38

30 2 0
                                    

Unicode

နှစ်ညခန့်အိပ်ပျော်ပြီးနောက် နောက်ဆုံးတွင်တော့ ကျီရန်နိုးထလာသည်။ မျက်လုံးဖွင့်လိုက်သော်အခါ မြင်လိုက်ရသောသူက မိုယွမ်ဖြစ်သည်။ ခန္ဓာကိုယ်သည် နာကျင်နေသော်လည်း အိပ်ရာထဲမှ အားယူကာ ထလိုက်သည်။ ထို့နောက် တစ်စုံတစ်ခုက်ု သတိရသွားဟန်ဖြင့်-
"ချင်းအာ…သူဘယ်မှာလဲ?"

"ကျီရန်…သူမရှိတော့ဘူး"

သူမ၏ဘေးတွင် ရီမောနေတတ်သောထိုမိန်းကလေးသည် မရှိတော့ဘူးတဲ့လား…။ ထိုအသိကို လက်ခံနိုင်ရန်မှာ ခဲယဉ်းလွန်းနေသည်။ ထိုအသိအားလက်မခံနိုင်သောကျီရန်သည် အိမ်အပြင်ဘက်သို့ လျင်မြန်စွာပြေးထွက်လာပြီး သူမအားရှာနေမိသည်။ နောက်ပြောင်ကျီစယ်လို၍ ပုန်းနေသည်များလား၊ သို့မဟုတ် မက်မွန်ပင်တစ်ပင်ပေါ်တွင်များ အိပ်ပျော်နေသည်များလားဟု အသုံးမဝင်တော့သောမျှော်လင့်ချက်အ ဆုပ်ကိုင်၍ မက်မွန်တောအနှံ့လိုက်ရှာနေမိသည်။ သို့သော် သူမ၏အရိပ်အယောင်ကိုမျှ မတွေ့ရတော့ပါ။

"သူတကယ်မရှိတော့ဘူးဘဲ"
သက်ပြင်းရှည်ချပြီး လက်မခံနိုင်သောအမှန်တရားတစ်ခုအား တွေတွေကြီးစဉ်းစားနေမိသည်။ ပို၍တွေးလေ၊ ပို၍တမ်းတကာ ပို၍နာကျင်ရသည်။ မိုယွမ်သည် ကျီရန်အားကြည့်၍ စိတ်မကောင်းဖြစ်မိသည်။ သို့သော် စောင့်စည်းထားရသော ကတိကဝတ်ကြောင့် အမှန်တရားကိုကား ဖွင့်ပြော၍မရပေ။

"ကျီရန် မင်းလက်ခံဖို့ခဲယဉ်းမယ်ဆိုတာသိပါတယ်။ ဒါပေမဲ့ ပိုင်ချင်းက တကယ်မရှိတော့ဘူး"

ကျီရန်သည် မည်သည့်စကားမျှခွန်းတုံ့မပြန်ဘဲ ကြွေကျနေသောမက်မွန်ပန်းပွင့်များကိုသာ ငေးမောကြည့်နေသည်။

ဒီမက်မွန်ပန်းပွင့်တွေက မင်းလား..ချင်းအာ? အရင်က မင်းက မက်မွန်ပန်းပွင့်ဖြစ်ချင်တယ်လို့ ပြောခဲ့ဖူးတယ်။ အခုမင်းက မက်မွန်ပွင့်လေးဖြစ်နေပြီဆိုရင် ငါ့ကိုကြည့်နေလား? မင်းကို မကာကွယ်နိုင်ခဲ့တဲ့မင်းကို စိတ်ဆိုးနေမလား? ဒါမှမဟုတ် မင်းကိုတွန်းထုတ်ခဲ့မိတဲ့ငါကို မင်းအတွက် သေခြင်းတရားကို ကိုယ်တိုင်ဖန်တီးခဲ့တဲ့ငါ့ကို မုန်းနေမလား…?

ဆယ်မိုင်မြေမှချစ်ပုံပြင် [Completed]Onde histórias criam vida. Descubra agora