48

29 2 0
                                    

Unicode

ပိုင်ချင်းသည် ချင်ချုံတွင်သာနေ၍ မိခင်ဖြစ်သူကိုသာတစိလျှောက်အဖော်ပြုပေးနေဘေသည်။ ပိုင်ကျန်း၏မင်္ဂလာပွဲလည်း နီးကပ်လာပြီဖြစ်၍ အနီရောင်မင်္ဂလာအပြင်ဆင်၊ သတို့သားဝတ်မည့်အဝတ်အစားများစသည်တို့ကို ကူညီပြင်ဆင်နေလေသည်။ လုပ်စရာမရှိလျှင်တော့ မီးဖိုချောင်ထဲတွင်သာ အချိန်ကိုကုန်ဆုံးလေသည်။

"သမီး ဘာလို့မက်မွန်တောဆီကို မသွားတာလဲ?"

"သမီးက ကျီရန်ကိုစိတ်ဆိုးနေတာလား?"

"အမေ… သမီးသူ့ဆီမသွားချင်ဘူး။ သူ့ကိုစိတ်ဆိုးနေတာလည်း မဟုတ်ဘူး"

"သူ့ကိုစိတ်ဆိုးတာမဟုတ်ဖူးဆိုရင် ဘာလို့မတွေ့ရတာလဲ? တကယ်တော့ ကျီရန်ကသူ့မှာအပြစ်ရှိတယ်လို့ခံစားနေတာ။ သမီးမရှိတော့တဲ့အချိန်ကစပြီး သူကဆယ်မိုင်မြေကနေပြီး အပြင်ကိုသိပ်မထွက်တော့ဘူး"

"အမေကလည်း…."

"ချင်းအာ!!!"

သူမ၏စကားမဆုံးခင်ပင် သူမနာမည်ခေါ်သည်ကိုကြားလိုက်ရသည်။ လှည့်ကြည့်လိုက်သောအခါ ကျီရန်ဖြစ်နေသည်။

"ဘယ်လိုရောက်လာတာလဲ?"

"အမေခေါ်ထားတာ"

"ဟင်!!"

"ကျန်းကျန်းနဲ့လက်ထက်မဲ့သတို့သမီးလောင်းလေးကို သမီးမမြင်ဖူးသေးဘူးမလား?"

"နတ်သမီးဖူကျင့်လား?"

"ဟုတ်တယ်။ သူကရွှယ်ယင်တောင်တန်းမှာနေတာ။ သမီးသူ့နဲ့သွားတွေ့လိုက်ပါ။ ပြီးတော့ကျီရန်ကိုပါခေါ်သွား"

"အမေ!!!သမီးတစ်ယောက်ထဲသွားတတ်ပါတယ်"

"ကျီရန်ကိုခေါ်သွားလိုက်ပါ။ သမီးကိုတွေ့ရင် ထူးဆန်းနေမှာစိုးလို့ သူ့ကိုထည့်လိုက်တာ"

"ချင်းအာ ဒီတစ်ခါတော့ မင်းအမေရဲ့ဖိတ်ကြားမှုဘဲ။ ငါကဘယ်လိုလုပ်ငြင်းဆန်လို့ကောင်းမှာလဲ?"

"လောင်ဖုန်းဟွာ!!!"
သူမက ကျီရန့်ကို မျက်စောင်းထိုးလိုက်ပြီး နေရာမှထွက်သွားလေသည်။ မိခင်ဖြစ်သူကြောင့် သူမလည်း ငြင်းဆန်၍မရတော့ဘဲ ကျီရန်နှင့်အတူ ရွှယ်ယင်တောင်ဆီသို့ ထွက်ခွာသွားလေတော့သည်။ သို့သော် လမ်းတစ်လျှောက်လုံး စကားတစ်ခွန်းမျှ မပြောခဲ့ချေ။

ဆယ်မိုင်မြေမှချစ်ပုံပြင် [Completed]Où les histoires vivent. Découvrez maintenant