Unicode
ယဲ့ရှင်းသည် သွေးများပေကျံနေသောဓားကိုကိုင်ကာ ပိုင်ကျန်းရှိရာသို့ ပြေးလာလေသည်။ ယဲ့ရှင်း၏ပုံစံကိုတွေ့လိုက်ပြီး ပိုင်ကျန်းတစ်ယောက် စိတ်ပူသွားသည်။
ယဲ့ရှင်း..ဘာများဖြစ်လာတာပါလိမ့်…။"ယဲ့ရှင်း..ဘာဖြစ်လာတာလဲ?"
မပြောမဆိုဖြင့် ယဲ့ရှင်းက ပိုင်ကျန်း၏ရင်ခွင်ထဲသို့ တိုးဝင်ကာ ငိုကြွေးတော့သည်။ ယဲ့ရှင်းငိုလိုက်၍ ပိုင်ကျန်းသည် ပို၍စိတ်ပူသွားသည်။ သူမ၏ပခုံးစွန်းအား လက်ဖြင့်သပ်ကာ နှစ်သိမ့်ပေးရင်းဖြင့်-
"ယဲ့ရှင်း..မငိုနဲ့တော့။ ငါရှိတယ်။ မင်းမကြောက်နဲ့။ မင်းဘာဖြစ်လာတာလဲ? မင်းကို ဘယ်သူကများ အနိုင်ကျင့်လိုက်တာလဲ?"
သူမသည် ထိုစကားများကိုကြားရသော်အခါ ပို၍ဝမ်းနည်းလာလေသည်။ သူ၏ချစ်လှစွာသောညီမလေးသည် သူကိုယ်တိုင်လက်ဆောင်ပေးလိုက်သောဓားဖြင့် သုတ်သင်ခံလိုက်ရသည်ကိုသိလျှင် ထိုစကားမျိုးကို ပြောနိုင်ပါဦးမည်လား..။
"ကျွန်မ…အဲ့လို့ဖြစ်လာဖို့ မရည်ရွယ်ပါဘူး။ ပိုင်ကျန်း…ကျွန်မ..ကျွန်မတောင်းပန်ပါတယ်"
ပိုင်ကျန်းကနားမလည်ဟန်ဖြင့်-
"ယဲ့ရှင်း..မင်းဘာကိုဆိုလိုတာလဲ?"လက်ထဲတွင် ဆုပ်ကိုင်ထားသောဓားကို သူမက ကမ်းပေးလိုက်သည်။ ထိုအခါမှ ပိုင်ကျန်းသည် ဓားကိုသေချာကြည့်မိတော့သည်။ နတ်ဝိညာဉ်ဓား..။သေချာတယ်…။ဒါဟာ နတ်ဝိညာဉ်ဓားဘဲ..။ ဓားပေါ်မှာ ပေနေတဲ့သွေးတွေက ဘယ်သူ့သွေးတွေလဲ? သူလူသတ်လာတာများလား? ဓားကိုကြည့်လိုက်ရင်း ပိုင်ကျန်းအတွေးများသွားလေသည်။
"ကျန်းရှောင်…သူ..သူက ဒီဓားနဲ့ ချင်းအာကို ထိုးခဲ့တာ.."
စကားလုံးများက သူ၏နားထဲတွင် မိုးကြိုးပစ်သွားသကဲ့သို့ ကျယ်လောင်လှသည်။ ဒါက..ညီမလေးရဲ့သွေးတွေ…။ မဖြစ်နိုင်ဘူး။ ပြီးတော့ သူ့ရဲ့သတို့သားလောင်းက..။
"ယဲရှင်း…မင်းတွေပြောနေတာလဲ? ငါ့ကိုသေချာရှင်းရှင်းလင်းလင်းပြော!!!"
ပိုင်ကျန်း၏အသံသည် ကျယ်လောင်လာပြီး သူ၏မျက်နှာတွင် ဒေါသ၊ မရေရာမှူ၊ နားမလည်မှုတို့က ရောယှက်ကာနေသည်။ ယဲ့ရှင်းသည် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို အလုံးစုံရှင်းပြလိုက်သည်။ ရှင်းပြပြီးသွားသည့်တိုင်အောင် ပိုင်ကျန်းသည် အဖြစ်အပျက်တစ်ခုလုံးအား မယုံနိင်သေး။
YOU ARE READING
ဆယ်မိုင်မြေမှချစ်ပုံပြင် [Completed]
FanfictionLove story from Ten Miles ပိုင်ချင်းဟာ ချင်ချုံပြည်ရဲ့အငယ်ဆုံးသမီးတော်ဖြစ်ပြီး ဆန်းကြယ်သောမက်မွန်ပန်းမှမွေးဖွားလာသူဖြစ်ပါတယ်။ သူမဟာ မက်မွန်ဆယ်မိုင်မြေမှာဘဲအနေများပြီး ဆယ်မိုင်မြေရဲ့ပိုင်ရှင်နတ်ဘုရားကျီရန်ကို တစ်ဖက်သတ်ချစ်နေမိခဲ့တယ်။ သူမမေ့နေခဲ့တာက...