16

34 2 0
                                    

Unicode

"မကောင်းဆိုးဝါး….မကောင်းဆိုးဝါး!!!"

မိန်းကလေးငယ်တစ်ယောက်နောက်သို့ မြွေအသွင်ဖြင့်မိစ္ဆာတစ်ကောင်သည် လိုက်နေသည်။ ထိုမြင်ကွင်းကို ကျီရန်မြင်သွားပြီးနောက် ထိုမကောင်းဆိုးဝါးအား ဖမ်းဆီးပေးလိုက်သည်။ နတ်ဘုရားတစ်ပါးအဖို့ မကောင်းဆိုးဝါးတစ်ကောင်ကို ဖမ်းရန်မှာ လက်တစ်ချောင်းလှုပ်ရန်ပင်မလိုပါ။

"ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်.. .ကျွန်မကိုအသက်ကယ်ပေးခဲ့လို့ ဘယ်လိုကျေးဇူးဆပ်ရမလဲ"

"မလိုပါဘူး။ ရပါတယ်"

"ရုပ်ရည်က ဒီလောက်တောင်ကြည့်လို့ကောင်းတာ နတ်သားများလား? ပြီးတော့ မကောင်းဆိုးဝါးကိုလဲ နှိမ်နှင်းနိုင်သေးတယ်ဆိုတော့"

"နတ်သားမဟုတ်ဖူး။ နတ်ဘုရား!"

ထိုမြင်ကွင်းအား စောင့်ကြည့်နေသောချင်းအာသည် တစ်နေရာမှ ထွက်ပေါ်လာသည်။

"နတ်ဘုရား!.တကယ်နတ်ဘုရားလား?"

"ဟုတ်တယ်။ ဒါနဲ့ နတ်ဘုရားတွေက ဘယ်လိုပုံစံရှိတယ်ထင်လို့လဲ"

"ကျွန်မထင်တာက ဘုံကျောင်းကအရုပ်တွေလို…"

"တကယ်တော့ နတ်ဘုရားတွေက အဲ့လိုပုံစံမဟုတ်ကြဘူး။ သူတို့ရဲ့ပုံစံအမှန်က…."

ချင်းအာသည် ရုတ်တရက်သူမ၏ အမြီးကိုးချောင်းအား.ထုတ်ပြလိုက်သည်။

"အမြီးတွေ..! မိစ္ဆာ..မိစ္ဆာ!"

ထိုလူသားမိန်ကလေးမှာ ကြောက်လန့်တကြားဖြင့် မေ့မြောသွားလေသည်။

"ချင်းအာ…ဘာလို့ခြောက်လှန့်လိုက်တာလဲ"

"ကျွန်မက ခြောက်တာမဟုတ်ဘူး။ သူ့ဘာသာကြောက်နေတာ။ ကျွန်မအမြီးတွေက ဒီလောက်လှတာကို"

"မင်းကတော့..တကယ်ဘဲ"

"ထားလိုက်တော့။ သူ့ကိုမှတ်ဉာဏ်တွေဖျောက်ပြီး.အိမ်ပြန်ပို့လိုက်တော့မယ်"

"အကိုလေးဆီသွားကြည့်ရအောင်လာခေါ်တာ"

မြို့ထဲတွင် ပွဲတော်ရက်ဖြစ်သည့်အတွက် လူများရှုပ်ရှက်ခက်ကာ အလွန်အမင်းစည်ကားလျက်ရှိသည်။

ဆယ်မိုင်မြေမှချစ်ပုံပြင် [Completed]Where stories live. Discover now