27

25 3 0
                                    

Unicode

ချင်းအာသည် မျက်စိတို့မှိတ်ထားလျက်ဖြစ်သော်လည်း.မျက်ရည်များ စီးကာကျနေသည်။ ခန္ဓာကိုယ်က တုန်ယင်လျက်ရှိပြီး အလွန်အမင်းကြောက်လန့်နေဟန်တူနေသည်။..မျက်ရည်များကာစီးလျက်..။

ဘေးနားမှသူမကို ထိုင်စောင့်နေသာကျီရန်သည် သူမ၏အမူအရာကိုကြည့်ကာ စိုးရိမ်လာသည်။ သူမ၏ပုခူံးအား လှုပ်ကာ သူမအားနှိုးကြည့်သည်။

"ချင်းအာ…ချင်းအာ…သတိရတော့"

သူမသည် ထိုအိပ်မက်ထဲတွင် မျောပါသွား၍မဖြစ်။ အန္တရာယ်များပေသည်။

"ချင်းအာ..ချင်းအာ.." ကျီရန်သည် ပို၍စိုးရိမ်လာသည်။

သူမ၏အမြင်အာရုံထဲတွင်တော့………။

လူသူကင်းမဲ့သောဟင်းလင်းပြင်တွင် သူမတစ်ယောက်ထဲရှိနေသည်။ ထို့နောက် သူမအား နောက်ကျောပေးလျက် လူတစ်ယောက်ပေါ်လာသည်။

ကျီရန်..။အဲ့တာကျီရန်ဘဲ…။ ကျီရန် ကျွန်မကိုစောင့်ဦးလေ။ ရှင်ဘယ်သွားမလို့လဲ?
သူမ၏ခေါ်သံကို မကြားဘဲ ရှေ့သို့သာ ဆက်၍သွားနေသည်။ ကျီရန်…ကျီရန်…။ သူမသည် သူ၏နာမည်ကို အော်ခေါ်လျက် သူ၏နောက်သို့ ပြေးလိုက်နေသည်။ သူမကလိုက်လေ၊ သူကပိုပြေးလေဖြစ်သည်။ ရပ်လိုက်လျှင် နီးသွားသလိုရှိသော်လည်း ခြေလှမ်းတစ်လှမ်း လှမ်းလိုက်လျှင် ပို၍ဝေးကွာသွားသည်။ သူမသည် မောဟိုက်နွမ်းနယ်လာပြီး အားအင်ကုန်ခမ်းလာလေသည်။ ကျီရန်…ကျီရန်..။ သူမသည် ပင်ပန်းနေသော်လည်း သူ၏နာမည်ကို အဆက်မပြတ် အော်ခေါ်နေမိသည်။ နောက်ဆုံးလက်ကျန်အင်အားလေးဖြင့် သူ၏နာမည်ကို ရေရွတ်လိုက်မိသည်။

"ကျီရန်•••"

ကျီရန်သည် သူမ၏မြင်ကွင်းမှ ရုတ်တရက်ပျောက်ကွယ်သွားသည်။ သူမသည် ထိုနေရာတွင် တစ်ယောက်ထဲသာ ကျန်ရှိတော့သည်။ သူမ၏ရင်ဘတ်နေရာမှ ခံရခက်အောင်နာကျင်လာသည်။ ထို့နောက် သူမ၏ရင်ဘတ်ကိုဖိလိုက်ရာ..။ သွေးများ..။ ရင်ဘတ်တွင်သွေများ..။အကျီတွင်လည်းသွေးများဖြင့် ပေကျံနေသည်။ ထိုနောက် သွေးများသည် တစ်စက်စက်ကျကာ…။ နှလုံးသားနေရာမှ အလွန်နာကျင်လာသည်။ ခေါ်သံ..။တစ်စုံတစ်ယောက်က သူမ၏နာမည်ကို အော်ခေါ်သံကြားလိုက်သည်…။
"ချင်းအာ•••"

ဆယ်မိုင်မြေမှချစ်ပုံပြင် [Completed]Tempat cerita menjadi hidup. Temukan sekarang