Unicode
ချင်ချုံ၏ သားရဲဂူတွင် မြေခွေးဘုရင်ကြီးနှင့် သူ၏မိဖုရားမှာ အရာတစ်ခုကို စိုးရိမ်တကြီးစောင့်ကြည့်နေကြသည်။ ရာသီဥတုသည် သာမန်ထက် အုံမှိုင်းကာ မိုးသည်းထန်စွာရွာသွန်း၍ မိုးကြိုးလျှက်စီး တဝင်းဝင်းနှင့်ရှိသည်။ ထိုအချိန်တွင် အိမ်တော်ထိန်း.မီးကူ ရောက်ရှိလာသည်။
"ဘုရင်ကြီး။ နတ်ဘုရားကျီရန် ရောက်လာပါပြီ"
ပန်းရောင်ပိုးထည်ဝတ်ဆင်ထားသော တည်ငြိမ်လှသည့် ဆယ်မိုင်မက်မွန်မြေမှ နတ်ဘုရားသည် ဂူထဲသို့ ဝင်ရောက်လာသည်။ သိုသော့် သူ၏မျက်နှာတွင် ပူပန်စိုးရိမ်မှုတို့ကား
အထင်းသားတွေ့နေရသည်။
"ပိုင်ရိ။ ဘယ်လိုဖြစ်သွားပြီလဲ" မြေခွေးဘုရင်ကို မေးလိုက်သည်။ "ထူးတော့မထူးခြားသေးဖူး။ ဒါပေမဲ့ ပန်းကတော့ ပွင့်လာပြီ"
"ဝိညာဉ်ခြေရာခံတဲ့အစွမ်းကောသုံးကြည့်ပြီးပြီလား။"
"အင်း။.ငါစမ်းကြည့်ပြီးပြီ။ အထဲကဝိညာဉ်ကတော်တော်စွမ်းအားကြီးနေပြီ"
ကျီရန်သည် သူ၏စွမ်းအားတချို့ဖြင့် စမ်းသပ်ကြည့်လိုက်သည်။ "နှစ်သုံးသောင်းလုံးမင်းတို့လုပ်လာတဲ့ကိစ္စကပြီးတော့မယ်။ ဒါနောက်ဆုံးတစ်ကြိမ်ဘဲ။ မင်းတို့တွေရဲ့သွေးကို မက်မွန်းပန်းထဲ အစက်ချပေးလိုက်။ ဒါပြီးရင်တော့ ဒီဝိညာဉ်က အပြင်လောကကြီးထဲ ရောက်လာတော့မယ်။"
ဘုရင်ကြီးနဲ့မိဖုရားသည် တုံဆိုင်းမှုမရှိဘဲ ၎င်းတို့ရဲ့ သွေးက်ု ဖောက်ပြီး မက်မွန်ပန်းပေါ်အစက်ချလိုက်သည်။ ထို့နောက် အလင်းရောင်တန်းများထွက်ပေါ်လာပြီး မက်မွန်ပန်းပွင့်ကြီးသည် တဖြည်းဖြည်းပွင့်အာလာသည်။မွေးကင်းစ ကလေးတစ်ယောက်သည် မက်မွန်ဝတ်ဆံထဲတွင် လဲလျောင်းနေသည်။
"မိန်းကလေးတယောက်ဘဲ။ ချစ်ဖို့ကောင်းလိုက်တာ။ ကြည့်ပါဦး။ "မိဖုရားကြီးသည် ကလေးငယ်အား ဘုရင်းကြီးပိုင်ရိကို ပြလိုက်သည်။ "ချစ်စရာလေး။ ကြည့်ပါဦး။ သူကငါ့ကိုကြည့်ပြီးရီနေတယ်။ ငါ့ကိုသဘောကျပုံဘဲ။ ပေးငါချီကြည့်မယ်။"ဘုရင်ကြီးသည်မိဖုရားဆီမှ ကလေးငယ်အား ပွေ့ယူလ်ုက်သည်။ ."ကျီရန်ကြည့်ပါဦး။ သူကချစ်စရာမကောင့းဖူးလား" ကျီရန်လည်းကလေးငယ်လေးကို ကြည့်ရင်းသဘောကျကာပြုံးနေမိသည်။
"ဒါနဲ့ မင်းတို့ဒီကလေးကို ဘယ်လိုလုပ်မှာလဲ"
