24

25 3 0
                                    

Unicode

ယဲ့ရှင်းသည် ချင်းအာဆီမှရသောစာကို ဖတ်နေသည်။ စာထဲတွင် ပိုင်ကျန်းအကြောင်းပါနေသည်။

"မင်းသမီး စာထဲမှာဘာတွေရေးထားလို့အဲ့လောက်စဉ်းစားနေရတာလဲ?"

သူမအား ဘေးနားတွင်ခစားနေသော ကိုယ်ရံတော်တစ်ယောက်မှမေးလိုက်သည်။

"ဒါက ငါ့ရဲ့မိတ်ဆွေဆီက။ သူကပြောထားတယ်။ စမ်းသပ်မှူတစ်ခုလုပ်ဖို့"

"ဘာစမ်းသပ်မှုလဲ?"

"အဲ့ဒါက…"

"တကယ်လို့ နတ်ဘုရားပိုင်ကျန်း ရောက်လာရင် ငါ့ကို ရေသူမမျိုးနွယ်က ဖမ်းခေါ်သွားတယ်လို့ပြောလိုက်ပါ"

"ဒါပေမဲ့မင်းသမီး အန္တရာယ်များလွန်းတယ်"

"စာထဲမှာရေးထားတယ်။ အချစ်က အန္တရာယ်ကြားထဲမှာ ပေါ်လာတတ်တယ်တဲ့" သူမ၏လက်ထဲကစာအား ဆုပ်လိုက်ရင်း မဝံ့မရဲဖြင့်ပြောလိုက်မိသည်။

သူမသည် နန်းတော်မှ လျင်မြန်စွာ ထွက်ခွာသွားပြီး ရေသူမမျိုးနွယ်ရှိရာသို့ ခြေလှမ်းတို့က ဦးတည်နေသည်။ အချစ်အတွက် လုပ်ရမည့်စွန့်စားမှုကို တွေးမိပြီး လက်ဖျားများအေးစက်လာသည်။ သို့သော် သူမကိုယ်တိုင်နှင့် ပိုင်ကျန်းကို ယုံကြည်မှဖြစ်ပေလ်ိမ့်မည်။ ငါသူ့ကိုယုံတယ်ဟု စိတ်ထဲမှ အကြိမ်ကြိမ်ပြောနေမိသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ပိုင်ကျန်းသည် စာကိုဖတ်လိုက်ပြီး ညီမခြောက်၏အကြံပေးချက်ဖြင့် မြောက်ပင်လယ်ဆီသို့သွားရန် ပြင်လိုက်သည်။

"ဒီတစ်ခါတော့ ချင်းအာကိုယုံရမယ်"

သူ၏ခြေလှမ်းများ အိမ်တော်ထဲမှထွက်ရန်ဟန်ပြင်လိုက်စဉ်-

"နတ်ဘုရားပိုင်ကျန်း! "

ပီဖန်း၏အလောတကြီး ခေါ်သံကြောင့် ခြေလှမ်းတို့တုံ့ဆိုင်းသွားလေသည်။

"နတ်ဘုရားပိုင်ရိက အရေးကြီးကိစ္စရှိလို့ လာခဲ့ပါဦးလို့ ပြောခိုင်းလို့ပါ"

"အကိုနှစ်ကလား?"

"ဒါပေမဲ့ ငါအရေးကြီးသွားစရာရှိတယ်။ ပြီးမှဘဲသွားလိုက်တော့မယ်"

"ဒါပေမဲ့ ချက်ချင်းလာခဲ့ဖို့မှာထားတယ်"

"ကောင်းပြီ။ ငါအခုသွားလိုက်မယ်"

ဆယ်မိုင်မြေမှချစ်ပုံပြင် [Completed]Donde viven las historias. Descúbrelo ahora