25

33 3 0
                                    

Unicode

နတ်ဘုရားကျီရန်သည် ပိုင်ချင်းအား သာယာလှပသောရွာလေးတစ်ရွာသို့ခေါ်လာသည်။ ရွာလေးသည် သစ်တောများဖြင့် ဖုံးအုပ်နေသဖြင့် တည်ရှိနေသည်ဟုပင် လွယ်လွယ်နှင့်မမြင်ရပေ။ ရွာအဝင်ကျောက်ခင်းလမ်းလေးသည် အလေ့ကျပေါက်နေသော ပန်းရောင်စုံတို့ဖြင့် ဆီးကြိုနေသဖွယ်။

"ဘုံကိုးဘုံမှာ ဒီလိုနေရာတွေလည်းရှိပါသေးလား? ရွာလေးကအရမ်းလှတယ်"

"ဘုံကိုးဘုံမှာ မင်းမရောက်ဖူးတဲ့နေရာတွေအများကြီးရှိသေးတယ်"

  အသက်ခပ်ကြီးကြီးမိန်းမတစ်ယောက်သည် သူတို့နှစ်ယောက်အား ထွက်၍ခရီးဦးကြိုပြုလေသည်။

"နတ်ဘုရား မလာတာတောင်အတော်ကြာပြီ"

ထိုအမျိုးသမီးသည် ကျီရန်အား တရိုတသဖြေင့် ဂရုပြုသည်။

"ဟုတ်တယ်။ ရွာမှာ အကုန်လုံးအဆင်ပြေကြရဲ့မလား?"

"နတ်ဘုရားရဲ့ကျေးဇူးကြောင့် အကုန်လုံးဘေးကင်ပြီး ပျော်ပျော်ရွှင်ရွှင် နေနေကြပါတယ်"

  ထိုအမျိူးသမီးသည် ရွာထဲရှိ အဆောင်တစ်ခုထဲအား ခေါ်သွားလေသည်။ ထိုအဆောင်မှာ သပ်ရပ်နေပြီး ပန်းရနံ့တို့ဖြင့် မွှေးကြိုက်နေသည်။ အဆောင်ရှေ့တွင်မူ ကလေးငယ်တို့ ဆော့ကစားနေကြသည်။

"နတ်ဘုရား ထိုင်ပါ"

  ကျီရန်နှင့်ပိုချင်းအား စားပွဲဖြင့်တည်းခံဧည့်ခံနေသည်။ ထိုအမျိုးသမီးနှင့် ကျီရန်မှာ စကားစမြည်ပြောနေကြပြီး ပိုင်ချင်းမှာ မိမိနှင့်မသိသည့်နေရာဖြစ်သည့်အတွက် နှုတ်ဆိတ်ကာသာနေနေသည်။

"နတ်ဘုရား ဘယ်ချိန်တုံးက လက်ထက်လိုက်တာလဲ?"

ထိုစကားကြောင့် နှုတ်ဆိတ်နေသောပိုင်ချင်းမှာ ရီချင်မိသွားသည်။ သို့သော် ရီချင်စိတ်ကိုမြိုသိပ်ကာ ရေနွေးကြမ်းကိုသောက်လိုက်သည်။

"နတ်သမီးက တော်တော်လေးလှတာဘဲ။ နတ်ဘုရားနဲ့ တကယ်ဘဲလိုက်ဖက်တယ်"

"အကြီးအကဲ အထင်လွဲနေပြီ။ ငါကလက်မထက်ရသေးပါဘူး"

"ဒါဆို ဒီနတ်သမီလေးက…"

ဆယ်မိုင်မြေမှချစ်ပုံပြင် [Completed]Where stories live. Discover now