"ဘယ်လိုလုပ်ရမှာလဲ။ ဒါကျွန်မတို့ကလေးဘဲ။ နှစ်သုံးသောင်းလောက် ကျွန်မတို့ရဲ့သွေးနဲ့ မွေးလာခဲ့တာဘဲ။ ကျွန်မတို့ရဲ့ သမီးဘဲ။ ပြီးတော့ကြည့်ပါဦး။ သူမက အမြီးကိုးချောင်းမြေခွေးလေးလေ"မိဖုရားသည် ပျော်ရွှင်မှုကို ဖော်ပြနေသော အပြုံးတစ်ပွင့်ဖြင့် ပြန်ဖြေလိုက်သည်။ "နောက်ဆုံးတော့ ချန်ချန်မှာ ညီမလေးတယောက်ရှိလာပြီ" ဘုရင်ကြီးလဲ နှစ်သိန်းချီကြာမှ မမျှော်လင့်ဘဲ သမီးလေးတစ်ယောက့ရလိုက်သဖြင့် အလွန်အမင်းပျော်ဂွှင်နေ၏။ ကျီရန်လဲ သူတို့ကို သဘောကျစွာကြည့်ရင်း" ဂုဏ်ယူပါတယ်။ ချင်ချုံကို ဆက်ခံမယ့်မင်းသမီးလေးတပါးဖွားမြင်လာပြီဘဲ။ ဒါနဲ့ သူမက်ု နာမည်ဘယ်လိုမှည့်မှာလဲ။"
"သူမကို ပိုင်ချင်း လို့မှည့်မယ်။ လာမဲ့လပြည့်ညမှာ သူမရဲ့ ကင်ပွန်းတပ်ပွဲကို လုပ်ပေးရမယ်။ ပြီးတော့ သူမရဲ့အကိုတွေ အမတွေနဲ့လဲ မိတ်ဆက်ပေးရမယ်။"
ကျီရန်သည်ခေါင်းတညိမ့်ညိမ့်နှင့် "ကလေးက တော်တော်အံသြဖို့ကောင်းတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးသောင်းက မက်မွန်းပန်းကြီးတပွင့်က ချင်ချုံမှာ ထူးထူးခြားခြားပေါ်ပေါက်လာတယ်။ မြေခွေးသွေးကို ဖောက်ပြီး.အထဲက ဝိညာဉ်ကို ရှင်သန်အောင်လုပ်ခဲ့တယ်။ ပြီးတော့ မိန်ကလေးတယောက်ဖြစ်လာတယ်။ာသူမက တကယ်ထူးခြားတဲ့ ကလေးဘဲ်။ သူမမှာ စွမ်အားကြီးတဲ့ ဝိညာဉ်လဲရှိတယ်။"
"ဒါက ဒီကလေးနဲ့ ကျွန့်မတို့ရဲ့ရေစက်ဘဲ။ ကံတရားက ပေးလိုက်တဲ့ကလေးကို ကျွန်မတို့လက်ခံရမယ်"
"ကောင်းပြီ။ ချင်ချုံဘုရင်ကြီးရဲ့ ခြောက်ယောက်မြောက်သမီးတော်ကို ကြိုဆိုပါတယ်။ သူမကချုင်ချုံအတွက် ထူးခြားတဲ့မင်းသမီးတယောက်ဖြစ်မှာပါ"ကျီရန်သည်ခလေးငယ်အားပွေ့ချီရင်းပြုံးလိုက်မိ၏။
နှစ်တွေအလီလီပြောင်းပြီး သေမျိူးနယ်ပယ်တွင်လည်း မင်းဆက်တွေပြောင်းလာခဲ့ကာ တိုင်းပြည်တို့သည် တိုက်ပွဲများဖြင်ရှုပ်ထွေးနေလေ၏။ သို့သော် ထာဝရရှင်သန်သူတို့အတွက် အချိန်သည် တိုတောင်းလှ၏။ ဘုံကိုးဘုံသည်ကား သိသိသာသာပြောင်းလဲခြင်းမရှိဘဲ အေးချမ်းစွာပင်တည်ရှိနေသည်။
နှစ်(၃၀၀၀)ကြာပြီးနောက်…
📢P.s-Most of the characters are owns to Tang Qi. This is fan-ficition.Some characters are created by me.I credited to original writer Tang Qi. 📢
VOUS LISEZ
ဆယ်မိုင်မြေမှချစ်ပုံပြင် [Completed]
FanfictionLove story from Ten Miles ပိုင်ချင်းဟာ ချင်ချုံပြည်ရဲ့အငယ်ဆုံးသမီးတော်ဖြစ်ပြီး ဆန်းကြယ်သောမက်မွန်ပန်းမှမွေးဖွားလာသူဖြစ်ပါတယ်။ သူမဟာ မက်မွန်ဆယ်မိုင်မြေမှာဘဲအနေများပြီး ဆယ်မိုင်မြေရဲ့ပိုင်ရှင်နတ်ဘုရားကျီရန်ကို တစ်ဖက်သတ်ချစ်နေမိခဲ့တယ်။ သူမမေ့နေခဲ့တာက...