46

26 2 0
                                    

Unicode

ပိုင်ကျန်းသည် ထူးဆန်းသောထိုမိန်းကလေးကို ချင်ချုံတွင်ထားခဲ့ပြီး သူသည် ဖူကျင့်နှင့်အတူ ရွှယ်ယင်တောင်တန်းဆီသို့ လိုက်သွားလေသည်။
ချင်ချူံသို့မရောက်ဖူးသောသူကဲ့သ်ုိ့ ပြုမူနေသောပိုင်ချင်းကို မီးကူကခေါ်သွားလေသည်။ တစ်ပတ်ခန့်မျှ မီးကူဘေးနားတွင်နေကား လုပ်စရာရှိသောကိစ္စများကို ကူညီလုပ်ဆောင်ပေးသည်။ ဟင်းမချက်တတ်သောမီးကူက သူမအား မီးဖ်ိုချောင်ကိုတော့ ယုံကြည်စွာအပ်နှံထားလေ၏။ နှစ်ဘယ်လောက်ကြာမှမီးကူကဟင်းချက်တတ်မှာလဲဟု သူမဘာသာကောက်ချက်ချမိသည်။ ထို့ကြောင့် နေ့စဉ်ရက်ဆက် မီးဖိုချောင်ထဲတွင်သာ အချိန်ကုန်နေလေသည်။ သို့သော် ထိုသို့ချက်ပြုတ်နေရသည်ကို သူမပျော်နေမိသည်။ အကြောင်းမှာ သူမချက်သောဟင်းများအားလုံးက ချင်ချုံ၏မိဖုရား၊သူမ၏အမေအတွက်ဖြစ်သောကြောင်ဖြစ်သည်။ ထို့ကြောင့် သူမ၏မိခင်ကြိုက်တတ်သောဟင်းများကိုသာ  ချင်ချုံတွင် ရောက်နေသည်မှာ တစိပတ်ခန့်မျှရှိပြီဖြစ်သော်လည်း.ယခုထက်ထိမိခင်နှင့် တွေ့ခွင့်မရသေးပေ။ တစ်ပတ်ကျော်လွန်သောနေ့တွင်တော့ မီးကူအားစေလွှတ်ပြီး သူမအားခေါ်ခိုင်းလိုက်လေသည်။ သူမကိုမြင်သော်အခါ မိဖုရား၏စိတ်ထဲတွင် အနည်းငယ်တော့ ထူးဆန်းသည်ဟုထင်မိသည်။ အခြေအနေကို ရိပ်မိသောမီးကူက ကြားမှဝင်ပြောပေးလိုက်လေသည်။

"မိဖုရား..ရင်းဟွာပုံစံက နဲနဲတော့ထူးဆန်းနေတယ်ဆိုပေမဲ့ သူကလူကောင်းတစ်ယောက်ပါ။ သူက ကျွန်တော့်ကို အများကြီးကူညီပေးခဲ့တယ်"

"ဟုတ်လား။ မင်းချက်တဲ့လက်ရာကအရမ်းကောင်းတယ်"

"ကျေးဇူးတင်ပါတယ်မိဖုရား"

"မင်းနာမည်ကရင်းဟွာလား?"

"ဟုတ်ပါတယ်"

"ငါ့သားက အဖော်ရအောင်ဆိုပြီး မင်းကိုဒီမှာထားခဲ့တာ"

"ဟုတ်ကဲ့။"

သုံးလေးရက်ခန့် မိဖုရား၏ဘေးတွင်နေပြီးသော်အခါ သူမနှင့်မိဖုရားမှာ အတော်လေးရင်းနှီးသွားလေပြီ။ အခြားအရာများကို ဖုံးကွယ်နိုင်သော်လည်း မိဘနှင့်သားသမီးကြားက သံယောဇဉ်ကိုတော့ ဖုံးကွယ်ရန်ခက်ခဲလှပေသည်။

ဆယ်မိုင်မြေမှချစ်ပုံပြင် [Completed]Donde viven las historias. Descúbrelo ahora