အား ပူအိုက်နေတာပါလား
အာခေါင်တွေခြောက်ပြီး လူက ချွေးတွေပြန်ကာ နိုးလာတာမို့ ခန္တာကိုယ်ပေါ် ပတ်ထားတဲ့ စောင်တွေ ဖယ်လိုက်သည်
ဒီရာသီဥတုကြီးမှာ ငါက စောင်ခြုံအိပ်နေမိတာလား
တွေးရင်း အိပ်ရာကို ကြည့်တော့မှ သူ့အိပ်ရာမဟုတ်တာမို့ လန့်ဖြတ်ကာ ထိုင်လိုက်မိသည်အားး ချန်းယောလ်အခန်းထဲ ငါဘယ်လိုရောက်နေတာလဲ
ညက ညစာစားပြီးတော့ သီချင်းသွားဆိုကြမယ်ဆိုတော့ ချန်းယောလ်ကို မေ့နေရင်ပြီးရောဆိုပြီး
ကလေးတွေနဲ့လိုက်သွားတာ အခုတော့ သူက ချန်းယောလ်အခန်းထဲတောင် ရောက်နေသေးပါလားအိမ်ကိုတော့ ဆန်းဝူးလိုက်ပို့တာပါ
ဘယ်လိုဖြစ်လို့ လဲ
ချန်းယောလ်ကရော
သီချင်းသံခပ်တိုးတိုးညည်းနေသံကြားတာမို့
ချန်းယောလ်လည်း နိုးနေပြီထင်တယ်Just once
Can we figure out what we keep doin' wrong?
Why we never last for very long
What are we doin' wrong?
Just once
Can we find a way to finally make it right?
To make the magic last for more than just one night
If we could just get to it
I know we could break through it
(Hm-mm)အိပ်ခန်းထဲက သူထွက်လာတော့ ချန်းယောလ်က တစ်ခုခုချက်နေပုံပဲ(ဒီလောက် အစောကြီးကို)
ဧည့်ခန်းထဲကို ဝေ့ကြည့်လိုက်တော့ ဆိုဖာပေါ်မှာ ခေါင်းအုံးတစ်လုံးနဲ့ စောင်အပါးလေးတစ်ထည်၊ ချန်းယောလ် သူ့ကြောင့်အပြင်ထွက်အိပ်လိုက်ရတာဖြစ်မယ်
"နိုးပြီလား"
"အင်း"
"အမူးပြေ ဟင်းရည်လုပ်နေတာ၊ မျက်နှာအရင်သစ်လိုက်လေ"
"အင်း"
"ခေါင်းကိုက်နေတာလား"
"ဟင့်အင်း"
တကယ်တော့ ညက သူဒီအခန်းထဲ အခန်းမှားဝင်လာမိတာလား စဥ်းစားနေတာ
သူက မျက်နှာသစ်ဖို့ထက် ဒီကို ဘယ်လိုရောက်လာလဲ မေးချင်နေတာ ဒါပေမယ့် ဘယ်က စမေးရမှန်းမသိဘူး
"ရော့ ပျားလီမွန် ဒါအရင်သောက်လိုက် ခေါင်းကြည်သွားအောင်"
ရေဆာနေတာမို့ သူပေးတဲ့ အတိုင်း ဆောဒက တတ်မနေတော့ဘဲ ယူသောက်လိုက်သည်
ခေါင်းကြည်သွားတော့မှ ဗိုက်က တဂျုပ်ဂျုပ်ဆာလာသလိုပဲ
"ဟင်းက ကျက်ပြီလားဟင်"
"ဘာလို့လဲ ဆာနေပြီလား ...နည်းနည်း လိုသေးလားလို့လေ ရော့ မြည်းကြည့်ပါအုံး"
