41

36 2 0
                                    

Unicode

ပိုင်ချင်းသည် မိစ္ဆာနယ်မြေမှ ထွက်လာပြီးနောက် ရွှယ်ယင်တောင်တန်းဆီသို့ ဦးတည်၍လာခဲ့သည်။ ရွှယ်ယင်တောင်ခြေသို့ ရောက်သော်အခါ ပတ်ဝန်ကျင်းအလှကို တစ်ချက်ကြည့်ရှုလိုက်သည်။ မျက်စိတစ်ဆုံး အစိမ်းရောင်မြက်ခင်းများ၊ ပန်းမန်များဖြင့် လှပသာယာနေပြီး မနီးမဝေးတွင် ကြည်လဲ့နေသောရေကန်ငယ်တစ်ခုလည်းရှိသည်။ အချိန်အနည်းငယ်မျှ ထိုလှပသောမြင်ကွင်းကို ရပ်၍ကြည့်နေမိသည်။ အဘယ့်ကြောင့်ဆိုသော် မိစ္ဆာနယ်မြေတွင် နေခဲ့ရသည့်တစ်လျှောက် မှုန်ပြပြမီးခိုးငွေ့များနှင့် အညိုရောင်မြေကြီးကိုသာတွေ့ခဲ့ရ၍ ယခုကဲ့သို့မြင်ကွင်းမျိုးကို မမြင်ရသည်မှာ အတော်ကြာလေပြီ။ သဘာဝရှုခင်းသည် သူမအားလန်းဆန်းသွားစေသည်ဟုထင်သည်။ ပန်းရနံတို့ထုံမွှန်းနေသောလေကို ရှုရှိုက်လိုက်ပြီးနောက် တိမ်လွှာနန်းတော်ရှိရာ တောင်ထိပ်သို့ မော့ကြည့်လိုက်သည်။ တိမ်လွှာနန်းတော်သည် ရွှယ်ယင်တောင်တန်းများ၏ အမြင့်ဆုံးတောင်တစ်လုံး၏ ထိပ်တွင်တည်ရှိပြီး တိမ်များက ဝန်းရံနေသည်။ တိမ်လွှာနန်းတော်က အစောင့်အကြပ်များသည်ဟု နာမည်ကြီးသောကြောင့် မည်သည့်နည်းဖြင့် ဝင်ရမည်ကို စဉ်းစာရကြပ်နေသည်။ ယခင်ကဆိုလျှင်တော့ အစောင့်များမသ်ိအောင် ဝင်နိုင်သည်ဖြစ်သော်လည်း ယခုအခါတွင် အစွမ်းများမှာ မရှိသလောက်နည်းနေပြီဖြစ်၍ မည်သူမျှမသိအောင် ခိုးဝင်ရန်မဖြစ်နိုင်။ သူမစဉ်းစားနေခိုက် မွှေးပျံ့ပြီးရင်နှီးနေသောအနံ့တစ်ခုက်ို ရလိုက်သည်။ မြေခွေးမျိုးနွယ်များသည် နားကောင်းရုံသာမက အနံ့ခံစွမ်းရည်မှာလည်း ဘုံကိုးဘုံတွင် ပြိုင်ဖက်ကင်းပေးသည်။ အပေါ်သို့ မော့ကြည့်လိုက်သော်အခါ တစ်စုံတစ်ယောက်သည် ဖီးနစ်ဌက်တစ်ကောက်ကိုစီးနင်းရင်း ဖြတ်သန်းသွားသည်။ မမျှော်လင့်ထားသောမသိစိတ်လာသည့်နာမည်တစ်ခုသည် ပါးစပ်ဖျားမှ လွှတ်ခနဲ ထွက်သွားသည်။
         "ကျီရန်•••"

