4

83 5 0
                                    

Unicode

   "ဆယ်မိုင်မြေသခင်မ"…
ကျီန်နဲ့ချင်းအာတို့သည် တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်ကြည့်လိုက်မိသည်။ "ရပါတယ်။ ကျွန်မကအသက်ငယ်သေးတော့ ဂရဝါပြုစရာမလိုပါဘူး"ချင်းအာသည် အပြုံးလေးဖြင့် ပြန်ဖြေလိုက်သည်။ "နတ်သမီးက အတော်လေးလှတဲ့အပြင် ကြင်နာတတ်တာဘဲ။ နတ်ဘုရားကျီရန်နဲ့ တကယ်ဘဲလိုက်ဖက်ပါတယ်။" နတ်များလဲ ထင်ရာမြင်ရာများဖြင့်နှုတ်ဆက်ရင်း ထွက်သွားကြသည်။ "ချင်းအာ၊ သူတို့တကယ်ယုံသွားပြီထင်တယ်" ကျီရန်မှာ တစ်ခွန်းမှ မဟလိုက်ရဘဲ အခုမှသာမေးနိုင်တော့သည်။ "ဘုံကိုးဘုံမှာ ပြောစရာကောလဟလတစ်ခုရတာပေါ့။" ချင်းအာကတော့ခပ်ပြုံးပြုံးပင်။ "ချင်းအာ၊ မင်းကတော့တကယ်ပါဘဲ" ကျီရန်သည် ဘာမှဆက်မပြောဘဲသာငေးနေလေ၏။ "ဖီးနစ်ကြီး၊ ကျွန်မလို ချစ်ဖို့ကောင်းတဲ့နတ်သမီးလေးနဲ့ အထင်မှားခံရတာမကောင်းဘူးလား။ အသက်သုံးသိန်းခြောက်သောင်းရှိတဲ့ နတ်ဘုရားကျီရန်က နှစ်သုံးထောင်ဘဲရှိသေးတဲ့ နတ်သမီးချောချောလေးနဲ့ မေတ္တာရှိနေပါတယ်လို့ အထင်လွဲခံရမှာကို ရှက်နေတာလား။ ဟွန့်" ဆူပုတ်ပူတ်လေးနှင့် စနေသည်။ ကျီရန်မှာတော့ ဘာမှပြန်မပြောနိုင်။ ကျီရန်မှာလဲ ပိုင်မိသားစုရဲ့ကလေးတွေဒဏ်တော်တ်ာခံရရှာသည်။ ပိုင်ကျန်းက အသက်သိန်းကျော်နေ၍ ကလေးမဟုတ်တော့သော်လည်း နှစ်သုံးထောင်သာရှိသေးသော ချင်းအာကိုတော့ ထိန်းရရှာ၏။ ငယ်ငယ်ကလေးထဲက ချင်ချုံမှာ နေတာရှားသည်။ ဆယ်မိုင်မြေထဲမှာဘဲဆော့ကစားရင်း ကျီရန်နှင့်ပိုင်ကျန်းလက်ပေါ်တွင်ဘဲ ကြီးပြင်းလာသည်။ သူ့အမငယ်ငယ်ကအတိုင်း အဆော့မက်ပြီး အစအနောက်အလွန်သန်သည်။ တစ်ခါကဆို ကျီရန်၏ ဖီးနစ်ဌက်အမွှေးလိုချင်သည်ဟု ဂျီကျနေ၍ အတော်ချော့ယူလိုက်ရသည်(ဒီကလးမနဲ့မှအမွှေးပြောင်တော့မှာ😂)။ တစ်ခါတစ်ရံ စနောက်တာလွန်၍ စိတ်ဆိုးသွားလျှင်တော့ အလိုက်တသိနှင့် ဟင်းကောင်းကောင်းချက်ကျွေးပြီး ပြန်ချော့ရှာသည်။
သူမသည် ဟင်းချက်အလွန်ကောင်း၍ မက်မွန်ပွင့်ဖတ်များဖြင့်ပုံဖော်ကာ မက်မွန်ပန်း၀တ်ဆံဖြင့်ပြုလုပ်ထားသော မက်မွန်းပွင့်လမုန့်မှာ စားအကောင်းဆုံးဖြစ်သည်။ ထိုမုန့်ကိုတော့ ကျီရန်နဲ့ပို်င်ကျန်းမွေးနေ့များတွင် လုပ်ကျွေးလေ့ရှိသည်။ နတ်ဘုရားနှစ်ပါးနှင့်သာ ဝိုင်သောက် ၊ ဟင်းချက်ရင်း ဆယ်မိုင်မြေတွင်သာနေတာများပြီး အပြင်သို့သိပ်မထွက်တတ်။ နတ်ဘုရားနှစ်ပါးနှင့်သာနေ၍ နတ်ဘုရားနှစ်ပါးသွားရာနောက်သို့သာ တကောက်ကောက်လိုက်လေသည်။ ယခုအခါမှာလဲ နတ်ဘုရားများကို စနောက်လိုက်၍ ကျီရန်မှာ စိတ်မဆိုးရှာပေ။ ပိုင်ကျန်း နှင့်သူမှာ သူမဆီမှ တစ်မျိုးမျိူးမဟုတ် တမျိူး ခံရတတ်၍ ရိုးနေရှာပြီ်။ "ကျီရန်၊ ခင်ဗျားတို့ကို လိုက်ရှာနေတာ" လက်ထဲတွင် ဝိုင်ပုလင်းလေးကိုင်ပြီးရောက်လာသည်။ "အကိုလေး၊ ဘာလို့ကြာနေတာလဲ။ နတ်သမီးလေးတွေနဲ့စကားပြောနေတာလား" "ချင်းအာ၊ ငါ့မှာဒီဝိုငိက်ု တော်တော်လေးရှာလိုက်ရတယ်၊ မြောက်ပင်လယ်ဘုရင်ရဲ့သမီးတော်ဆိုတဲ့နတ်သမီးက ငါ့ကိုနောက်ပြောင်သွားသေးတယ်၊ ငါ့မှာ ဒေါသထွက်လိုက်ရသေးတယ်။" "ဘယ်နတ်သမီးလဲ၊ ချငိးအာမဟုတ်တဲ့ဘယ်နတ်သမီးကစရဲတာလဲ၊ ချင်းအာအကို့ကို ထိရင်မကြိုက်ဖူးနော်" "ချင်းအာ၊ မင်းဘဲမင်းအကိုကို နတ်သမီးတွေကြားထဲပို့လိုက်တာလေ" ကျီရန်က၀င်ပြောလိုက်သည်။ "ထားလိုက်တော့၊ ခန်းမဆောင်ထဲသွားရအောင်"သုံးယောက်သား ထွက်သွားကြသည်။
   ခန်းမထဲတွင်နေရာယူ၍ ဧည်ြ့ခံဖျော်ဖြေသည်များကို ကြည့်ရှုနေသည်။ "ချင်းအာ ပျင်းလာပြီ။ နတ်သမီးတွေကတောက်လျှောက်ကနေတာမကြည့်ချင်တော့ဘူး။ အပြင်သွားလိုက်ဦးမယ်" "ချငိးအာ၊ အရမ်းမဆော့နဲ့နော်။ အဝေးကြီးမသွားနဲ့"အကိုဖြစ်သူကတော့ ညီမအငယ်ဆုံးလေးအား စိတ်ချတဲ့ပုံမပေါ်။ ညီမကတော့မြင်တောင်မမြင်လိုက်ရပာ၊ ချက်ချင်း အခိုးအငွေ့တန်းဖြင့်ပျောက်သွားသည်။ 
"ခုနက ဒီဖက်ဘဲရောက်သေးတာ။ ဟိူဘက်တွေဆက်သွားကြည့်ရမယ်" တယောက်ထဲလျှောက်သွားကြည့်ရင်းနှင့် ကျောက်ဆောင်တစ်ခုအကွယ်အရောက်တွင်" သေချာဖမ်းထား။ မလွတ်စေနဲ့။ ဟိုရောက်မှသေချာဆုံးမပေးရမယ်။"အသံလာရာသို့ ကြည့်လိုက်သော်အခါ နတ်သမီးငယ်လေးတစ်ပါးကို လူတစ်စုကဝိုင်းဖမ်းထားသည်။ အရပ်ရှည်၍ ရုပ်ဆိုးဆီုးဖြင့် ခေါင်းဆောင်ဖြစ်ဟန်ရှိသောလူက အမိန်ပေးနေသည်။ "ငါ့ကိုအခုလွှတ်စမ်း။ အရုပ်ဆိုးတဲ့အကောင့ရဲ့" မိန်းမပျိုလေးမှာ ရုန်းရင်းဖြင့် အော်နေ၏။ "ဟိုတစ်ခါ ငါ့နန့်းတော်မှာလာပြီး သောင်းကျန်းသွားကထဲက မငိးကိုမကျေတာ။ အခုငါ့ကိုရုပ်ဆိုးတယ်လို့ပြောပြန်ပြီ။ ရုပ်ဆိုးတဲ့ငါ ဘာလုပ်နိုင်တုံးကြည့်ထားပေါ့။ " "ဖခမည်းတော်နဲ့တိုင်ပြောမယ်" "မြောက်ပင်လယ်ဘုရင်ကဘာလုပ်နိုင်မှာမလို့လဲ။ သူ့သမီးလေးကို ရေသူမမျိုးနွယ်စုကဖမ်းသွားမှန်း ရိပ်မိမှာတောင်မဟုတ်ဖူး။ မင်းကိုဘယ်သူမှမကယ်နိုင်ဘူး။ ဟား ဟား ဟား" ချင်းအာသည်အဖြစ်အပျက်တစ်ခုလုံးက်ုစောင့်ကြည့်ရင်း ဘာလုပ်သင့်သည်ကိုဆုံးဖြတ်လိုက်သည်။သူတစ်ပားဒုက္ခရောက်နေသည်ကို ကြည့်မနေတတ်သောသူမသည် ထိုနတ်သမီးလေးကို ဝင်ကယ်ရန်ဖြစ်သည်။ ထို့နောက်လျှင်မြန်စွာဖြင့်ပင် တန်ခိူးကိုသုံးပြီး ဖမ်းထားသောသူများအား အဝေးသို့ရောက်အောင် လုပ်လိုက်သည်။ နတ်သမီးမှာ ချင်းအာဆီသို့ရောက်လာသည်။ "အဆင်ပြေရဲ့လား။ ထိခိုက်မိသေးလား" "ရတယ်။ ဘာမှမဖြစ်ဖူး" နတ်သမီးမှာ ချင်းအာအားကျေးဇူးတင်သောမျက်လုံးအစုံဖြင့် ပြန်ဖြေလိုက်သည်။ "မင်းနဲ့ဘာဆိုင်လို့ဝင်ရှုပ်တာလဲ" "မိန်းကလေးတယောက် ဒုက္ခရောက်တာကို လက်ပိုင်ကြည်မနေနိုင်ဘူး။ နောက်ထပ်မလုပ်ရဲအောင် ဆုံးမပေးသင့်တယ်" "နှစ်ယောက်လုံးကို ဖမ်းကြစမ်း"။ ချင်းအာနဲ့ယုံရှင်းမှာလဲ ပြန်လည်တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေလေသည်။ နတ်သမီးလေးများသည် လိမ္မာပါးနပ်စွာဖြင့် ဓားချက်များကို ရှောင်ရှားရင်း ပြန်တိုက်နေကြသည်။ သူတိူ့၏နတ်တန်ခိုးဒဏ်များကြောင့် ရန်သူများသာ.ကျရှုံးရသည်။ မဟန်မှန်းသိ၍  ခေါင်းဆောင်ကိုယ်တိုင် ဝင်တိုက်ခိုက်သည်။ မိန်းကလေးနှစ်ယောက်ကို ၎င်း၏ဓားချက်များက နဲနဲလေးမှ ဒဏ်ရာဒဏ်ချက်မပေးနိုင်။ ပိုးပဝါစများ ဖန်တီးပြိး ဓားကိုဖယ်ရှားလိုက်သည်။ ယုံရှင်းကလည်း နောက်မှနေ၍ အလစ်ဝင်တိုက်ပြီး လက်ပြန်တုပ်ကာ ဒူးကို ရိုက်ချလိုက်သည်။ ထိုသူမှာလည်း နောက်ဆုံးတော့ မိန်းကလေးနှစ်ဦးထံ ကျရှုံးသွားလေသည်။
"နောက်ဒီလိုမျိူးထပ်မလုပ်အောင် ကောင်းကောင်းဆုံးမပေးပါ"
"နတ်သမီးကိုကျေးဇူးတင်ပါတယ်။ အခုလို ယုံရှင်း အသက်ကို ကယ်ပြီး လူဆိုးပါကူဖမ်းပေးလို့"
"ရပါတယ်။ မိန်းကလေးတယောက်အနိုင်ကျင့်နေတာကို ဒီအတိုင်းကြည့်မနေနိုင်လို့ပါ"
"ကျွန်မကိုသွားခွင့်ပြုပါဦး" သွားမည်အပြု နောက်သို့လှည့်လိုက်စဉ် ဖမ်းထားသော လူဆိုးပါးစပ်ထဲမှာ အပ်ကဲ့သိ်ု့သောအရာလေးတစ်ခုက အလျင်အမြန်ထွက်လာပြီး ချင်းအာ၏ ပုခုံးစပ်နားသို့သွားစိုက်သည်။ "နတ်သမီး"ယုံရှင်းလဲ ရုတ်တရက်အံ့သြ၍ ချုပ်ထားသောလက်ကို လွှတ်လိုက်မိသည်။ ယုံရှင်းအားတွန်းလှဲ၍ လူဆိုးမှာ အလျင်အမြန် ပျောက်ကွယ်သွား၏။ ချင်းအာသည်နောက်ကျောဖက်သို့ တစ်ခုခုလာစိုက်သည်ကို သတိထားလိုက်မိသည်။ ချက်ချင်းပင် ရင်ဘတ်ထဲမှ စူးရှစွာ နာကျင်လာပြီး မူးဝေလာကာ ထိန်းမရတော့ဘဲ လဲကျသွားသည်။ သူမနောက်ဆုံးမြင်လိုက်သောသူမှာ သူမကယ်ခဲ့သော နတ်သမီးလေးပင်ဖြစ်သည်။
"ဟင်၊ ဒါရေသူမကြေးခွံဘဲ။ လာကြပါဦး။ တစ်ယောက်ယောက်ကယ်ကြပါဦး……"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
📢P.s-Most of the characters are owns to Tang Qi. This is fan-ficition.Some characters are created by me.I credited to original writer Tang Qi. 📢

ဆယ်မိုင်မြေမှချစ်ပုံပြင် [Completed]Where stories live. Discover now