42

30 2 0
                                    

Unicode

ကျီရန်သည် ဧည့်ခန်းမဆောင်ထဲတွင် ထိုင်ကာ နတ်သမီးဖူကျင့်အလာကို စောင့်နေလေသည်။ ခဏကြာသော်အခါ ဖူကျင့်သည် အပြာရောင်ပဝါစလေးများတွဲကျနေသောဝတ်စုံက်ိုဝတ်ဆင်ကာ ထွက်လာလေသည်။ သူမက ကျီရန်အား တွေ့သော်အခါ ဦးညွှတ်ကာ နှုတ်ဆက်လိုက်သည်။
"ကျီရန်နတ်ဘုရား"

"ကျန်းကျန်းက ကလေးနှစ်ယောက်ကဒီမှာရှိတယ်လို့ပြောတယ်။ သူတို့နှစ်ယောက်ကိုခေါ်ခိုင်းလိုက်တယ်။ ချင်ချုံမှာ သူကစောင့်နေတယ်"

"ဟုတ်ကဲ့ နတ်ဘုရား။ ကျွန်မ သူတို့ကိုခေါ်ပေးပါ့မယ်"

ကျီရန်သည် ခေတ္တခဏမျှ ထိုင်စောင့်နေလိုက်သည်။ထို့နောက် နတ်သမီးဖူကျင့်က ကလေးနှစ်ယောက်အားခေါ်ကာ ပြန်ရောက်လာသည်။

"ကျီရန်နတ်ဘုရား"
ကလေးနှစ်ယောက်က လိမ္မာသိတတ်စွာ အရိုအသေပေးလိုက်သည်။

"မင်းတို့တော်တော်ဆော့နေကြသေးလား?"

"ကျွန်တော်တို့က အရမ်းမဆော့ပါဘူး။ ရွှယ်ယင်တောင်ကို ပတ်ကြည့်ရုံလောက်တင်ပါ"

ကျီရန်က ပြုံးလိုက်ပြီး -

"ကောင်းပြီ ကောင်းပြီ။ မင်းတို့ဦးလေးလေးကစောင့်နေပြီ။သွားရအောင်"

ကလေးနှစ်ယောက်သည် မပြန်ခင် နတ်သမီးဖူကျင့်အားနှုတ်ဆက်လိုက်လေသည်။

"ကျွန်တော်တို့ ပြန်လိုက်ပါဦးမယ်"

"ကောင်းပြီ။ နောက်တစ်ခါလာမှာကို မျှော်နေမယ်"

သုံးယောက်သားပြန်ထွက်သွားသော်အခါ အစေခံတစ်ယောက်ရောက်လာပြီး
"သခင်မ တံခါးဝမှာ မိစ္ဆာတစ်ကောင်ဖမ်းမိထားတယ်"

"မိစ်ဆာ…"

"ဟုတ်ကဲ့"

"ကောင်းပြီ။ အခုဖမ်းထားလိုက်ကြ။ နောက်နေ့ကျမှ ပြန်လွှတ်သင့် မလွှတ်သင့် ဆုံးဖြတ်လိုက်မယ်"

ဖူကျင့်သည် အနည်းငယ်တော့ အံ့သြမိသွားသည်။ ပုံမှန်ဆိုလျှင် နတ်ဘုရားများသာရောက်လာတတ်ပြီး မိစ္ဆာတစ်ကောင်မျှ ကျူးကျော်မလာဖူးခဲ့။ သို့သော် မင်္ဂလာပွဲနီးနေသည်ဖြစ်၍ လုပ်စရာကိစ္စများ များပြားသောကြောင့် ထိုကိစ္စအား မေ့မေလျောလျောဖြစ်သွားလေသည်။

ဆယ်မိုင်မြေမှချစ်ပုံပြင် [Completed]Donde viven las historias. Descúbrelo ahora