"OMG ပင်ပန်းလိုက်တာ"
Baekhyun တစ်ယောက် ဟူးခနဲ့ လေကိုမှုတ်ထုပ်လိုက်မိတယ်
ညကလည်း Midnight Flight နဲ့ ရောက်လာခဲ့ပြီး ဒီနေ့ တစ်နေ့ခင်း လုံးလည်း မနားရသေး။
စားပွဲခုံပေါ်မှာ စီမံဌာနက ယူလာတဲ့ပုံးထဲကို
ကြည့်ပြီး မနက်ဖြန်ကျမှ ကြည့်တော့မယ်လို့ တွေးလိုက်သည်...ဒီတက္ကသိုလ်ကို သူပြောင်းလာရတာ ရုတ်တရက်ကြီးမို့ ဘာမှကို မစီစဥ်ရသေး...မစီစဥ်ရသေးဆို နေစရာအခန်းကအစ သူမကြည့်ရသေးတာ ကိုယ်လေးစားရတဲ့ Professor Kim ကြောင့်သာမဟုတ်ရင် သူဟိုမှာပဲ ပေကပ်နေနေဖြစ်အုံးမည်။
တွေးနေရင်း ဖုန်းမြည်လာတာကြောင့်..သူ Contact Name ။
(ဖုန်းက Vibrate မြည်လာတာဆို ပိုမှန်မည်...အတန်းချိန်တွေမှာ အနှောက်ယှက်ဖြစ်နေမှာဆိုးလို့ Ringtones တွေဘာတွေ မထားဖြစ်တာကြောင့် သူ့ Phone က အမြဲတမ်း missed call ပဲ ပြန်ခေါ်ရတာ များသည်...နောက်ဆုံးထားခဲ့တဲ့ ring tone တောင် သူမမှတ်မိတော့)"Nae Professor Kim"
"Baekhyunnah... ဘယ်နှယ့်လည်း အဆင်ပြေရဲ့လား"
တကယ်ပါပဲ ဆေးရုံပေါ်က လူက ပြန်စိတ်ပူနေပြန်ပြီ။
"ဟုတ် Professor အဆင်ပြေပါတယ်။ ကျွန်တော် ဒီ Weekend ကျမှ ဆေးရုံကို လာတွေ့ မယ်နော်...ကျန်းမာရေးသာ ဂရုစိုက်"
"ငါ နေကောင်းရင် မင်းက ဟိုပြန်ဖို့စဥ်းစားနေတာမလား ဟားဟား ငါကတော့ အခုလိုဖြစ်သွားတာ ကြံဖန်ပြီး ကျေးဇူးတွေတင်နေတာ"
သိတယ် သိတယ်ဟု Baekhyun စိတ်ထဲကပဲ ပြောလိုက်သည်။
သူ့ကို ဒီမှာ Lecturer အဖြစ်လာသင်ပေးဖို့ ကမ်းလှမ်းထားတာကြာခဲ့ပြီ...အခုတော့ အဆုတ်ရောဂါကြောင့် အနားယူဖို့ လိုအပ်နေသော Professor Kim မှာ Baekhyun မလာရင် သူဆေးကုသမှုမခံပါဘူးဟု ဇွတ်အကြပ်ကိုင်တော့သည်။
ကိုယ် ပထမနှစ်လောက်ကတည်းက ဒီဆရာဆီမှာပဲ သင်ယူခဲ့ရာကနေ အခုချိန်ထိ ကူညီလမ်းပြလာခဲ့သူမို့ သူ မငြင်းဆန်သာတော့...ဒါနဲ့ပဲ ဟိုဘက်ကအတန်းတွေကို သူတစ်လအတွင်း Transfer ကိစ္စတွေမနည်းအပြတ်ဖြတ်ပြီးလာခဲ့ရတော့သည်။
"ဒါနဲ့ အိမ်လိမ်စာနဲ့ လျှို့ဝှက်နံပါတ် ကို Whatsapp မှာပို့ထားတယ်"
ဟုတ်သား တစ်နေကုန်သူ ဖုန်း message တွေကို မစစ်ရသေး
"အိမ်မှာ လူကြီးစော်မနံအောင် တူမတွေကို သန့်ရှင်းရေး လုပ်ခိုင်းထားပါတယ်ကွ စားစရာသောက်စရာအကုန်အဆင်သင့်ပဲ သူတို့ထည့်ထားပေးတယ်တဲ့ အခန်းမရှာတော့ရင်တောင်ရတယ်နော်...မင်းစိတ်ကြိုက်သာနေ ကြိုက်တဲ့သူရှိရင် ခေါ်နေလည်းရ..."
"အာ...ဒီလူပျိုကြီးကတော့လုပ်ပြီ ကျွန်တော့်ကို စိတ်မပူနဲ့ နေမကောင်းတာရော ဟုတ်ရဲ့လား
ဒါပဲ ဒါပဲ"တကယ် ဆရာ့ကိုတော့ သူလက်လန်ပါတယ် သူ့ကိုညဏ်ဆင်ပြီး ပြန်ခေါ်တာလားလို့တောင် ထင်မိပြီ.ဆက်ပြောနေရင် ဒီနေ့မပြီးတော့မှာမို့ ဖုန်းကို ချလိုက်ရတော့သည်။
***
Hotel မှာ Luggage သွားယူပြီး Taxi သမားကိုMessage ထဲက လိပ်စာအတိုင်း လိုက်ပို့ခိုင်းလိုက်သည်...
အင်း...သူ့အတွက်တော့ ဒီနေရာ ဒီပတ်ဝန်းကျင်က စိမ်းလို့နေသေးသည်။
YOU ARE READING
Nothing Matters
Fanfictionချစ်သော Chanbaekists တို့ရေ❤ မြင်နေရဲ့နဲ့ကို Chanyeollie ကိုရော၊ Baekhyuneee ကိုရော လွမ်းနေရတာ တစ်စုံတစ်ယောက်ကို နင့်နင့်သည်းသည်းချစ်မိတဲ့အခါ ကျန်တာတွေ အားလုံးထပ် သူ့ကသာ ကိုယ့်ဘဝမှာ အရာရာဖြစ်နေတဲ့အချိန် ရှိခဲ့ဘူးလား? ချစ်တယ်လို့ ထုတ်ပြောခွင့်ရမှ မဟု...