51

26 2 0
                                    

Unicode

ပိုင်ချင်းစကားပြန်ပြောသည့်အချိန်မှစ၍ နတ်ဘုရားကျီရန်သည် အကြောင်းအမျိုးမျိုးပြ၍ ချင်ချုံသို့ လာရောက်နေတတ်သည်။ တစ်ခုတစ်ရံ၌ မက်မွန်ဝိုင်းအိုးများပေးခြင်းဖြင့်လည်းကောင်း၊ ဆေးများပေးခြင်းဖြင့်လည်းကောင်း အကြောင်းရှာကာလာတတ်သည်။ တစ်နေ့တွင်တော့ ပိုင်ချင်းသည် သူမမိခင်၏စေခိုင်းမှုတစ်ခုကြောင့် ချင်ချုံသို့ ရောက်လာလေသည်။
"ကျီရန်…ကျီရန်…"

သူမက နတ်ဘုရား၏နာမည်ကိုခေါ်၍ လိုက်ရှာကာနေ၏။ အပြင်ဘက်တွင် မတွေ့သောကြောင့် အိမ်အတွင်းသို့ ဝင်ကြည့်လိုက်သော်အခါ-
"ကျီရန်!!! ရှင်ဘာလုပ်တာလဲ!!!"

ကျီရန်သည် အပေါ်ပိုင်းရှိအဝတ်များကိုချွတ်ပြီး ဓားမြှောင်တစ်လက်ဖြင့် ရင်ဘတ်သို့ထိုးသွင်းရန် ဟန်ပြင်နေသည်။ ထိုပုံစံကိုမြင်ပြီး ချင်းအာတစ်ယောက်အတော်လေးထိတ်လန့်သွားသည်။ ထို့ကြောင့် ကျီရန်ရှိရာသို့ ပြေးသွားကာ သူ၏လက်ထဲမှဓားကို လုယူလိုက်သည်။ ရုတ်တရက်ပြေးဝင်လာသောပိုင်ချင်းက သူ၏လက်ထဲဓားကို လုယူလိုက်သဖြင့် အရှိန်မထိန်းနိုင်ဖြစ်ကာ အနီးရှိအိပ်ရာပေါ်သို့ အတူတူလဲကျသွားကြသည်။ အရှိန်ဖြင့်ပြေးဝင်လာသောပိုင်ချင်းက်ို အပေါ်မှနေ၍ အုပ်မိုးသွားသလိုဖြစ်သွားသဖြင့် သူမနှင့်ကျီရန်မှာ အတော်လေးနီးကပ်သွား၏။ သူမ၏လက်က ဓားကိုင်ထားသောကျီရန်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားသည်။ ထိုသို့ နီးစပ်သွားသောအခြေအနေလေးတွင် နှစ်ယောက်သား အကြည့်ချင်းဆုံ၍ စွံ့အသွားကြသည်။ ဖြူဖွေးသောအတွင်းသားများကလှစ်ဟာသွား၍ သူမနှင့်အတော်လေးနီးကပ်သွားသဖြင့် နှလုံးခုန်သံပင် ကြားရသယောင်ယောင်။ သူမက ကျီရန်၏နားတွင် အချိန်အတော်ကြာနေဖူးသဖြင့် ပုံစံအမျိုးမျိုးကိုတွေ့ဖူးသော်လည်း ယခုကဲ့သို့ အပေါ်ပိုင်းဗလာကျင်းပုံစံကိုတော့ တစ်ခါမှမမြင်ဖူးပါ။ ထို့ကြောင့် သူမကြားနေရသည်က သူမ၏နှလုံးခုန်သံလား၊ လောင်ဖုန်းဟွာ၏နှလုံးခုန်သံလားဆိုတာပင် မသဲကွဲအောင် စိတ်လှုပ်ရှားနေ၏။ ထိုသို့ တိတ်ဆိတ်ပြီး ရင်ခုန်ဖွယ်ကောင်းသောအချိန်တွင် မမျှော်လင့်ထားသောဧည့်သည်က ဖွင့်ထားသောတံခါးမကြီးကိုဖြတ်ကျော်ပြီး အိမ်ထဲသို့ ဝင်ရောက်လာသည်။ အိပ်ရာပေါ်မှ အကြင်သူနှစ်ယောက်သည် အသံလာရာသို့ ပြိုင်တူလှည့်ကြည့်လိုက်ကြ၏။ ရောက်လာသောသူက မင်းသားသုံး လန်ရှန်း။

ဆယ်မိုင်မြေမှချစ်ပုံပြင် [Completed]Donde viven las historias. Descúbrelo ahora