34

26 3 0
                                    

Unicode

"မင်းသား အခု ဘယ်လိုလုပ်ရမလဲ?"

"ပိုင်ချင်းရဲ့ဒဏ်ရာက သေသွားနိုင်တယ်။ မကြာခင် ငါတို့မက်မွန်ပန်းရဲဝိညာဉ်ရတော့မယ်။ ခဏလောက် စောင့်လိုက်ရင်ရပြီ"

"ဒါပေမဲ့ တစ်ယောက်ယောက်ကများ ရှာတွေ့သွားရင်"

"ဒီနေရာက ပင်လယ်ချောက်နက်ရဲ့အောက်မှာ။ ဘယ်သူမှဒီနေရာကို လာကြာမှာမဟုတ်ဘူး။ ရှာမယ်ဆိုရင်တောင်မှ ဒီနေရာမှာရှိမယ်လို့ ဘယ်သူမှထင်မှာမဟုတ်ဘူး"

"သေချာလို့လား?"

အသံပိုင်ရှင်ကို လှည့်ကြည့်လိုက်သော်အခါ-

"ကျီရန်နတ်ဘုရား!!!ဘယ်လိုလုပ် ဒီနေရာကိုရောက်လာတာလဲ?"

"တိုက်ပွဲတုံးက ဒီနေရာကို ရောက်ဖူးတယ်။ ဒီနေရာက အလင်းရောင်လဲမရဘဲ ဘယ်သူမှလဲ မမြင်နိုင်ဘူး။ စစ်တပ်တစ်ခုကိုဖွက်ထားမယ်ဆိုရင် ဒီနေရာကအလုံခြုံဆုံးဘဲ။ တကယ်ဘဲ ရှာမတွေ့နိုင်ဘူးလို့ ထင်နေတာလား?"

"ကြည့်ရတာ နတ်ဘုရားက အားလုံးကိုသိသွားပြီထင်တယ်။ ကျွန်တော်က အခုလောက်ဆို  ပိုင်ချင်းဘေးမှာဘဲရှိနေဦးမယ်ထင်တာ။ အခုဒီနေရာကိုတောင် ရောက်လာပုံထောက်ရင်…သူ…သေသွားပြီလား?"

ကျန်းရှောင်၏ စကားများသည် စိတ်ထိခိုက်နေသောကျီရန်ကိုပို၍ ဒေါသထွက်စေလေသည်။

"နတ်ဘုရားရဲ့ ကျေးဇူးနဲ့ ကိစ္စကြီးကို မြန်မြန်လုပ်ဆောင်နိုင်ခဲ့တာ။ နတ်ဘုရားသာ မင်္ဂလာပွဲကိုအမြန်မစီစဉ်ခဲ့ရင် ခုလိုလွယ်လွယ်အောင်မြင်နိုင်မှာမဟုတ်ဘူး"

ပြုံး၍ပြနေသောကျန်းရှောင်၏အပြုံးများက ပို၍ဒေါသထွက်စရာပင်။

"ငါကချင်းအာတစ်ယောက်ထဲ လွှတ်ရက်နိုင်မယ်ထင်လို့လား။ သူနဲ့အတူ မင်းရဲ့မကောင်းဆိုးဝါးစစ်တပ်နဲ့မင်းကိုပါ မြုပ်နှံပေးမှာ"

နတ်ဘုရား၏ဒေါသအရှိန်ကြောင့် အနီးအနားရှိ ပင်လယ်ကျောက်ပန်းတစ်ချိူ့ ပင်မီးလောင်သွားလေသည်။

"ကောင်းပြီ။ အားကျစ် စစ်တပ်ကိုအသင့်ပြင်ခိုင်း..ချင်ချုံက ိုချီတက်မယ်"

ဆယ်မိုင်မြေမှချစ်ပုံပြင် [Completed]Where stories live. Discover now