49

26 2 0
                                    

Unicode

ချင်းအာ မင်းရဲ့လက်တွေကဘာလို့အေးစက်နေရတာလဲ?"

ပိုင်ချင်းက ကျီရန်ဆုပ်ကိုင်ထားသောလက်နှစ်ဖက်ကိုဖယ်လိုက်ပြီး-

"ကျွန်မလည်း မသိဘူး။ လွန်ခဲ့တဲ့နှစ်သုံးရာက အဲ့လိုစဖြစ်တာ"

နှလုံးတစ်ဝက်နှင့် နှလုံးထဲရှိအနွေးဓာတ်အချို့ပါ လောင်ကျွမ်းသွားခြင်းကြောင့် ထိုသို့အေးစက်နေသည်ကို သူမသိလေသည်။ အမှန်အတိုင်းသာသ်ိသွားလျှင် စိတ်မကောင်းဖြစ်နေမည်စိုး၍ လိမ်ပြောလိုက်မိ၏။

"မင်း ဘယ်တွေသွားနေခဲ့တာလဲ?"

"ကျွန်မက မိစ္ဆာနယ်မြေထဲမှာ ရှောင်ပုန်းနေခဲ့တာ။ ကျွန်မရဲ့ဒီပုံစံကိုမြင်ပြီး တစ်ယောက်ယောက်စိတ်ထိခိုက်မှာကိုမလိုလားခဲ့ဘူး"

"ချင်းအာ မင်းရဲ့နဂိုပုံစံအတိုင်းဖြစ်အောင် ငါဆေးဖော်ပေးမယ်။ ဘယ်လောက်ဘဲခဲယဉ်းပါစေ မဖြစ်ဖြစ်အောင် လုပ်ပေးမယ်"

"မဟုတ်ဘူး။ ရှင်အဲ့လိုမလုပ်နဲ့"

"ဘာလို့လဲ?"

"ကျွန်မကြိုးစားပြီးပြီ။ ဒီပုံစံကပြောင်းလဲဖ်ို့မဖြစ်နိုင်ဘူး။ ရှင်အဲ့လိုကြိုးစားရင်နဲ့ တစ်ခုခုဖြစ်သွားရင် ကျွန်မအပြစ်လည်းကင်းမှာမဟုတ်ဘူး။ အဲ့လိုသာဆိုရင် ကျွန်မနောက်တစ်ခါ ပျောက်ကွယ်သွားမိလိမ့်မယ်"

ပျောက်ကွယ်သွားမယ်ဆိုသောအကြောင်းကိုကြားသည်နှင့် ကျီရန်ပို၍စိုးထိတ်သွားသည်။ သူမအား နောက်တစ်ခေါက်ထပ်ပြီး ထွက်သွားခွင့်ပြုမည်မဟုတ်ဟု ခိုင်ခိုင်မာမာဆုံးဖြတ်ထားလေသည်။ ထို့ကြောင့်-

"ကောင်းပြီ။ မင်းမကြိုက်ရင် ငါမလုပ်တော့ဘူး။ နောက်တစ်ခါဘယ်မှထပ်ပြီးထွက်မသွားပါနဲ့"

"ဒါနဲ့ ချင်းအာ ခုနကမင်းပြောလိုက်တဲ့အဓိပ္ပါယ်က ငါတစ်ခုခုဖြစ်သွားမှာစိုးရိမ်တယ်လို့ပြောတာလား?"

သူမအားစိုက်ကြည့်နေသာအကြည့်များက သူမကရှောင်လွှဲလိုက်ပြီး-
"ကျွန်မ…ကျွန်မပြောတာအဲ့လိုသဘောမဟုတ်ဘူး။ ကျွန်မအပြစ်မကင်းမှာစိုးလို့ကိုပြောတာ"

ဆယ်မိုင်မြေမှချစ်ပုံပြင် [Completed]Donde viven las historias. Descúbrelo ahora