Unicode
ချင်းအာသည် မက်မွန်ပင်အောက်တွင် ရှင်သန်ခြင်းကျင့်စဉ်ကို ကျင့်နေသည်။ သူမသည် ကျင့်စဉ်ကျင့်နေရသော်လည်း စိတ်အစဉ်သည် သေမျိုးနယ်ပယ်တွင်ရှိသော အကိုထဲသို့သာရောက်နေသည်။ ယခုအချိန်ဆိုလှင် အကိုလေးနှင့်ယဲ့ရှင်းတို့ အဆင်မှပြေကြပါ့မည်လား…။
သူမသည် ထိုအကြောင်းကိုစဉ်းစားနေ၍ ကျင့်စဉ်မှာ ပြောထားသည့်အတိုင်းမဖြစ်ဘဲ အစဉ်မတည့်ဖြစ်နေသည်။ ရုတ်တရက်ဆိုသလိုပင် သူမသည် စွမ်းအားများလျော့ပါးသလို ခံစားလာရပြီး ရင်ဘတ်ထဲမှ နာကျင်လာသည်။ သို့သော် ကြာရှည်ခံနိုင်ရည်မရှိ၍ သွေးများအန်ကျလာသည်။
"သွေးတွေ…"
သူမသည် နှုတ်ခမ်းတွင်ပေကျံနေသောသွေးများကို အကျီလက်ဖြင့် သုတ်လိုက်သည်။ ကျင့်စဉ်ဆက်ကျင့်လျှင် သူမပို၍ထိခိုက်နိုင်သည်။ သို့သော် ကျီရန်ကိုပြော၍မဖြစ်ပါ။ သူမသည် သေမျိုးနယ်ပယ်သို့ဆင်း၍ အကိုလေးတို့၏အချစ်ဇာတ်လမ်းသည် စီစဉ်ထားသည့်အတိုင်းမဖြစ်၍ အစွမ်းသုံးကာ စွက်ဖက်ခဲ့ခြင်းဖြစ်သည်။ နတ်များသည် လူသားများ၏ ကံကြမ္မာတွင် ဝင်ရောက်စွက်ဖက်လျှင် ကိုယ်တိုင်လဲ ထိခိုက်တတ်သည့်အလျောက် သူမ၏ကိုယ်တွင်းတွင် ဒဏ်ရာရထားလေသည်။ ကျီရန်ကိုပြောလျှင်လည်း သေချာပေါက်အဆူခံရမည်သာဖြစ်၍ ဝေဒနာကို ကြိတ်မှိတ်ကာ ကျင့်စဉ်ကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။"ချင်းအာ…ဘယ်လိုလဲ ရပြီလား"
သူမသည် ခွန်းတုံ့မပြန်ဘဲ ကျင့်စဉ်ကိုသာကျင့်နေသည်။ သို့သော် ကိုယ်တွင်းကစွမ်းအားများ၏ဒဏ်ကို ကြာရှည်ခံနိုင်စွမ်းမရှိတော့ပါ။"ကျွန်မရပြီ"
သူမသည် နောက်ဆုံးအဆင့်ကို အောင်မြင်သွားလေသည်။"ကောင်းတယ်…နောက်တစ်ခေါက်လောက်ထပ်လုပ်ပြ"
သို့သော် ယခုတစ်ကြိမ်တော့ ဆက်၍ဟန်မဆောင်နိုင်တော့ဘဲ သွေးများထပ်၍အန်ကျလာသည်။
"ချင်းအာ!"
သူမ၏ခန္ဓာကိုယ်သည် လဲကျလုနီးပါးဖြစ်သွားသည့်အတွက် ကျီရန်သည် လျင်မြန်စွာထိန်းပေးလိုက်သည်။"မင်းဘာဖြစ်တာလဲ?"
လက်တစ်ဖက်ဝှေ့ယမ်းလိုက်ပြီး စမ်းသပ်ကြည့်လိုက်ပြီးနောက်-
"မင်းကိုယ်တွင်းကစွမ်းအားက ဘာလို့အဲ့လောက်နည်းနေတာလဲ? မင်းဘာလုပ်ထားတာလဲ?"
CZYTASZ
ဆယ်မိုင်မြေမှချစ်ပုံပြင် [Completed]
FanfictionLove story from Ten Miles ပိုင်ချင်းဟာ ချင်ချုံပြည်ရဲ့အငယ်ဆုံးသမီးတော်ဖြစ်ပြီး ဆန်းကြယ်သောမက်မွန်ပန်းမှမွေးဖွားလာသူဖြစ်ပါတယ်။ သူမဟာ မက်မွန်ဆယ်မိုင်မြေမှာဘဲအနေများပြီး ဆယ်မိုင်မြေရဲ့ပိုင်ရှင်နတ်ဘုရားကျီရန်ကို တစ်ဖက်သတ်ချစ်နေမိခဲ့တယ်။ သူမမေ့နေခဲ့တာက...