျီရန်နတ်ဘုရား!!"

"အားလီ ဘာကိစ္စဖြစ်လာတာလဲ?"

"ကူးကူး…သူကကောင်းကင်နန်းတော်ကိုအလည်လာရင်း မိစ္ဆာမှတ်ပြီး ဖမ်းသွားကြတယ်"

"ဘာ!!!"

"ငါလိုက်ခဲ့မယ်"

ကျီရန်သည် အားလီကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ကောင်းကင်နန်းတော်ရှိရာသို့ အလျင်အမြန်ထွက်သွားလေ၏။ ကောင်းကင်နန်းတော်ဆီသို့ရောက်သော်အခါ မည်သူ့ထံ၌ အကူအညီတောင်းရမည်ကို ကောင်းစွာသိလေ၏။ ဖြောင့်ဖြောင့်တန်းတန်းပင် ထိုက်ချန်နန်းတော်ရှိ သုံဟွာသီကျွင်းဆီသို့ သွားလေသည်။ သီကျွင်းက ရေကန်ဘေးတွင် ထိုင်ကာ ကျမ်းစာတစ်စောင်ကို ဖတ်နေသည်။ အလောတကြီးဝင်ရောက်လာသောကျီရန်ကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်ရင်း-
"ကျီရန်နတ်ဘုရား ဘာတွေများအရေးတကြီးကိစ္စရှိနေလို့လဲ?"

"သီကျွင်း ငါမင်းကိုအကူအညီတစ်ခုတောင်းချင်လို့"

"ကျီရန်က တော်ရုံဆို သူများတွေဆီက အကူအညီမတောင်းဖူးဘူး။ အခုလိုရောက်ပုံထောက်ရင် အရေးကြီးတဲ့ကိစ္စဖြစ်ရမယ်။ ဘာများလဲ? ပြောပါ။"

"ကောင်းကင်မင်းကြီးကို ပြောပေးပါ။ ဖမ်းထားတဲ့မိန်းကလေးကိုလွှတ်ပေးဖ်ို့။ သူကမိစ္ဆာမဟုတ်ဘူး"

"လတ်စသတ်တော့ ကျီရန်နတ်ဘုရားက မိန်းကလေးတစ်ယောက်ကို လွှတ်ပေးဖို့လာပြောပေးတာ။ ဒါပေမဲ့ ဒီရက်တွေမှာ မိန်းကလေးတစ်ယောက်ကို ဖမ်းထားတယ်လို့ ငါမကြားမိဘူး။ ပြီးတော့ ကောင်းကင်နန်းတော်ကို မိစ္ဆာတွေရောက်လာတယ်လို့လဲမကြားမိဘူး"

"ဒါပေမဲ့ မင်းစုံစမ်းကြည့်ပါဦး။ အဲ့မိန်းကလေးက အခုလောက်ဆိုရင်…"

ဆယ်မိုင်မြေမှချစ်ပုံပြင် [Completed]Onde histórias criam vida. Descubra agora