45

22 2 0
                                    

Unicode

ပိုင်ကျန်းနှင့်ဖူကျင့် ထွက်လာသောနေရာက မြောက်ပင်လယ်။ သလင်းနန်းတော်၏ဂိတ်တံခါးရှေ့တွင် လူတစ်ယောက်အလာကိုရပ်စောင့်နေကြသည်။ သိပ်မကြာခင်တွင် အဆင့်အတန်းမြင့်မားဟန်ရှိသော မိန်းကလေးတစ်ယောက် နန်းတော်ထဲမှထွက်လာသည်။ ထိုမိန်းကလေးကတော့ လွန်ခဲ့သည့်နှစ်သုံးရာ မြောက်ပိုင်းရှိပိုင်ကျန်း၏အိမ်တော်ရှေ့တွင် ပိုင်ကျန်းနှင့်နောက်ဆုံးတွေ့ခဲ့သောမိန်းကလေး။ မြောက်ပင်လယ်၏မင်းသမီး ယဲ့ရှင်း•••။

ယဲ့ရှင်းသည် ပိုင်ကျန်းရောက်လာသည်ကိုတွေ့လိုက်ရသော်အခါ အတော်လေးဝမ်းသာသွားသည်။ နှစ်သုံးရာက,ကတိပေးထားခဲ့သည့်အတိုင်း ပိုင်ကျန်းရှေ့တွင် တစ်ခါမှပေါ်မလာခဲ့။ နန်းတော်ရှေ့သို့ရောက်သော်အခါ လှပေချောမောသောမိန်းကလေးတစ်ယောက်နဲ့အတူ ပိုင်ကျန်းကမတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရသည်။ ယဲ့ရှင်းသည် ပိုင်ကျန်းကိုတွေ့၍မရသော်လည်း သူ၏သတင်းကိုတော့မပြတ်စုံစမ်းတတ်သည်။ ထို့ကြောင့် ပိုင်ကျန်း၏လက်ထပ်မည့်သတင်းကိုလည်း သိထားပြီးဖြစ်ပေသည်။ သိပြီးသားကိစ္စဖြစ်သော်ငြားလည်း ယခုကဲ့သို့ မိန်းကလေးတစ်ယောက်နှင့် ယှဉ်တွဲ၍ တွေ့ရသော်အခါ စိတ်ထဲတွင်အနည်းငယ်တော့ခံစားရသည်မှာအမှန်ပင်။ သို့သော် မျက်နှာကို ဟန်မပျက်အောင်ထိန်းလိုက်ပြီး-
"ပိုင်ကျန်းနတ်ဘုရား"

ဖူကျင့်ဘက်သို့လှည့်ကာ စကားပြောနေသောပိုင်ကျန်းက အသံလာရာသို့ လှည့်လာသည်။ သူ၏မျက်နှာသည် တည်ငြိမ်နေသည်။ လွန်ခဲ့သောနှစ်သုံးရာကစံအိမ်တော်ရှေ့မှာကဲ့သို့ ဒေါသထွက်နေသောအရိပ်အယောင်မျိူး လုံး၀မရှိ။ အတိတည်ငြိမ်အေးချမ်းနေသည်။

"ယဲ့ရှင်း..ငါကငါ့ရဲ့မင်္ဂလာပွဲကို လာဖိတ်တာပါ"
ဖိတ်စာငယ်အား သူမဆီသို့ ကမ်းပေးလိုက်ရင်း ပြောလိုက်၏။ ယဲ့ရှင်းမည်သည့်စကားမျှ ခွန်းတုံ့မပြန်ခင်တွင်-

"လွန်ခဲ့တဲ့နှစ်သုံးရာက ငါ့ရဲ့ဒေါသတွေကို မထိန်းချုပ်နိုင်ခဲ့ဘူး။ အချိန်တွေကြာလာတော့ ငါသိလာတာက ဒါကကံတရားတစ်ခုဘဲဆိုတာသိလာခဲ့တယ်။ အဲ့ဒီအတွက်လည်း မင်းကိုတောင်းပန်ချင်လို့ ဒီနေရာကိုလာခဲ့တာ"

ဆယ်မိုင်မြေမှချစ်ပုံပြင် [Completed]Tempat cerita menjadi hidup. Temukan sekarang