Unicode
တိမ်လွှာနန်းတော်၏ရှုခင်းသည် ယခင်ကကဲ့သို့ပင် လှပတင့်တယ်နေသည်။ တိမ်လွှာပျပျတို့က လေသာဆောင်တွင် မြူခိုးသဖွယ် ဝေ့လွင့်နေ၏။
"ကျီရန်...ရှင်မှတ်မိသေးလား? ကျွန်မကိုဒီနေရာမှာပြန်တွေ့ကြတော့ ကျွန်မကိုမိစ္ဆာဆိုပြီးခေါ်ခဲ့သေးတယ်""မှတ်မိတာပေါ့။ မက်မွန်ပန်းပန်တဲ့မိစ္ဆာဆိုပြီးပြောခဲ့တာ"
"လောင်ဖုန်းဟွာ!!"
"ဒါပေမဲ့ အဲ့မိစ္ဆာမလေးက ငါ့နှလုံးသားကိုဖမ်းစားသွားတယ်လေ"
စိတ်ဆိုးချင်နေသောသူမ၏စိတ်သည် ကျီရန်၏ကျီစယ်သောစကားလှလှလေးအောက်တွင် ကျရှုံးသွားသည်။
"အဟင်း...အဟင်း...."
ပိုင်ကျန်းသည် ချောင်းဟန့်သံပြု၍ သူတို့ရှိရာသို့ရောက်လာသည်။ သူ၏ဘေးတွင် ဖူကျင့်လည်း လိုက်ပါလသည်။ ပိုင်ကျန်းသည် ပိုင်ချင်းနှင့်ကျီရန်၏လက်ထပ်ခြင်းအပေါ် သိပ်ပြီးတော့ဘဝင်မကျလှပါ။ နှစ်သောင်းချီတိုင် ဝိုင်တူတူသောက်ခဲ့ကြပါသော်လည်း ထိုအကြောင်းကိုသိသည်မှာတော့နောက်ဆုံးမှသာ။ ထို့ကြောင့် သူ၏စိတ်တွင် မတင်မကျဖြင့်စိတ်တိုနေလေ၏။"ချင်းအာ...မရောက်လာစဖူးအတူတူရောက်လာကြတာဘဲ"
"အစ်ကိုလေး..ညီမတို့က မင်္ဂလာပွဲကိုလာပြီးဖိတ်တာပါ"
""ဂုဏ်ပြုပါတယ် ယောင်းမလေး"
"ကျေးဇူးတင်ပါတယ် မမ.."
ပိုင်ချင်းသည် ဖူကျင့်အားကျေးဇူးတင်စကားပြောလိုက်သည်။ သို့သော် ပိုင်ကျန်းကတော့တစ်ခွန်းမျှမဟပါ။ ထို့ကြောင့် ဖူကျင့်ကခင်ပွန်းဖြစ်သူအား လက်တို့လိုက်ပြီး
"ကျန်းကျန်း..."မိမိအားစိတ်ဆိုးနေသည်ကိုရိပ်မိသောကျီရန်က
"ကျန်းကျန်း ...အဲ့နေ့မှာ မင်းလဲဒီထပ်ပိုပြီးပျော်ရမယ်လို့ ငါအာမခံတယ်""ကျီရန် ..ခင်ဗျားပြောတာဘာအဓိပ္ပါယ်လဲ? ကျွန်တော့်ညီမက နှစ်သုံးသိန်းလောက်ရှိတဲ့နတ်ဘုရားအိုတစ်ယောက်နဲ့လက်ထပ်တာကို ပျော်ပေးရမလား?"
"ကျန်းကျန်း ကျီရန်ကိုအဲ့လိုမပြောသင့်ဘူး။ ရှင်စိတ်ဆိုးနေတာဆိုပေမဲ့ သူကချင်းအာရဲ့ရွေးချယ်မှုဘဲလေ။ မဟုတ်ဘူးလား?"
YOU ARE READING
ဆယ်မိုင်မြေမှချစ်ပုံပြင် [Completed]
FanfictionLove story from Ten Miles ပိုင်ချင်းဟာ ချင်ချုံပြည်ရဲ့အငယ်ဆုံးသမီးတော်ဖြစ်ပြီး ဆန်းကြယ်သောမက်မွန်ပန်းမှမွေးဖွားလာသူဖြစ်ပါတယ်။ သူမဟာ မက်မွန်ဆယ်မိုင်မြေမှာဘဲအနေများပြီး ဆယ်မိုင်မြေရဲ့ပိုင်ရှင်နတ်ဘုရားကျီရန်ကို တစ်ဖက်သတ်ချစ်နေမိခဲ့တယ်။ သူမမေ့နေခဲ့တာက...