11

32 3 0
                                    

Unicode

ကောင်းကင်နန်းတော်သည် အိမ်ရှေ့စံမိဖုရား အားလုံးကကူးကူးဟု လေးစားစွာ ခေါ်ရသော နတ်ဘုရားမပိုင်ချန်မွေးနေ့ကြောင့် စည်ကားနေသည်။ နတ်သူငယ်များအပါအ၀င် နတ်ဘုရားများအထိ မွေးနေ့ပွဲသို့ တက်ရောက်ကြသည်။
မွေးနေ့ရှင်ပိုင်ချန်မှာတော့ ရဲဟွာ၏စီစဉ်ပေးမှုကြောင့်သာ ကျင်းပရသည်ဖြစ်ပြီး လူရှုပ်ရှုပ်ဖြစ်သည်ကို မနှစ်သက်။

နတ်ဘုရားကျီရန်သည် မြေခွေးဖြူလေးကို ပွေ့ကာ ကောင်းကင်နန်းတော်သို့ ရောက်ရှိလာသည်။
"မင်းကိူ မင်းအမဆီပို့ပေးမယ်…ပြီးရင်တော့ ငါတခြားနတ်ဘုရားတွေကို လိုက်နှုတ်ဆက်လိုက်ဦးမယ်"

ကျီရန်သည် ပိုင်ချန်ထိုင်နေရာသို့သွားကာ မြေခွေးဖြူလေးအား ပိုင်ချန်လက်ပေါ်သို့ တင်ပေးလိုက်သည်။

"မင်းမွေးနေ့အတွက်.အကောင်းဆုံးလက်ဆောင်ယူလာတယ်…မင်းကြိုက်မယ်ထင်တာဘဲ…အဲ့မြေခွေးလေးကတော်တော်လိမ္မာတယ်"

"ကျီရန်…ကျွန်မညီမလေးက်ု နောက်ပြောင်မနေပါနဲ့..ရှင့်ကို တွေ့ချင်နေတဲ့သူတွေ စောင့်နေပြီ…သွားလိုက်ဦး"

ကံကောင်းစွာဖြင့် လူရှင်းနေသည့်အချိန် ဖြစ်သည့်အတွက် ပိုင်ချင်းသည် လျင်မြန်စွာ လူပုံစံပြောင်းလိုက်သည်။
"မမ…မွေးနေ့ကိုဂုဏ်ပြုပါတယ်"

သူမ၏အမကိုတွေ့လျှင် ဖက်နေကျဖြစ်သည့်အတွက် အလျင်ဖက်လိုက်သည်။

"ညီမလေး…မင်းရဲ့အမြီးတွေက"သူမ၏ သိမ်းမထားသောအုမီးများကို ကြည့်ပြီး.မေးလိုက်မိသည်။

"အဲ့တာက ကျင့်စဉ်လေ…အမြီးတွေကို.သိမ်းလိုက်ရင် ကျင့်စဉ်ပျက်သွားလိမ့်မယ်..အဲ့တာကြောင့် မြေခွေးပုံစံပြောင်းနေရတာ"

"ညီမလေး..ပင်ပန်းနေပြီလား?"
သူမသည် ခေါင်းကို ခါးရမ်းပြလိုက်သည်။

"မင်းကငယ်ငယ်ရွယ်ရွယ်နဲ့ ကျင့်စဉ်ကျင့်နေရတယ်
..ဒါပေမဲ့ ဘယ်တတ်နိုင်မလဲ…ဒါကရှောင်လွှဲလို့မရတဲ့ကံကြမ္မာဘဲ…"

သူမ၏လက်ကလေးများကိူ ဆုပ်ကိုင်းရင်း-
"တစ်ချိ်ု့ကံကြမ္မာတွေက သတ်မှတ်ပြီးသား…ရှောင်လွှဲလို့မရဘူး…အချစ်ရေးမှာဘဲဖြစ်ဖြစ်..ဘယ်အရေးဘဲဖြစ်ဖြစ် ရှောင်လွှဲလို့မရတဲ့ ကံကြမ္မာကို ရင်ဆိုင်နိုင်ရမယ်"

ဆယ်မိုင်မြေမှချစ်ပုံပြင် [Completed]Donde viven las historias. Descúbrelo ahora