ချန်းယောလ်က ဇွန်းနဲ့ခပ်ကာ ပါးစပ်နားကပ်ပြီး လှမ်းမြည်းခိုင်း လိုက်တာမို့ ယောင်ယောင်မှားမှား သောက်လိုက်မိသည်
"အ ပူလိုက်တာ ဖူးးးး"
"ဟာ ဆောရီး ဆောရီး"
ပြောရင်းဆိုရင်း မှုတ်ထုတ်လိုက်လို့ ပေသွားတဲ့ ပါးစပ်ထောင့်ကို ချန်းယောလ်က သူ့လက်နဲ့အသာအယာ လှမ်းသုပ်ပေး လိုက်တာမို့ လူက ချက်ချင်းကျောက်ရုပ်ဖြစ်သွားရပြီ
ဒါက အိမ်မက်လား
"ရေလေး နည်းနည်းသောက်လိုက်ရော့"
ဟင် ချန်းယောလ်က တစ်ခုခုပဲ၊
မဟုတ်မှ ငါမနေ့ညက သူ့ကို ကိုယ်ထိလက်ရောက် ရိုက်လိုက်မိလို့ ဂရုစိုက်ပြနေတာလား
"ကျွန်တော် ညက ချန်းယောလ်ကို ဘာလုပ်မိသေးလဲ"
"ဟင်"
"ကျွန်တော် ချန်းယောလ်လီကို ရိုက်လိုက်တာတို့
ဘာတို့ လုပ်မိသေးလား""ဟင့်အင်း ဘာလို့လဲ"
သူ့မေးခွန်းကို ခေါင်းယမ်းပြီး ပြုံးရင်း ဖြေလိုက်တဲ့အသံကိုက အရင်နေ့တွေထက် ပိုနူးညံ့နေသလိုပဲ"မသိဘူးလေ တစ်မျိုးကြီးမို့၊ ညက တစ်ခုခုလုပ်မိရင် အဲ့တာ ကျွန်တော် မဟုတ်ဘူးနော်၊ မူးနေတာမို့ ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူး အဲ့လိုပဲ မှတ်ထားလိုက်"
"အင်းပါ ရေသွားချိုးလိုက်တော့ ၊ ဟင်းရည်ကျက်မှာနဲ့ အနေတော်ပဲ၊ ပြီးတော့ စားပွဲပေါ်မှာ ပြင်ထားခဲ့မယ်နော်၊ ကိုယ်က ဒီနေ့ ဆိုင်ပြန်ဖွင့်ဖို့အတွက် အလုပ်ရှုပ်မှာမို့ နည်းနည်းစောသွားရမှာမို့ သိလား၊ ဘက်ခဟျွန်း သွားရင် မီးတွေပိတ်ခဲ့ပေးနော်"
တကယ် ချန်းယောလ်က တစ်ခုခုပါပဲဆို
အလုပ်ရှုပ်တဲ့နေ့တောင် သူ့ကို မနက်စာချက်ခဲ့ပေးတာလား
ကြာရင် ဒီလူသားရဲ့ ဂရုစိုက်မှုတွေထဲမှာ အသားကျသွားတော့မှာပဲ
ချန်းယောလ်လီ လိုက်ဆိုနေတဲ့ သီချင်းလေးက ဒီမှာပါ
[ 😥Sweet😋 နေရင်းတောင် အသဲက ကွဲချင်နေလို့ ဒီmood ကို နားလည်ပေးပါကွယ်]
YOU ARE READING
Nothing Matters
Fanfictionချစ်သော Chanbaekists တို့ရေ❤ မြင်နေရဲ့နဲ့ကို Chanyeollie ကိုရော၊ Baekhyuneee ကိုရော လွမ်းနေရတာ တစ်စုံတစ်ယောက်ကို နင့်နင့်သည်းသည်းချစ်မိတဲ့အခါ ကျန်တာတွေ အားလုံးထပ် သူ့ကသာ ကိုယ့်ဘဝမှာ အရာရာဖြစ်နေတဲ့အချိန် ရှိခဲ့ဘူးလား? ချစ်တယ်လို့ ထုတ်ပြောခွင့်ရမှ မဟု...