8

38 4 0
                                    

Unicode

"ကျီရန် ကျွန်ှမတို့ ဒုတိယကျင့်စဉ်ကျင့်ရအောင်"

"ကောင်းပြီ။ ခန…တစ်ယောက်ယောက်လာနေသလိုဘဲ" မက်မွန်တောထဲသို့ ၀င်လာသည့်.ထူးဆန်းသည့်အငွေ့အသက်ကို ခံစားမိလိုက်သည်။

ရောက်လာငည့်ဧည့်သည်မှာတော့ ရုပ်ရည်ချောမောသည့် အမျိုးသားတစ်ယောက်ဖြစ်သည်။

"နတ်ဘုရားကျီရန်ပါလား"

"ဟုတ်တယ်။ဘယ်သူလဲ"

ကျွန်တော်က အနောက်ပင်လယ်ရဲ့အိမ်ရှေ့စံ ကျန်းရှောင်ပါ။

ချင်းအာနဲ့လက်ထက်ပေးမည့်နတ်သားဖြစ်မည်ဟုကျီရန်သိသည်။ သို့သော် ချင်းအာသိလို့တော့မဖြစ်။

"ချင်းအာ၊ ဧည့်သည်အတွက် မက်မွန်ဝိုင်သွားယူပေးပါ့လား"
ချင်းအာ အိမ်ထဲ၀င်သွားသည်နှင့်-
"ထိုင်ပါ။ မင်းက ချင်းအာနဲ့စေ့စပ်ထားတဲ့သူမလား။"
"ဟုတ်ပါတယ်"
"ချင်းအာက အရမ်းငယ်သေးတယ်။ သူ့ကို လက်ထက်ပေးမဲ့ကိစ္စကို မပြောရသေးဘူး။ သူငြင်းနေမှာစိုးလို့ပါ။ မင်းက သူနဲ့အဆင်ပြေအောင်နေပြီး နားလည်မှုယူပါ။"
"ကျန်းရှောင် သဘောပေါက်ပါတယ်။ နတ်ဘုရား"

"ချင်းအာ၊ ထိုင်ပါဦး။ သူကအနောက်ပင်လယ်ရဲ့အိမ်ရှေ့စံကျန်းရှောင်။ သူကဆယ်မိုင်မြေ မရောက်ဖူးလို့ဆိုပြီး အလည်လာတာ။ ခနတော့ဒီမှာနေလိမ့်မယ်။"

"ကျွန်မက ချင်ချုံဘုရင်ကြီးရဲ့ အငယ်ဆုံးသမီး.ပိုင်ချင်းပါ"

"နတ်သမီး နတ်သမီး" အသံလာရာသို့ ကြည့်လိုက်သည့်အခါ ရောက်လာသည့် နောက်ထပ်ဧည့်သည်တယောက်မှာ မင်းသမီးယဲ့ရှင်းဖြစ်သည်။

"မင်းဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ"
"နတ်သမီးကိုလိုက်ရှာနေတာပါ။ ကျွန်မအသက်ကိုကယ်ရင်းနဲ့ ဒဏ်ရာရသွားလို့ လိုက်လာတာပါ။ ဆယ်မိုင်မြေမှာ ရှိနိုင်တယ်လို့ ဖခမည်းတော်ကပြောလို့ လိုက်ရှာတာပါ"

"ကောင်းပြီ။ ဒီမှာ လာထိုင်လှည့်ပါ။ ဒီနေ့တော့ ဆယ်မိုင်မြေမှာ ဧည့်သည်တွေစုံနေတာဘဲ။"

"မင်းတို့လူငယ်တွေချည်းဘဲဆိုတော့ စကားပြောလိုက်ကြဦး။ ကိစ္စလေးရှိလို့ ကောင်းကင်နန်းတော်ကိုသွားလိုက်ဦးမယ်။ ခွင့်ပြုပါဦး" ကျီရန်သည် ထိုနေရာမှ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။

ဆယ်မိုင်မြေမှချစ်ပုံပြင် [Completed]Où les histoires vivent. Découvrez maintenant