The day I met him: Part 5

507 41 0
                                    

May 6 2010

ဒီနေ့က Baekhyun အသက် 18 ပြည့်တဲ့နေ့မို့ နည်းနည်းတော့စိတ်လှုပ်ရှားနေသည်...ဆယ်ကျော်သက်ဘဝကနေ အခု 18 ပြည့်သွားတော့ တရားဝင်လူကြီးဖြစ်သွားသလိုပဲ...

မနက်က ကိုကြီးက မုန့်ဖိုးပေးသွားတာရယ်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

မနက်က ကိုကြီးက မုန့်ဖိုးပေးသွားတာရယ်...
မေမေ့ဆီက ရထားတဲ့မုန့်ဖိုးရယ် နှစ်ခုပေါင်းရင် သူငယ်ချင်းတွေကို မုနိ့လိုက်ကျွေးလို့ရပြီလေ..

ကိုယ့်စိတ်ကူးနဲ့ကို Jong Dae တို့အဆောင်ဘက်ထွက်လာခဲ့တယ်...ရောက်တော့ သူက မနက်အစောကြီးထဲက ထွက်သွားတယ်ဆိုပဲ...သူ့မှာက အပေါင်းအသင်းများများစားစားလည်းမရှိတာမို့ နည်းနည်းတော့ဝမ်းနည်းသွားရတယ်...အင်းလေ အဆောင်မှာလည်း ကိုယ်နဲ့သိတဲ့သူ မရှိတော့ အိမ်ပဲပြန်ပါတော့မယ်...

"Yah...Baekhyun ya Happy Birthday"

ကျွီ....ဆိုတဲ့ဆိုင်ကယ် သံနဲ့ ဘရိတ်အုပ်သံဆူဆူညံညံနဲ့ ဆိုင်ကယ် ၃ စီးကိုယ့်ရှေ့ရပ်လာတော့ အလန့်တကြား

Jong Dae ရယ် အစ်ကို Xiumin ရယ် ပြီးတော့ ကျန်တဲ့ သူမသိတဲ့ ၃ ယောက်ရယ်
အစ်ကို Xiumin က သူတို့ မေဂျာက မဟုတ်ပေမယ့် Jong Dae နဲ့ညီအစ်ကိုလိုခင်ကြသူတွေမို့ သူနဲ့ပါ မျက်မှန်းတန်းမိနေတာ...ကျန်တဲ့ ၃ ယောက်ကိုတော့ သူမသိ...ဆိုင်ကယ်တွေပေါ်ကနေ တကယ့် မင်းသားတွေတောင်ရှုံးအုံးမယ် အရပ်ရှည်ရှည်ကြီးတွေနဲ့

"ငါတို့ ပင်လယ်ကို သွားမလို့...မင်းလည်းလိုက်ခဲ့ပါလား...မွေးနေ့မှာအမှတ်တရပေါ့"

"ပင်လယ်ကို ...ဒီဆိုင်ကယ်တွေနဲ့?" သူက တအံ့တသြမေးတော့ Jongdae က အာပြဲကြီးနဲ့ ထရယ်တယ်

"Baekhyun nah လိုက်ခဲ့လေ...ဒီမှာ နောက်ကလိုက်ဖို့ တစ်စီးလည်းပိုနေတာ.." Xiumin ကလည်းလိုက်ဖို့ခေါ်သည်

နောက်ကလူမပါတဲ့ ဆိုင်ကယ်ကို
လှမ်းကြည့်လိုက်တော့ အရပ်ရှည်ရှည်နဲ့ တစ်ယောက်က ဆိုင်ကယ်ပေါ်က မဆိုစလောက်လှမ်းပြုံးပြသည်
ဝါး သူ့ဆိုင်ကယ်ကတော်တော်မိုက်တာပဲ...တစ်ခါလောက်တော့ အဲ့လိုအရပ်ရှည်ချင်လိုက်တာ...ဆိုင်ကယ်အမြင့်ကြီးနဲ့ စတိုင်ကျနေရော

ဆိုင်ကယ်အမြင့်ကြီးနဲ့ စတိုင်ကျနေရော

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"ဟေ့ရောင် လုပ်၊ လိုက်မှာမလား...၁၈နှစ်ပြည့်ပြီကွ ငါတို့လူကြီးဖြစ်ပြီ မင်းစွန့်စားရတော့မယ်"

"သူကျ ဆိုင်ကယ်မစီးရဲလို့ ငါ့နောက်ကလိုက်မှာများ" Xiumin က ဝင်စသည်

Jongdae ရဲ့ ဆရာကြီးလိုကြိးကြီးကျယ်ကျယ်အပြောကြောင့် သူရယ်လိုက်မိသည်
ပြီးတော့ ဟုတ်တယ် လိုက်မယ် ဒါဟာ ဘဝမှာ ဆိုင်ကယ်နဲ့ ဝေးဝေးလံလံ သွားဖူးမယ့်ခရီးဆိုတော့ ငါစွန့်စားသင့်တယ်လို့ တွေးလိုက်မိသည်

"အဲ့ အဲ့တာဆို ငါလိုက်လို့ရလား"

"ရော ခေါ်နေတာကို တတ်လုပ် အဲ့ဘီးပေါ် Chanyeol မင်းသူ့တင်ခဲ့ပေးနော်"

Chanyeol ဆိုသူက သူ့ကို Helmet လှမ်းပေးရင်း ဆိူင်ကယ်ပေါ်တတ်ဖို့ ခေါင်းဆတ်ပြသည်...

ဘုရားစူး ဘဝမှာ အိမ်ကိုမပြောဘဲ ခရီးထွက်ဖူးပြီ
(ငါ လူမိုက်တွေနဲ့ ပေါင်းမိတာလား)

{ 💙 ကိုယ် စိတ်ကူးလေးတွေပေါ်လာတဲ့အတိုင်း ချရေးနေတာမို့ စာလုံးပေါင်းမှားတာတွေ သည်းခံပေးနော်...ပြီးတော့ တက္ကသိုလ်ကအမှတ်တရတွေရှိရင် ပြောခဲ့ကြပါအုံး }

Nothing MattersWhere stories live. Discover now