3

100 6 0
                                    

Unicode

   မြောက်ပင်လယ်၏သလင်းနန်းတော်သည် သားအငယ်ဆုံးလေး၏မွေးနေ့ပွဲအတွက် ပြင်ဆင်မွမ်းမံကြ၊ ဧည့်သည်တော်များကို ဧည့်ခံကြရင်း ဘုံကိုးဘုံမှ နတ်တို့ဖြင့် ခြေချင်းလိမ်နေသည်။ ထိုစဉ်တွင် နတ်ဘုရားနှစ်ပါးနှင့် နတ်သမီးလေးတစ်ပါးသည် မြောက်ပင်လယ်တံခါးဝသို့ ရောက်ရှိလာ၏။ မက်မွန်ဆယ်မိုင်မြေမှ နတ်ဘုရားများပင်ဖြစ်၏။
ဧည့်ခန်းမဆောင်တွင် လူရှုပ်နေသည်နှင့် နတ်ဘုရားတို့သည် ဥယျာဉ်ထဲတွင်ပင် ထိုင်နေကြသည်။ ပိုင်ချင်းသည် နတ်ဘုရားကျီရန်ဆီသို့ အဓိပ္ပါယ်ပါသော အကြည့်တစ်ခုဖြင့် လှမိးကြည့်လိုက်သည်။ ကျီရန်ကတော့နားမလည်ဟန်။ ဒါပေမဲ့ ဒီကလေးမတစ်ခုခုလုပ်တော့မည်ဟု စိန်ထဲတွင်တော့သိနေသည်။ "ကျန်းကျန်း မြောက်ပင်လယ်မှာ ကမာကောင်ကနေချက်ထားတဲ့ ပုလဲဝိုင်ဆိုတာရှိတယ်လို့ကြားဖူးတယ်။ အဲ့ဝိုင်က တော်တော်လေးသောက်လို့ကောင်းတယ်တဲ့။ ချင်းအာသောက်ကြည့်ချင်လို့ သွားယူပေးပါ့လား" မျက်လုံးလေးအဝိုင်းသားနှင့် အကိုဖြစ်သူအကျီလက်လေးကိုင်ပြီး ချွဲနေသည်။ "ချင်းအာ အကို့ကိုကျန်းကျန်းလို့ခေါ်ပြန်ပြီလား"အကိုဖြစ်သူကမျက်စောင်လေးထိုးလိုက်သည်။ "အကိုလေးကလဲ ၊ ကျီရန်ကအကို့ကို ချစ်လို့ကျန်းကျန်းလို့ခေါ်တာလေ။ ညီမလေးကလဲ ချစ်လို့ခေါ်တာဘဲကို။ ခေါ်လို့မရဘူးလား"အကိုဖြစ်သူအားကပ်၍ ချွဲနေသည်။ ဒီလိုချွဲလိုက်လျှင် ပိုင်ကျန်းမှာမနေနိုင်။ ညီမတော်လိုချင်တဲ့ကို လုပ်ပေးရမည်။"ခနစောင့်တော်မူပါ။ ကျန်းကျန်းသွားယူလိုက်ဦးမယ်နော်" ပြောရင်းနှင့်ပင် ထထွက်သွားလေသည်။ပိုင်ကျန်းထွက်သွားသည်နှင့် ချင်းအာမှာ ပြုံးစိစိဖြစ်လာသည်။"ချင်းအာ ဘာတွေသဘောကျနေတာလဲ"။ "ကျီရန်ကလဲ၊ ချင်းအာက အကိုလေးကိုစလိုက်တာပါ။ ခုနကဝိုင်တေထားတဲ့နေရာလှမိးကြည့်လိုက်တော့ အဲ့နေရာမှယ နတ်သမီးတွေအများကြီးဘဲ။ တမင်အဲ့နေရာကိုသွားခိုင်းတာ။ အကိုလေးတော့ဘယ်လိုဖြစ်နေတဲ့ပုံကို ကြည့်ချင်လိုက်တာ၊ ဟီး ဟီး""ချင်းအာ၊ မင်းကတော့တကယ်ပါဘဲ။ အကို့ကိုမစရရင်မနေနိုင်ဘူး။ တခါတလေငါတောင်အဆစ်ပါသေးတယ်။"ကျီရန်သညိ သဘောကျစွာပြုံးလိုက်သည်။
"ကျီရန်၊သွားရအောင်၊ ချင်းအာကို အခြားနေရာတွေလိုက်ပြ""မင်းအကို့ကို မစောင့်တော့ဖူးလား။" "သူပြန်လာရင် သူ့နောက်ကနေ နတ်သမီးလေးတွေတန်းစီပါလာမှာ။ လူရှုပ်လိမ့်မယ်။ မနေချင်ဘူး။ နဲနဲကြာမှ ပြန်လာရအောင်" ကျီရန်လဲ ဘာမှမငြင်းတော့ဘဲ ချင်းအာနောက်သို့လိုက်သွားလေသည်။
