Unicode
"အကိုလေး အကိုလေးကတကယ်ဘဲ အလိုက်မသိတာဘဲ။ ဘာလို့နှင်ထုတ်တိုင်း ထွက်လာရတာလဲ?"
"သူကနှင်ထုတ်နေတာကို နေနေရဦးမှာလဲ?"
"ဘာဘဲဖြစ်ဖြစ် ပေကပ်နေနေရမှာဘဲလေ"
ဘေးနားတွင် တောက်လျှောက်လိုက်လာပြီးစကားများနေသောညီမဖြစ်သူအား ကြည့်လိုက်ပြီး ပိုင်ကျန်းတစ်ယောက်ပြုံးလိုက်မိသည်။
"ချင်းအာ မင်းကငါနဲ့မတွေ့ဖြစ်တဲ့အတောအတွင်း တော်တော်စကားများလာတာဘဲ"
ပိုင်ချင်းသည် အကိုဖြစ်သူ၏မျက်နှာအား စေ့စေ့ကြည့်လိုက်ပြီး-
"အကိုလေး…ညီမလေး ပွင့်ပွင့်လင်းလင်းဘဲမေးမယ်။ အကိုလေးက ယဲ့ရှင်းကို သဘောကျနေတာမလား?""မကျဘူး" ပိုင်ကျန်းသည် လျင်မြန်စွာ ငြင်းဆန်လိုက်သည်။
"အကိုလေး ချင်းအာကိုညာဖိူ့ မကြိုးစားနဲ့။ အကိုလေးအကြောင်းကို ကောင်းကောင်းသိတယ်"
ပိုင်ကျန်းမှာမူ ဘာမှပြန်မဖြေဘဲ နှုတ်ဆိတ်နေသည်။"ကျန်းကျန်း!"
ညီမဖြစ်သူထိုသို့ခေါ်လိုက်လျှင် သူ့မှာ ငြင်းဆန်၍မရတော့ပြီဖြစ်သည်။
"ဟုတ်တယ်...ငါ…နဲနဲ..နဲနဲတော့သဘောကျနေတယ်"
ပိုင်ချင်းသည် ပြုံးလိုက်ပြီး-
"ချင်းအာသိသားဘဲ။ အကိုလေးရဲ့အပြုအမူတွေကြည့်ရုံနဲ့ အကိုလေးရဲ့စိတ်ကို ကောင်းကောင်းခန့်မှန်းနိုင်တယ်။""ဒါနဲ့ အဲ့တာကို ယဲ့ရှင်းကောသိလား?"
"မသိဘူး"
"ချင်းအာ ကူညီပေးမယ်"
"မင်းက ဘယ်လိုကူညီမှာလဲ?"
"ချင်းအာက…"
"မင်းတို့နှစ်ယောက်ဘာတွေပြောလာကြတာလဲ?"
ဆူညံသံများကြောင့် အိမ်ထဲမှနေ၍ကျီရန်ထွက်လာသည်။
"လောင်ဖုန်းဟွာ ဒါကလူငယ်တွေရဲ့ကိစ္စပါ။ ရှင်သိစရာမလိုဘူး"
"အော် လူငယ်တွေရဲ့ကိစ္စလား? အဲ့တာဆိုငါလဲ လူကြီးရဲ့ကိစ္စကိုပြောမယ်။ ချင်းအာ နောက်ကျင့်စဉ်တစ်ခုကိုတက်ရအောင်"
YOU ARE READING
ဆယ်မိုင်မြေမှချစ်ပုံပြင် [Completed]
FanfictionLove story from Ten Miles ပိုင်ချင်းဟာ ချင်ချုံပြည်ရဲ့အငယ်ဆုံးသမီးတော်ဖြစ်ပြီး ဆန်းကြယ်သောမက်မွန်ပန်းမှမွေးဖွားလာသူဖြစ်ပါတယ်။ သူမဟာ မက်မွန်ဆယ်မိုင်မြေမှာဘဲအနေများပြီး ဆယ်မိုင်မြေရဲ့ပိုင်ရှင်နတ်ဘုရားကျီရန်ကို တစ်ဖက်သတ်ချစ်နေမိခဲ့တယ်။ သူမမေ့နေခဲ့တာက...