22

31 3 0
                                    

Unicode

"ယွင် ငါတို့မွေးမယ့်ကလေးလေးက ယောကျာ်းလေးလား၊ မိန်းကလေးဖြစ်မလား?"

"ဟင် ဘယ်ကကလေးလဲ? ကျွန်မမှာ ကလေးမှမရှိတာ"

"မဟုတ်ဘူးလေ။ နောက်ရှိလာရင် မင်းကဘာလေးလိုချင်လဲ?"

"ကျွန်မလား? မိန်းကလေးလိုချင်တယ်။ ရှင်ရော…"

"ငါကအများကြီးလိုချင်တာ။ မိန်းကလေးရော၊ ယောက်ျားလေးရော"

"လီရှန်း ရှင်ကတော့တကယ်ဘဲ"သူမသည် ထိုစကားကြောင့် ရီမောလိုက်မိသည်။

"ပြီးတော့ ကျွန်မက မက်မွန်ပန်းကိုအရမ်းသဘောကျတာ"

"ကောင်းပြီ။ ငါမင်းအတွက် မက်မွန်ပင်တွေအများကြီး စိုက်ပေးမယ်"

"အဲ့တာဆို ကျွန်မအတွက် ဆယ်မိုင်လောက်ကျယ်တဲ့ မက်မွန်ပင်တွေစိုက်ပေးပါ"

"အာ့တာဆို ဒီနေ့ကစစိုက်မယ်။ ပြီးရင် အဲ့ထဲမှာ မင်းရယ်၊ ကိုယ်ရယ်၊ ကလေးတွေရယ်နေကြမယ်"

"ကောင်းပြီ"
သူမမျက်နှာပေါ်က အပြုံးများသည် ကြာရှည်မခံပါ။ ထိုသို့မဖြစ်နိုင်မှန်း သူမကိုယ်တိုင်သိလေသည်။ အချိန်ကြာပြီး သံယောဇဉ်တစ်ထပ်ပြီးတစ်ထပ်တွယ်လာသည်နှင့်အမျှ ဖမ်းဆုပ်ထားခြင်းမှာ နှစ်ဦးလုံးအတွက် မကောင်းမှန်း သူမသိမြင်လာသည်။

"လီရှန်း ကျွန်မရှင့်ကိုမေးစရာရှိတယ်"

"မေးလေ"

"တကယ်လို့ ကျွန်မကရှင့်အပေါ် မတရားတာတစ်ခုခု လုပ်မိခဲ့ရင် ရှင်ကျွန်မကို မုန်းသွားမှာလား?"

"ကိုယ်ကလား?"

လီရှန်းသည် သူမ၏ ပခုံးနှစ်ဖက်ကိုကိုင်လိုက်သည်။
"ငါမင်းကိုဘယ်တော့မှမမုန်းဘူး။ မင်းငါ့အပေါ်ရက်စက်သွားမယ်ဆိုရင်တောင် မင်းကိုမုန်းရက်မှာ မဟုတ်ဘူး"

"ကောင်းပြီ။ လီရှန်း ရှင်ကျွန်မကိုမမေ့သွားပါနဲ့"
သူမမှီနေသောထိုရင်ခွင်တွင် မည်မျှကြာအောင် မှီခွင့်ရမည်ကို သူမ မသိပါ။ သို့သော် သူမခိုးယူထားသော လီရှန်း၏ဝိညာဉ်သည် ခန္ဓာကိုယ်မှခွာသည်မှာ ကြာနေပြီဖြစ်၍ သူတကယ်သေဆုံးနိုင်လေသည်။သူမသည် ထိုအကြောင်းကို သိနေလေသည်။ သူမ၏တစ်ကိုယ်ကောင်းဆန်တဲ့အချစ်ကို သိမြင်လာသည်။

ဆယ်မိုင်မြေမှချစ်ပုံပြင် [Completed]Donde viven las historias. Descúbrelo ahora