30

38 4 0
                                    

Unicode

သူမကို ကယ်တင်လိုက်သော လက်တစ်စုံ။ ထိုလက်တစ်စုံပိုင်ရှင်သည် အခြားသူမဟုတ်။ သူမချစ်ရေးဆိုပြီး ထွက်ပြေးလာသောသူ..ကျီရန်။ သူသည် သူမနောက်သို့ လိုက်လာရင်း အန္တရာယ်နှင့် ရင်ဆိုင်နေရသည်ကို တွေ့ခဲ့သည်။ သူ့အားတွေ့လိုက်သော်အခါ သူမအတော်လေးပျော်သွားသည်။ သူမအားစိတ်ပူ၍များ လိုက်လာတာလားဟု အတွေးနှင့်ပျော်နေသည်။

"မင်းဘာလို့ဒီထဲဝင်လာရတာလဲ?"
တွေးကောင်းနေဆဲပင် သူအော်လိုက်၍လန့်သွားလေသည်။ထို့နောက် သူမအား အားကျဲ့နားသို့ ပို့လိုက်သည်။

"မမ..သွေးတွေ..သွေးတွေအများကြီးထွက်နေတယ်"

ကလေးငယ်သတိပေးခါမှ သူမကိုယ်သူမ သတိထားမိသည်။ အကျီတစ်ခုလုံး သွေးများဖြင့် စိုရွှဲနေပြီး ဒဏ်ရာများက နာကျင်စပြုလာသည်။ ကျီရန်သည် မကောင်းဆိုးဝါးနှင့် အကြိတ်အနယ် တိုက်ခိုက်နေသည်။ သို့သော် အဆင့်မြင့်နတ်ဘုရားဖြစ်သည့်အတွက် သူမကဲ့သို့ ဒဏ်ရာတစ်ချက်မျှမရဘဲ ကျွမ်းကျင် သွက်လက်စွာ တိုက်ခိုက်နေသည်။ ဓားချက်တို့သည် အရိပ်ကဲ့သို့ လွန်စွာမှလျင်မြန်လှသည်။ အငိုက်တစ်ချက်တွင့် မကောင်းဆိုးဝါး၏ ရင်ဘတ်အလယ်တည့်တည့်ဒဏ်ရာရှိသောနေရာသို့ ဓားဖြင့်တစ်ဆုံးထိုးချလိုက်သည်။

"အရင်တစ်ခါကတည်း အပြတ်ရှင်းပစ်လိုက်ရမှာ"

ရင်ဘတ်မှဓားကို ပြန်လည်ဆွဲထုတ်လိုက်သော်အခါ မကောင်းဆိုးဝါးသည် အသံနက်ဖြင့် ကျယ်လောင်စွာအော်ပြီး အနက်အငွေ့များအဖြစ် ပျောက်ကွယ်သွားသည်။ ကျီရန်သည် သူမနှင့်အားကျဲ့အား လက်ကိုဆွဲပြီး-

"လက်ကိုသေချာဆွဲထား။ မလွှတ်လိုက်နဲ့"
 
ဂူအပြင်ဘက်သို့ ရောက်သောအခါ ဒဏ်ရာမှာ လွန်စွာနာကျင်နေပြီး အားအင်များကုန်ခမ်းကာ သတိရတစ်ချက်မရတစ်ချက်ဖြစ်နေလေပြီ။

"မမ..မမ သတိထားဦး"

"အားကျဲ့..ငါ့သူ့ကိုအမြန်ဆေးကုပေးမှဖြစ်မယ်။ အကြီးအကဲကို ပြောလိုက်ပါ။ အရေးကြီးလို့ ပြန်သွားပြီလို့"

သူမသည် ပိုင်ချင်းအား ပွေ့ချီလိုက်ပြီး ထိုနေရာမှ ပျောက်ကွယ်သွားသည်။

ဆယ်မိုင်မြေမှချစ်ပုံပြင် [Completed]Where stories live. Discover now