   ထိုအချိန် နတ်ဘုရားပိုင်ကျန်းတစ်ယောက်မှာတော့ယောင်ချာချာနှငိ့ ညီမဖြစ်သူသောက်ချင်သောဝိုင်ကို လိုက်ရှာပေးနေရသည်။ "ဒီမှာ၊ ပုလဲဝိုင်ကဘယ်ဟာလဲဆိုတာပြောပြပေးပါလား" အနီးအနားကနတ်သမီးတွေကို မေးကြည်သည်။ "နတ်သားလေးက ပုလဲဝိုင်သောက်ချင်လို့လား။" "အခြားဝိုင်တွေရော မြည်းမကြည့်ချင်ဖူးလား။" "ဝိုင်အတူတူသောင်မယ့်အဖော်ရောရှိလား" တစ်ယောက်တစ်ပေါက်ဖြင့် ချောမောလွန်းလှသော မြေခွေးနတ်ဘုရားနားအား  နတ်သမီးတွေ ဝိုင်းလာကြသည်။  ခပ်လှမ်းလှမ်းမှ နတ်သမီးလေးတစ်ပါးသည် လူအုံနေသည်ကို လှမ်းကြည့်နေသည်။ သူမသည် မြောက်ပင်လယ်ဘုရင်၏ ဒုတိယသမီးတော်ယုံရှင်းပင်ဖြစ်သည်။ ကောင်းကင်မင်းကြီး၏ အချစ်ဆုံးမြေးလေးလဲ ဖြစ်သည်။ အားလုံးကဝိုင်းချစ်ပြီးအလိုလိုက်ထား၍ ဆ်ိုးနေသောသူလေးလဲဖြစ်သည်။ "ပုလဲဝိုင်ရှိတဲ့နေရာကျွန်မသိတယ်" ပိုင်ကျန်းမှာ နောက်ဆုံးတော့ကယ်တင်ရှင်ရောက်လာပြီထင်ပြီး သက်ပြင်းချမိသည်။ "ကျွန်မနောက်လိုက်ခဲ့ပါ" ပိုင်ကျန်းလဲထိုနတ်သမီးနောက်သို့လိုက်သွားလေသည်။ ဒီနတ်သားကတော်တော်တော့ချောတာဘဲ။ ဒ။ပေမဲ့ နတ်သမီးတွေ ဝိုင်းဝိုင်းလည်နေတယ်။ အဲ့လိုမျိူးဆို ကြည့်လို့ကိုမရဘူး။ နဲနဲတော့ဆုံးမရမယ်။ ခိခိ။ ဟိူနတ်သမီးတွေလဲ စိတ်တိုပြီးကျန်နေခဲ့လောက်တယ်။ နတ်သားချောချောလေးကိုခေါ်ထုတ်သွားလို့ဆိုပြီး။ တစ်ယောက်ထဲစိတ်ထဲတွင် ကြိတ်ပြီးသဘောကျနေမိသည်။.ပိုင်ကျန်းကတော့ ဘာမှမသိရှာ။ တကယ်အဟုတ်မှတ်ပြီး လိုက်လာသာ်။ နန်းဆောင်တော်တော်များကို ဖြတ်ပြီး နေရာတစ်နေရာရောက်လာ၏။"နတ်သမီး။ ဘာမှလဲမရှိပါ့လား။ ဒီနေရာမှာ" ပိုင်ကျန်းလဲ အံသြစွာမေးလိုက်သည်။ "ဟုတ်တယ်လေ။ ဘာမှမရှိဘူး။" "မင်းပြောတော့ပုလဲဝိုင်ရှိတဲ့နေရာသိတယ်ဆို" "သိတယ်လေ။ ဒါပေမဲ့မပေးဘူး" "ဒါဆိုဘာလို့ခေါ်လာတာလဲ" "နတ်သားလေး။ ရှင်ကရုပ်တော့ချောပါရဲ့။ ဒါပေမဲ့ ရုပ်ချောတိုင်း ပုလဲဝိုင်ကို သောက်လို့မရဖူးရှင့်။ ပုလဲဝိုင်က တန်ခိုးကြီးတဲ့နတ်ဘုရားတွေ၊ မြောက်ပင်လယ်ရဲ့အထူးဧည့်သည်တော်တွေမှ သောက်လို့ရတာ။ သိရဲ့လား" ပိုင်ကျန်းအနဲငယ်ဒေါသထွက်သွားလေသည်။ "အတင့်ရဲလိုက်တာ" "ရှင်ကတော့ သူများနန်းတော်မှာ နတ်သမီးလေးတွေနဲ့ စကားဖောင်ဖွဲ့နေတာကရော။ အတင့်ရဲတာမဟုတ်ဖူးလား""မင်းပြောလေကဲလေပါ့လား" ။ ယုံရှင့း တစ်ခုခုပြန်ပြောဖို့ ပါးစပ်ဟလိုက်စဉ်ပင် "ယုံရှင်း။ တော်တော့" အသံပိုင်ရှင်မှာ မြောက်ပင်လယ်ဘုရင်ဖြစ်သည်။ "ဖခမည်းတော်"ယုံရှင်းမှာ အနည်းငယ်တော့လန့်သွား၏။ "ပိုင်ကျန်းနတ်ဘုရား။ ကျွန်တော့်သမီးလေးက အဆော့မက်ပြီး နောက်ပြောင်မိတာပါ။ တောင်းပန်ပါတယ်။ ခွင့်လွှတ်ပါ" "ပိုင်ကျန်းနတ်ဘုရား။ နတ်သားချောချောလေးကပိုင်ကျန်းနတ်ဘုရားလား။ ပိုင်ကျန်းနတ်ဘုရားက အသက်ကြီးနေပြီလေ။ နတ်သားချောချောလေးဘယ်လို ဖြစ်နိုင်မှာလဲ။"ယုံရှင်းမီာ တအံ့တသြနှင့် ပိုင်ကျန်းအားစိုက်ကြည့်နေသည်။ ဒီလိုကျတော့လဲ ပိုင်ကျန်းမှာ အနေရခက်ရပြန်၏။ "ယုံရှင်းမြန်ုမြန်တောင်းပန်လိုက်""နတ်ဘုရား။ ယုံရှင်းကိုခွင့်လွှတ်ပါ။ ယုံရှင်းနောက်ပြောင်တာလွန်သွားပါတယ်" "ကောင်းပြီ။ ငါခွင့်လွှတ်ပါတယ်။ ကလေးတယောက်ကစတာဘဲကို" ကလေးဟုခေါ်လိုက်၍ စိတ်ထဲတွင်တော့သဘောမကျပါ။ အဖေရှိနေ၍သာ ဘာမှပြန်မပြောရဲ၍နှုတ်ဆိတ်နေရသည်။ကိုယ့်ဘာသာဆိုလျှငိ ကလေးမဟုတ်တော့ဘူးဟု ပြန်ပြောမိမည်ပင်။ "ပုလဲဝိုင်က ဟိုဘက်အဆောင်မှာ ရှိပါတယ်။ ကျွန်တော်နဲ့လိုက်ခဲ့ပါ။ အထူးဧည့်သည်တွေကိုဘဲဧည့်ခံတာမလို့အပြင်မှာမထားတာပါ" ပိုင်ကျန်းလဲ မြောက်ပင်လယ်ဘုရင်နှင့်ပါသွားသည်။ ယုံရှင်းမှာ နတ်သားချောချောလေးမှာ နတ်ဘုရားဖြစ်နေ၍ ပိုင်ကျန်း၏ကျောပြင်အားငေး၍ တယောက်ထဲတွေးရင်းကျန်ရစ်နေခဲ့သည်။
" ကျီရန်၊ မုတ်ကောင်လေးတွေက တကယ်လှတာဘဲ" ချင်းအာတယောက်မုတ်ကောင်လေးတွေကို သဘောကျနှစ်ခြိုက်စွာ ကြည့်နေသည်။ ထိုစဉ် နတ်ဘုရားမျာသည် ကျီရန်ကို လာရောက်ဂရဝပြုကြသည်။ "နတ်ဘုရားကျီရန်" ဘေးနားတွင် ကျီရန်အကျီလက်ကိုကိုင်ရင်း ရပ်နေသောချင်းအာကိုလည်းမြင်သွားကြသည်။ "ဆယ်မိုင်မြေရဲ့သခင်မ။ တွေ့ရတာဝမ်းသာပါတယ်" နတ်ဘုရားများမှာ ဝိုင်း၍အရ်ုအသေပေးကြသည်။
   "ဆယ်မိုင်မြေသခင်မ?" ~~~~~~~~~~~~~~~~
📢P.s-Most of the characters are owns to Tang Qi. This is fan-ficition.Some characters are created by me.I credited to original writer Tang Qi. 📢
#SakuraYao

ဆယ်မိုင်မြေမှချစ်ပုံပြင် [Completed]Where stories live. Discover now