တိမ်လွှာနန်းတော်ထဲသို့ မည်သို့ခိုးဝင်ရမည်ကိုပင် မစဉ်းစားမိတော့ဘဲ အနောက်မှလိုက်သွားမိသည်။ ထိုသူက သူမနှစ်သုံးရာလုံးလုံး သတိရနေခဲ့ရသောသူ…။ ထိုသူဖြတ်သွားသည်ကို မြင်သော်အခါ အဘယ်သို့အနောက်မှမလိုက်နိုင်ဘဲနေမနည်း…။ မသိစ်ိတ်ကပင် အနောက်ကလိုက်သွား၍ တိမ်လွှာနန်းဆောင်ထဲသို့ ရောက်နှင့်ပြီးဖြစ်နေပြီ။ မသိအောင် ခြေသံဖော့ဖော့လေးဖြင့် အနောက်မှအသာလိုက်သွားလေသည်။ ထိုသူ၏ ကိုယ်နေဟန်ထား၊ အင်္ကျီ၊ ဆံပင်၊ လက်ချောင်းလေးများအထိ ယခင်ကဲ့သို့ မပြောင်းမလဲရှိနေသည်။ သူမသည် ထိုသူအား ကြည်နေရင်းဖြင့်ပင် ထပ်ခါထပ်ခါ ကြည့်ချင်နေမိသည်။ နှစ်သုံးရာအလွမ်းက လွယ်လွယ်နှင့်ဘာပြေပါ့မလဲ…။  တစ်လှမ်း၊ နှစ်လှမ်း၊ သုံးလှမ်း၊ ခြေလှမ်းပေါင်းများစွာ ထိုသူ၏နောက်သို့ လိုက်နေမိသည်။ ထိုသို့ လိုက်နေရင်းဖြင့် တစ်စုံတစ်ယောက်ကအနောက်မှနေ၍ သူမအား လှမ်းဆွဲလိုက်သည်။ ရုတ်တရက်ဖြစ်သည်မို့ သူမလည်း လန့်သွားပြီး အနောက်သို့ လှည့်ကြည့်လိုက်သော်အခါ အစောင့်တစ်ယောက်နှင့်သူ၏နောက်မှလှံတံရှည်ကိုကိုင်ဆောင်ထားသော အစောင့်များစွာက သူမအား ဝန်းရံထားသည်ကိုတွေ့လိုက်ရသည်။ သတိ၀င်လာပြီးသူမ၏ပခုံးတစ်ဖက်အား ကိုင်ထားသောလက်ကို ဖယ်လိုက်သည်။ ထိုအစောင့်က လှံတံဖြင့် သူမ၏ဦးထုပ်အား ဆွဲလှန်လိုက်ပြီး ဦးထုပ်သည် လသာဆောင်မှ တိမ်များကြားတွင် ပျောက်ကွယ်သွားသည်။ ကျီရန်သူမ၏မျက်နှာအားမြင်မည်စိုး၍ စိုးထိတ်သွားသည်။ သူမ၏အသွင်အပြင်ကိုတွေ့လိုက်သော်အခါ အစောင့်များက ထိတ်လန့်သွားကြသည်။ ချက်ချင်းဆိုသလို သူမအား စတင်တိုက်ခိုက်လေတော့သည်။ ပုံမှန်ဆိုလျှင် ပြန်လည်တိုက်ခိုက်မည်ဖြစ်သော်လည်း ကျီရန်ရှိ၍ သူမအား သတိထားမည်စိုး၍ ဒီအတိုင်း အဖမ်းခံရန်သာရှိတော့သည်။ အစောင့်များက လှံတံရှည်များဖြင့် သူမ၏နောက်ကျောနှင့်လက်များကုိ ဝိုင်း၍ ရိုက်နှက်ကြသည်။ ထို့နောက်သူမ၏ခြေထောက်များအား ရိုက်လိုက်သော်အခါ ထိုင်လျက် လဲကျသွားလေသည်။ ဆူဆူညံညံအသံများကိုကြားလိုက်သောကြောင့် ကျီရန်က နောက်သို့ လှည့်ကြည့်လိုက်သည်။

ဆယ်မိုင်မြေမှချစ်ပုံပြင် [Completed]Where stories live. Discover now