44

23 2 0
                                    

Unicode

ပိုင်ချင်းသည် ဆယ်မိုင်မြေတစ်ခွင်လုံးနှံ့အောင် လှည့်ပတ်ကြည့်ရှုသည်။ နှစ်သုံးရာမျှဝေးကွာနေသောထိုနေရာက်ို မရောက်ဖူးသောသူကဲ့သို့ ကြည့်နေလေသည်။ ကျီရန်နှင့်အကိုလေးငါးမျှားတတ်သောရေကန်လေး၊ စမ်းချောင်းလေးကိုဖြတ်ပြီးထိုးထားသောတံတားလေး၊ ဆယ်မိုင်မြေအလယ်ကခုံလေးများ၊ သူမအိပ်နေကျဖြစ်သောသစ်ပင် အရာအားလုံးကို အသေးစိတ်လိုက်ကြည့်သည်။ အမှန်တကယ်ပင် သူမသည် ထိုနေရာအား လွမ်းဆွတ်နေခြင်းဖြစ်သည်။ အချိန်အတော်ကြာကြည့်ပြီးသည့်အခါတွင်တော့ ကျီရန်ရှိရာသို့ သူမပြန်လာလေသည်။

"မိန်းကလေး မင်းကငါ့ရဲ့ဆယ်မိုင်မြေကို ထူးထူးခြားခြား ရောက်လာတဲ့ဧည့်သည်ဘဲ။ ငါ့ရဲ့မက်မွန်ဝိုင်ကိုမြည်းကြည့်ပါ"

ကျီရန်ကမ်းပေးလိုက်သောဝိုင်အိုးအား ယူလိုက်ပြီး မသောက်ခင် အိုးနှုတ်ခမ်းဝကိုအနံ့ခံကြည့်လိုက်သည်။ ထိုအနံ့က်ို သူမကောင်းစွာမှတ်မိသည်။ အနည်းငယ်စူးရှပြီး မက်မွန်သီးနံ့သဲ့သဲ့လေးပါသည်။ ထို့နောက် တစ်ငုံလောက်သောက်လိုက်သည်။ နှစ်သုံးရာလုံး သူမကိုယ်တိုင် မက်မွန်ဝိုင်ချက်လုပ်ခဲ့သော်လည်း ယခုသောက်နေသည့်ကျီရန်၏ဝိုင်ကိုတော့ မမှီခဲ့ပါ။ ထို့အနံ့၊ ထိုအရသာက်ို သူမစွဲလမ်းသည်။ သူမသာမက၊ သူမ၏အကိုနှင့်အမလည်း ထိုအရသာကိုကြိုက်လေသည်။

"ကျီရန်နတ်ဘုရား။ နတ်ဘုရားရဲ့ဝိုင်အရသာက တကယ်ကောင်းတယ်။ ကျွန်မသောက်ဖူးသမျှထဲမှာအကောင်းဆုံးဘဲ။ အခုလိုဧည့်ခံတဲ့အတွက် နတ်ဘုရားကိုကျေးဇူးတင်ပါတယ်"

ကျီရန်ကပြုံးရုံသာပြုံးလိုက်ပြီး လက်ထဲတွင်ကိုင်ထားသောဝိုင်အိုးကို လှုပ်ရမ်းကာ မော့သောက်လိုက်သည်။ ထိုအချိန်တွင် မမျှော်လင့်သောဧည့်သည်ရောက်လာသကဲ့သို့ မှောင်တက်လာသောတိမ်လိပ်တိမ်စိုင်တို့ အငြိုးကြီးစွာရွာချတော့သည်။ ရုတ်တရက် မိုးရွာချသဖြင့် နှစ်ယောက်လုံးပြာသွားသည်။ ထို့နောက်ကျီရန်သည် မိန်းကလေးအား သူ၏အိမ်လေးထဲသို့ လမ်းပြကာခေါ်ဆောင်သွားသည်။

"မိုးကထူးထူးဆန်းဆန်းဘဲ"

ကျီရန်က ရာသီဥတုကိုရှုတ်ချလိုက်ပြီး ခုံပုလေးတွင် ထိုင်လိုက်သည်။

ဆယ်မိုင်မြေမှချစ်ပုံပြင် [Completed]Dove le storie prendono vita. Scoprilo ora