Unicode
အချိန်ဆိုသောယန္တရားမှာ လျင်မြန်စွာ အလုပ်လုပ်နေသယောင်ရှိသော်လည်း ၀ေးကွာနေသောသူများအဖို့ရှည်ကြာပြီး ဆုံဆည်းနေရသောသူများအတွက်ကား တိုတောင်းနေတတ်ပြန်၏။ တစ်နှစ်ဆိုသောအချိန်မှာ ဆယ်မိုင်မြေကမက်မွန်ပွင့်တို့ ဖူးပွင့်သည့်အခိုက်အတန့်မျှသာ ကြာမြင့်ပေသည်။ ထိုအချိန်အပိုင်းအခြားသည် ပိုင်ချင်း၏ လွန်ခဲ့သောနှစ်ပေါင်းထောင်ချီကတည်းက မက်ခဲ့သောအိပ်မက်တစ်ခု လက်တွေ့ဖြစ်ခွင့်ရသည့်အခိုက်အတန့်ဖြစ်၏။ သူမနှင့်ကျီရန်သည် လက်ထပ်ပြီးမှစ၍ တစ်နှစ်ကြာအထိ ပျော်ရွှင်စွာနှင့်ပင် အတူတူရှိနေခဲ့ကြသည်။ ကျီရန်က သူ၏ဖူရှီစောင်းဖြင့် သာယာသော တေးသွားကိုတီးခတ်သည့်အခါ ပိုင်းချင်းက လှပပျော့ပျောင်းစွာ ကတတ်၏။ သူမသည် ချင်ချုံ၏အ၇ရးကိစ္စများကို တာ၀န်မယူ၇တော့သည့်အတွက် ကျီရန်၏ဘေးတွင်သာ အဖော်ပြုပေးနေသည်။ ဆေးအချို့ဖော်စပ်လျှင် ကူလုပ်ပေးပြီး မက်မွန်၀ိုင်ချက်လျှင်အရသာခံပေးတတ်သည်။ တစ်ခါတစ်ရဲ၌ ဘုံကိုးဘုံ၏လှပသောနေရာများသို့ ခရီးထွက်ကြသည်။ ဤသို့နည်းလမ်းဖြင့် နတ်ဘုရား၂ပါးက ၁နှစ်ဆိုသောအချိန်ကို ဖြတ်ကျော်လာခဲ့လေသည်။
လေရာင်က မက်မွန်ကိုင်းများကြားကဖြတ်ကျော်လာပြီး သူမ၏မျက်နှာထက်တွင် ခပ်ရေးရေးလေးသာနေ၏။ ပန်းရောင်ပ၀ါအနားသတ်ကို သိမ်းလိုက်ပြီး သူမက ၀ိုင်တစ်မော့ကိုမော့ချလိုက်၏။ မူး၀ေနေသောအပြုံးတစ်ပွင့်ကို လှလှပပပန်ဆင်လိုက်ပြီး မြေခွေးလေး၏ချွဲနွဲ့တတ်သောအမူအရာမျိုးဖြင့် နတ်ဘုရား၏ပုခုံးပေါ်သို့ မှီနွဲ့လိုက်သည်။ နတ်ဘုရားက အိမ်မွေးအကောင်လေးများ ချော့မြူသကဲ့သို့ သူမ၏နားနောက်သို့ လက်ဖြင့်သာသာလေးပွတ်ပေးလိုက်၏။ ထိုအခါ သူမက မျက်လုံးလေးမှိတ်ကာ ရီမောလိုက်သည်။
"ကျီရန် သေမျိုးနယ်ပယ်က ပုံပြင်တွေက စစ်မင်ရဲ့ကံကြမ္မာမှတ်တမ်းထက်တောင် ရှုပ်ထွေးတတ်ကြတယ်။ ပုံပြင်တစ်ပုဒ်က သနားစရာကောင်းလွန်းလို့ မျက်ရည်တောင်ကျမိတယ်။ ရှင်နားထောင်ချင်လား?"
"ငါတို့ချင်းအာကို မျက်၇ရည်ကျစေတာ ဘယ်လိုပုံပြင်မျိုးမလို့လဲ? ငါနားထောင်ချင်ပြီ"
YOU ARE READING
ဆယ်မိုင်မြေမှချစ်ပုံပြင် [Completed]
FanfictionLove story from Ten Miles ပိုင်ချင်းဟာ ချင်ချုံပြည်ရဲ့အငယ်ဆုံးသမီးတော်ဖြစ်ပြီး ဆန်းကြယ်သောမက်မွန်ပန်းမှမွေးဖွားလာသူဖြစ်ပါတယ်။ သူမဟာ မက်မွန်ဆယ်မိုင်မြေမှာဘဲအနေများပြီး ဆယ်မိုင်မြေရဲ့ပိုင်ရှင်နတ်ဘုရားကျီရန်ကို တစ်ဖက်သတ်ချစ်နေမိခဲ့တယ်။ သူမမေ့နေခဲ့တာက...