10

38 3 0
                                    

Unicode

"လီရှန်း ရှင့်လက်ကဒဏ်ရာ!"
လီရှန်းသည် သူမ၏ခေါင်းကို မထိခိုက်စေရန် လက်ဖြင့့်ကာပေးလိုက်သဖြင့် ကျောက်တုံးနှင့် ထိခိုက်မိသွားခြင်းဖြစ်သည်။

"သွေးတွေထွက်နေတယ်"

"ရပါတယ် ..ဒီလောက်က ဘာမှမဖြစ်ဘူး"

"ဘာမှမဖြစ်ရမှာလဲ…ဒီလောက်သွေးထွက်နေတာကို"

ယွင်သည် သူမ၏ အင်္ကျီစကို ဖြဲလိုက်ပြီး သွေးထွက်နေသောနေရာအား စည်းပေးလိုက်သည်။

"ရှင်ဒီမှာ ခဏစောင့်နေ..ကျွန်မရှင့်ဒဏ်ရာထည့်ဖို့ ဆေးရွက်တစ်ခုခုသွားရှာလိုက်ဦးမယ်"

သူမထထွက်သွားမည်ပြုသည်နှင့်-
"ဒါပေမဲ့ မင်းသမီး..ကျွန်တော်…"

"ကျွန်မကို ယွင်လို့ခေါ်ဖို့ ပြောထားတယ်လေ"
နောက်ဆုံးမတားနိုင်သည် ဖြစ်၍ လွှတ်လိုက်ရလေသည်။

နာရီဝက်ခန့်ကြာပြီးနောက် လက်ထဲတွင်ဆေးရွက်များကိုင်ကာ ပြန်ရောက်လာသည်။

"ဒီအရွက်က သွေးထွက်နေတဲ့ဒဏ်ရာတွေမှာ သိပ်ပေးရင် အနာမရင်းဘူးလို့ စာအုပ်တွေထဲမှာ ဖတ်ဖူးတယ်။ ခနစောင့်..ဒါကို ကြေအောင်လုပ်လိုက်ဦးမယ်"
သူမသည် တစ်ယောက်ထဲ ဒဏ်ရာကို ဆေးထည့်ပေးရန်အတွက် အလုပ်များနေသည်။ သူမကို မျက်ခြေမပြတ်ထိုင်ကြည့်နေသော လီရှန်း၏အကြည့်များကိုပင် မမြင်ရှာ။

"ယွင်..တကယ်ဆို ငါကမင်းကို စောင့်ရှောက်ပေးရမှာ..အခုတော့ ငါ့ကိုမင်းက ပြန်ဂရုစိုက်နေရတယ်"

"လီရှန်း..ရှင်သိထားဖို့က ကျွန်မတို့က စေ့စပ်ထားတဲ့သူတွေဘဲ..နောင်ကျရင်လဲ အချင်းချင်းမှီခိုပြီးနေရမှာ..ဒီလောက်လေးကို စိတ်ထဲထားမနေနဲ့..ရပြီ"

စည်းထားသောအ၀တ်စကိုဖြည်ပြိး ကြိတ်ထားသောဆေးရွက်များကို အနာပေါ်တွင်အုပ်ပေးနေသည်။ သူမသည် သူ့အတွက် စေတနာအပြည့်ဖြင့် သေချာလုပ်ပေးနေခြင်းဖြစ်သည်။ ထိုစေတနာကို လီရှန်းကိုယ်တိုင်လည်း မြင်နေရလေသည်။

"ခနနေရင် မှောင်လာတော့မှာ…နေဖို့နေရာရှာရအောင် မနင်ကျမှ ပြန်ဖိူ့လမ်းရှာတာပေါ့"
စစ်သူကြီးသည် မလှမ်းမကမ်းတွင်ရှိသော ဂူတစ်ခုတွေ့သွားသည်။ ထိုနေရာတွင် ခနနားရန်ပင်ဆုံးဖြတ်လိုက်သည်။

ဆယ်မိုင်မြေမှချစ်ပုံပြင် [Completed]Where stories live. Discover now