Unicode
ယဲ့ရှင်းနှင့် ပိုင်ချင်းသည် ကောင်းကင်နန်းတော်သို့ ပြန်ရောက်လာကြသည်။
"ယဲ့ရှင်း…မင်းအကိုလေးကို ပြောလိုက်..ငါကို့တွေ့ရင် ငါ့အကြံမှန်းသိနေလိမ့်မယ်""ကောင်းပြီ"
ပိုင်ချင်းထွက်သွားသည်နှင့် ယဲ့ရှင်းသည် ပိုင်ကျန်းအားလိုက်ရှာလေသည်။ ပိုင်ကျန်းမှာမူကား သူ့ဆီရောက်လာသောကံကြမ္မာက်ု မသိဘဲ အေးအေးဆေးဆေးရေနွေးကြမ်းသောက်နေလေသည်။
"ပိုင်ကျန်း…ကျွန်မရှင့်ကို ဒုတိယတစ်ခုခိုင်းတော့မယ်"
"ရုတ်တရက်ကြီးပါ့ရော…"မထင်မှတ်ထားသောစကားကြောင့် အနည်းငယ်တော့ တွန့်ဆုတ်သွားသည်။
"ကျွန်မနဲ့တူတူ သေမျိုးနယ်ပယ်ထဲဆင်းပြီး အတွေ့အကြုံခံယူရမယ်"
"ဘာ!"
ယဲ့ရှင်းနှင့်တွေ့ပြီး ထိုအာမေဋိတ်စကားလုံးအား ဘယ်နှစ်ကြိမ်ပြောနေရသည်ကိုပင် မရေမတွက်ရှိနေပြီ။"ဟုတ်တယ်..သွားရအောင်"
"ကောင်းပြီ..ဒါဒုတိယတစ်ခုနော်"
"ဟုတ်တယ်"
ပိုင်ချင်းသည် ကြယ်တာယာသခင်စစ်မင်အားရှာရန် ထိုက်ချန်နန်းတော်သို့လိုက်သွားသည်။ စစ်မင်သည် ကံကြမ္မာမှတ်တမ်းများကိုဖတ်နေသည်။ ပိုင်ချင်းကို မြင်သည်နှင့် ဖတ်လက်စအားချလိုက်ပြီး အရိုအသေပေးလိုက်သည်။"မင်းသမီးလေး"
"စစ်မင်..ကျွန်မရှင့်ကို အကူအညီတောင်းစရာရှိလို့ပါ"
"မင်းသမီးကို ဘာများကူညီပေးရမလဲ?"
"ရှင့်ကို အချစ်ပုံပြင်လေးတစ်ပုဒ်ရေးခိုင်းချင်လို့"
"ကျွန်တော်က လူတွေအတွက်ဘဲရေးပေးလို့ရတာ…နတ်တွေအတွက်ရေးပေးလို့မရဘူး"
သူမသည် စစ်မင်နားကပ်လိုက်လိုက်ပြီး ခပ်တိုးတိုးလေသံဖြင့်-
"နတ်ဘုရားပိုင်ကျန်းအတွက်ရေးပေးပါ""နတ်ဘုရားပိုင်ကျန်းလား? ဒါကတော့•••"
"သူနဲ့ယဲ့ရှင်းက အခုသေမျိုးနယ်ပယ်ကို သွားကြမှာ…ရေးပေးလို့ရတယ်မလား?"
BINABASA MO ANG
ဆယ်မိုင်မြေမှချစ်ပုံပြင် [Completed]
FanfictionLove story from Ten Miles ပိုင်ချင်းဟာ ချင်ချုံပြည်ရဲ့အငယ်ဆုံးသမီးတော်ဖြစ်ပြီး ဆန်းကြယ်သောမက်မွန်ပန်းမှမွေးဖွားလာသူဖြစ်ပါတယ်။ သူမဟာ မက်မွန်ဆယ်မိုင်မြေမှာဘဲအနေများပြီး ဆယ်မိုင်မြေရဲ့ပိုင်ရှင်နတ်ဘုရားကျီရန်ကို တစ်ဖက်သတ်ချစ်နေမိခဲ့တယ်။ သူမမေ့နေခဲ့တာက...