39

32 3 0
                                    

Unicode

ထိုက်ချန်နန်းတော်၏တံခါးမကြီးကိုကျော်၍ ကလေးနှစ်ယောက်သည် ခိုးကြောင်ခိုးဝှက် ထွက်လာသည်။

"ပိုင်ကွမ်းကွမ်း  အားလီ မင်းတို့ဘယ်သွားကြမလို့လဲ?"

  ခေါ်သံနှင့်အတူ ကလေးနှစ်ယောက်က နောက်သို့လှည့်ကြည့်လိုက်သည်။
"မယ်တော်…"

"သားတို့က ရွှယ်ယင်တောင်တန်းကိုသွားမလို့လား?"

"ရွှယ်ယင်တောင်တန်း…" ထိုနာမည်ကိုကြားလိုက်သော်အခါ ဖုန်းကျိုးတစ်ယောက်ပြုံးမိသွားသည်။

"သားတို့ကို နောက်တစ်ခါလာလည်ရင် နတ်သမီးဖူကျင့်က တိမ်လွှာကြိုးကြာပေးစီးမယ်လို့ ပြောထားလို့"

"ကောင်းပြီ ကောင်းပြီ။ သွားပါ။ ဒါပေမဲ့ အရမ်းမဆော့ကြနဲ့နော်။ ပြီးတော့ ဦးလေးလေးကို အလည်လာဖို့လဲ ပြောလိုက်ပါ"

"ဟုတ်ကဲ့" ကလေးနှစ်ယောက်က တက်ညီလက်ညီဖြင့် ဖြေလိုက်ကြပြီး ပျော်ရွှင်စွာ ထွက်သွားကြလေသည်။

သူမ၏ဦးလေး,လေး ပိုင်ကျန်းသည် ပုံမှန်အားဖြင့် ရွှယ်ယင်တောင်ရှိနတ်သမီးဖူကျင့်ဆီပင် အလည်ရောက်နေတတ်သည်။ နတ်သမီးဖူကျင့်သည် ကောင်းကင်မင်းကြီး၏မိဖုရားခေါင်ကြီး၏တူမတော်၊ ပြီးတော့ နတ်ဘုရားပိုင်ကျန်းတန်ဖိုးအထားရဆုံးသောသူတစ်ယောက်ပင်။

လွန်ခဲ့သောနှစ်သုံးရာခန့်က ကိစ္စများစွာဖြစ်သွားပြီးသည့်နောက်တွင် ပိုင်ကျန်းသည် ယခင်ထက်တည်ငြိမ်နေပြီး နှူတ်ဆိတ်နေတတ်၏။ မှိုင်တွေတွေဖြစ်နေသောပိုင်ကျန်းကို မိန်းကလေးတစ်ယောက်က နွေဦးပွဲတော်တွင် သတိထားမိသွားသည်။ သူမသည် ပျောက်ကွယ်နေသောပိုင်ကျန်း၏အပြုံးများကို တစ်ဖန်ပြန်လည်ရှင်သန်လာစေသည်။ နွေဦးပွဲတော်တို့တွင် တွေ့ဖြစ်ခဲ့ကြသောသူတို့နှစ်ယောက်သည် မကြာခဏဆုံဖြစ်ကြသည်။ အကြောင်းမှာ ပိုင်ကျန်းသည် သူမနှင့်စကားပြောနေလျှင် သူခံစားနေရသောအရာများ သက်သာလာသည်ဟု ခံစားမိသည်။ သူမသည် ပိုင်ကျန်း၏ရုပ်ရည်ချောမောမှုကို သဘောကျသောအခြားနတ်သမီးများကဲ့သို့မဟုတ်ဘဲ ပုံမှန်မိတ်ဆွေတစ်ယောက်ကဲ့သို့ပင် ဆက်ဆံသည်။ စကားနည်းသောသူမက ပိုင်ကျန်းနှင့်တွေ့လျှင်တော့ ရီစရာမောစရာများပြောတတ်လေ့ရှိပြီး ပိုင်ကျန်းကိုစိတ်သက်သာရာရစေသည်။ သူမ၏ဘေးတွင် နေသည်မှာကြာလာသည်နှင့်အမျှ သူ၏စိတ်မသက်သာမှုများက တဖြည်းဖြည်း လျော့ပါးပျောက်ကွယ်သွားသည်။ မိတ်ဆွေအဖြစ်ဖြင့် ပက်သက်မှုတို့ကကြာရှည်လာပြီး မမြင်ရသောသံယောဇဉ်တို့က တရစ်ချင်းရစ်ပတ်ချည်နှောင်မိလာသည်။

   သူမသည် ယဲ့ရှင်းနှင့်နဲနဲလေးမျှပင်မတူ။ ယဲ့ရှင်းနှင့်အတူရှိခဲ့စဉ်က ပျော်ရွင်ရသော်လည်း ပျော်ရွှင်ခြင်းနှင့်အတူ စိတ်ပူပန်မှုပါကပ်ပါလာတတ်သည်။ သို့သော် သူမအနားတွင်ရှိနေရသည်မှာတော့ ပျော်ရွှင်ခြင်းသာမက စိတ်သက်သာလုံခြုံမှူနှင့် နားလည်မှုများပါ ပေးနိုင်စွမ်းရှိလေသည်။ နှစ်တစ်ရာခန့်ကြာသည့်အချိန်တွင်တော့ ပိုင်ကျန်းသည် သူမအား ချစ်မိနေကြောင်း ဖွင့်ဟဝန်ခံလာလေသည်။ သူမသည်လည်း အရင်းခံစိတ်ကပင် ပိုင်ကျန်းအပေါ်တွင် မေတ္တာရှိသော်ကြောင့် ပိုင်ကျန်း၏အချစ်ကို လက်ခံခဲ့သည်။ အနေအေးသောပိုင်ကျန်းနှင့် စကားနည်းပြီးအေးဆေးနေတတ်သောဖူကျင့်တို့မှာ နှစ်ပေါင်းများစွာမျှ တူတူရှိခဲ့ကြလေသည်။

ဆယ်မိုင်မြေမှချစ်ပုံပြင် [Completed]Where stories live. Discover now