19

28 2 0
                                    

Unicode

"ကျီရန် ရှင်နဲ့အကိုလေးမတွေ့တာကြာပြီမလား? အေးအေးဆေးဆေးစကားပြောကြဦးနော်"

"မင်းကဘယ်သွားမလို့တုံး"

"မမတို့လဲ ပြန်သွားပြီ။ ချင်းအာသွားစရာရှိတယ်။ ယဲ့ရှင်းဆီသွားမလို့"

"ဟုတ်တယ်။ ယဲ့ရှင်းစိတ်မကောင်းဖြစ်သွားမှာ။ ကျွန်မသူ့ကိုသွားကြည့်ရဦးမယ်"

"ဒါပေမဲ့ ကျင့်စဉ်ကရော…"

"လောင်ဖုန်းဟွာ! ရှင်ကျွန်မကိုတွေ့ရင် ကျင့်စဉ်အကြောင်းဘဲပြောနေတော့မှာလား? ကျင့်စဉ်က သုံးခုဘဲကျန်တော့တယ်။ ပြီးတော့ အချိန်တွေအများကြီးကျန်သေးတာဘဲ။ ဘာလို့လောနေတာလဲ? "

"ကျွန်မသွားပြီ။ လာမရှာနဲ့နော်။ ဆယ်မိုင်မြေမှာစောင့်နေ"

သူမသည် တိမ်များပေါ်တွင် ခုန်ပျံကျော်လွှား၍ မြောက်ပင်လယ်သို့ ရောက်ရှိသွားသည်။ မြောက်ပင်လယ်သို့ ဒုတိယအကြိမ်ရောက်ခြင်းဖြစ်ပြီး သူမသည် အပြင်သို့သိပ်ထွက်လေ့မရှိပါ။ နန်းတော်၏အစေခံလေးတစိယောက်ကို သူမမေးလိုက်သည်။

"မင်းသမီးယဲ့ရှင်းနဲ့တွေ့ချင်လို့ပါ။ ဆယ်မိုင်မက်မွန်မြေကလို့ ပြောပေးပါ"

အစေခံလေးသည် ခေတ္တခနထွက်သွားပြီး ပြန်ရောက်လာသည်။

"ကျွန်မနောက်လိုက်ခဲ့ပါ"

သူမသည် မြောက်ပင်လယ်နန်းတော်၏ရှုပ်ထွေးလှသော အကွေ့များစွာကိုကွေ့ပြီး ယဲ့ရှင်း၏အဆောင်သို့ ရောက်ရှိလာသည်။ အခန်းထဲမဝင်ခင် သူမသည် လူတစ်ယောက်အသံကိုကြားလိုက်သည်။

"ဧည့်သည်ရှိတယ်လား"

"ဟုတ်။ မင်းသားကျန်းရှောင်ပါ"

"ကျန်းရှောင်ကဘယ်လိုလုပ်ဒီရောက်နေတာလဲ?"

"ချင်းအာ"

"ကျန်းရှောင် ရှင်ကဒီရောက်နေတာဘဲ။ ယဲ့ရှင်း.."

"ချင်းအာ ဘယ်လိုရောက်တာလဲ"

ပိုင်ချင်းသည် ယဲ့ရှင်း၏မျက်နှာအား အကဲခတ်ကြည့်လိုက်သည်။ သူမ၏မျက်နှာမှာ ညိုးနွမ်းနေသည်။

ဆယ်မိုင်မြေမှချစ်ပုံပြင် [Completed]Donde viven las historias. Descúbrelo ahora