52

29 3 0
                                    

Unicode

"ကောင်းကင်မင်းကြီး ကျွန်တော့်ကို အရေးတကြီးပြောစရာကိစ္စရှိတယ်ဆိုတာ"

"ပင်လယ်လေးခုက သတင်းရထားတယ်။ ပင်လယ်အသီးသီးကနယ်စပ်တွေမှာ လူတွေခဏခဏပျောက်နေတယ်လို့တိုင်ထားကြတယ်။ ပြီးတော့ အဲ့တာကိုလုပ်တဲ့သူကို တွေ့တဲ့သူတွေက တွေ့လိုက်ကြတယ်"

"အဲ့ဒီသူက ဘယ်သူများလဲ?"

"အဲ့ဒီသူက အနောက်ပင်လယ်ရဲ့အိမ်ရှေ့စံလို့ပြောနေကြတယ်"

"ဒါပေမဲ့ သူကသေသွားပြီမလား?"

"အဲ့ဒီကိစ္စကို မေးချင်လို့ ကျီရန်နတ်ဘုရားကို ခေါ်လိုက်တာ။ တိုက်ပွဲဖြစ်တဲ့နေ့တုံးက တကယ်ဘဲ သူသေသွားတာသေချာလား?"

မသေချာသောကိစ္စဖြစ်သဖြင့် ကျီရန်လည်း သက်ပြင်းချကာ-
"တကယ်တော့ အဲ့နေ့တုံးက သတိလစ်သွားခဲ့တယ်။ သတိရလာတော့ ခွန်းလွန်းတောင်ကိုရောက်နေပြီ။ ပိုသေချာအောင်လို့ မိုယွမ်ကိုမေးကြည့်လိုက်မယ်"

"ကောင်းပြီ။ စုံစမ်းပေးပါဦးနတ်ဘုရား။ လေးပင်လယ်လုံးက ဒီကိစ္စကိုဖြေရှင်းပေးစေချင်နေကြတယ်။ တကယ်လို့ သူသာအသက်ရှင်နေသေးမယ်ဆိုရင် တစ်ခုခုလုပ်ရမယ်"

"ကောင်းပြီ။ ကျွန်တော်မေးကြည့်ပါ့မယ်။ ခွင့်ပြုပါဦး"

ကျီရန်သည် ကောင်းကင်မင်းကြီးကို နှုတ်ဆက်ပြီး ထိုနေရာမှ ထွက်ခွာလာသည်။ တစ်နေရာတွင်တော့ လူတစ်စုသည် သူ၏အကြောင်းကိုပြောလျက်ရှိသည်။

"စစ်မင် ကျီရန်နတ်ဘုရားဆီမှာ အရမ်းဆေးကိုဖော်နေတာ။ ငါကိုယ်တိုင်တွေခဲ့တယ်"

"ဘာဆေးမလို့လဲ"စစ်မင်က စပ်စပ်စုစုဖြင့်မေးလိုက်သည်။

"အဲ့ဆေးက အရမ်းအစွမ်းထွက်တယ်။ ငါကိုယ်တိုင်မြင်ခဲ့တာ"

"အဟင်း…"
မလှမ်းမကမ်းမှ ထိုစကားများကိုကြားသောကျီရန်က ချောင်းဟန့်လိုက်ပြီး-

"ကျီရန်နတ်ဘုရား…" စစ်မင်နှင့်လန်ရှန်းသည် အရိုအသေပေးလိုက်၏။

"မင်းသားသုံး ဘာအကြောင်းများဆွေးနွေးနေတာလဲ?"

"အဲ့ဒါက.."

ဆယ်မိုင်မြေမှချစ်ပုံပြင် [Completed]Donde viven las historias. Descúbrelo ahora