32

25 2 0
                                    

Unicode

ပိုင်ချင်းသည် ခွန်းလွန်းတောင်မှ ပြန်ရောက်သည့်အချိန်မှစ၍ အိပ်ရာထဲတွင်သာ ခွေနေလေသည်။ မီးကူလာတိုက်သောဆေးများကိုလည်းမသောက်၊ အစာလည်းမစား၊
ရေပင်မသောက်ဘဲ တားဆီး၍မရသောမျက်ရည်များကိုသာ အဖော်ပြုနေလေသည်။ မထင်မှတ်ထားသည့်နာကျင်မှုကို ခံစားလိုက်ရသည့်အတွက် ညပေါင်းများစွာ ငိုကြွေးပြိးသည့်နောက်တွင်တော့ သူမသည်အိပ်ရာထဲမှထလာလေသည်။ စုတ်တံနှင့်စက္ကူကိုယူပြီး အကြောင်းအရာတစ်ချို့ကို ရေးသားနေသည်။ ထို့နောက်တွင် သေတ္တာငယ်ထဲရှိ ပန်းချီကားလိပ်ဘေးတွင် သိမ်းဆည်းလိုက်သည်။ သူမသည် တစ်နေရာသို့သွားရန် ဟန်ပြင်လိုက်စဉ်-

"မင်းသမီး နောက်ဆုံးတော့ အိပ်ရာပေါ်ကထလာပြီပေါ့။ ဘယ်သွားဦးမလို့လဲ?"

"ဖုန်းကျိုးဆီ"
အဖြေကို ခပ်ပြတ်ပြတ်ပင်ပေးလိုက်ပြီး ကောင်းကင်နန်းတော်သို့ ထွက်လာလေသည်။ ကောင်းကင်နန်းတော်သို့ရောက်သော်အခါ ပိုင်ဖုန်းကျိုးသည် မီးဖိုခန်းထဲတွင် သီကျွင်းစာူရန် မုန့်တစ်ချို့ပြုလုပ်နေသည်။ မထင်မှတ်ဘဲရောက်လာသောအဒေါ်ဖြစ်သူအား တွေ့လိုက်ရသော်အခါ ဖုန်းကျိုးတစ်ယောက် အံ့သြသွားသည်။ မျက်နှာအရောင်အဆင်းကဖျော့တော့နေပြီး မျက်လုံးများက ပုံမှန်ထက်တည်ငြိမ်နေသည်ကို ရိပ်မိလေသည်။ သူမအထင်မမှားဖူးဆိုလျှင် ကူးကူးသည် မင်္ဂလာပွဲကိစ္စကိုသိပြီးဖြစ်နေလိမ့်မည်။ ပိုင်ဖုန်းကျိူးသည် မျက်နှာမကောင်းသောအဒေါ်အား နှစ်သိမ့်ရန်သာ ကြိုးစားတော့သည်။

"ကူးကူး ဖုန်းကျိုးဆီ အလည်လာတာလား?"

"ငါမင်းကို အကူအညီတောင်းစရာရှိလို့။"

"ဘာများလဲ?"

ပိုင်ချင်းသည် သေတ္တငယ်လေးအား စားပွဲပေါ်တွင် တင်လိုက်သည်။
"ဒါလေးကို ကျီရန်ရဲ့မွေးနေ့ကျရင်သူ့ကိုပေးပေးပါ"

"နတ်ဘုရားကျီရန်ကိုလား? ဒါပေမဲ့ ကူးကူးကျီရန်အနားမှာ အမြဲရှိနေတာဘဲလေ။ ဘာလို့ကိုယ်တိုင်မပေးရတာလဲ?"

"တကယ်လို့များ…အခွင့်အရေးမရှိတော့မှာစိုးလို့ပါ။ ဒါကိုပေးဖြစ်အောင်ပေးလိုက်"

ဆယ်မိုင်မြေမှချစ်ပုံပြင် [Completed]Where stories live. Discover now