CY's ????????BH's

503 42 5
                                    

“ပူလိုက်တာ”

အခန်းက aircon မဖွင့်ထားတဲ့ အပြင်
လိုက်ကာကြားက ဖျော့တော့စွာ ကျလာတဲ့ နေရောင်ကြောင့် ပူအိုက်စွာ လူးလိမ့်ရင်း သူနိုးလာသည်

“အား ခေါင်းကိုက်လိုက်တာ”
နားထင်က တော်တော်လေးကိုက်ခံနေတာမို့ လက်နဲ့ဖြစ်ညှစ်ရင်း ဘေးဘီကို စမ်းလိုက်တော့ သူ့အခန်းမှာတော့ မဟုတ်

ပြီးတော့ ရနေကျ သစ်သီးနံ့လေးကို ဘေးနားကရတာမို့ သူပြုံးမိလိုက်သည်။

နေရာလေးက နွေးနေ​သေးတာမို့ ဘက်ခဟျွန်းရဲ့ ကိုယ်ငွေ့ကို တစ်ဝကြီးရှုလိုက်မိသည်

နံရံဘေးက တီဗီ ဖန်သားပြင်ကို လှမ်းအကြည့်မှာ ရုပ်ရှင်ပြကွက်လို ပေါ်လာတဲ့ မှတ်ညာဏ်တို့ကြောင့် လူက အိပ်ရာပေါ် ဝုန်းခနဲ ထထိုင်မိတော့သည်

သွားပြီ ပတ်ချန်းယောလ်တို့
လူကြီးဆန်ဆန် ဖြေရှင်းရမှာကို ဘယ်လိုတွေ အသိစိတ်လွတ်သွားတာလဲ

ပြီးတော့ ဘက်ခဟျွန်းက ရော အဲ့လိုအချိန်မှာ ဘယ်ကနေ ပေါ်လာတာပါလိမ့် သေချာပေါက်သူ့ကို ဆိုင်ထဲမှာမြင်ခဲ့တာမှ မဟုတ်တာကို

ကျစ်

ဘက်ခဟျွန်းရော ဘယ်သွားပါလိမ့်
သူ့ကို စိတ်ကုန်ပြီး တကယ်ထွက်သွားပြီလား

ဒါမှမဟုတ် သူ့ကို အခွင့်အရေးသမားလို့ ထင်သွားပြီလား

အား....

ခေါင်းထဲလက်နှစ်ဖက်လုံး ထိုးထည့်ပြီး ဆံပင်တို့ကို ဆွဲဖွရင်း သူအော်လိုက်မိသည်
ထိုစဉ် ရေချိုးခန်းထဲက ထွက်လာတဲ့ ခေါင်းလုံးလေး

“နိုးလာပြီလား”

အာ တော်သေးတယ် ဘက်ခဟျွန်းက သူ့ကို ထားမသွားဘူးပဲ

“အင်း အဟမ်း အဟင်း”
ချန်းယောလ် အသံက အိပ်ရာ နိုးခါစကို ခပ်အက်အက်ဖြစ်နေသေးသည်။

ပြီးတော့ သူမလုံ မလဲနဲ့ ရှက်နေတာလည်း ပါသည်လေ။

“ခေါင်းလာလျှော်ပေးမလား..ကျွန်တော့ ဆံပင်တွေ ရှုပ်ပြီးခဲနေတာ ရှင်းလို့ကို မရဘူး”

အိုမို အသဲက ငါ့ကို ရေချိုးခန်းထဲခေါ်လိုက်တာလား။

“ပတ်ချန်းယောလ် ခေါင်းပဲလျှော်ပေးရမှာနော် ”

Nothing MattersWhere stories live. Discover now