Part 26

343 33 2
                                    

"ကိုယ်တို့ဘဝမှ အမှောင်မိုက်ဆုံးနေ့ရက်တွေကို ဘယ်လိုဖြတ်သန်းကြလဲ"

အားလုံးကို မေ့ပစ်လိုက်ပြီး ရှေ့ဆက်လား
အမှားတွေလို့ တစ်သက်လုံး နောင်တရပြီး ရှင်သန်လား။
ဒါမှ မဟုတ် အရာအားလုံးဟာ ဖြစ်ရိုးဖြစ်စဥ်အတိုင်းပါပဲလို့ ယုံကြည်ပြီး move on လုပ်လိုက်လား

***
"တို့ မောင့်ကို...Sorry မင်းကို တွေ့ပြီး တောင်းပန်ချင်လို့ပါ"

ဘာအတွက်လဲဆိုတဲ့ မျက်ဝန်းနဲ့ ချန်းယောလ်
မော့ကြည့်လိုက်သည်

"အရာ အားလုံးအတွက်ပေါ့"

တွေ့လား သူမက သိပ်ကို တော်တာပါပဲ..သူ့ကိုအားလုံး နားလည်ရက်နဲ့ တစ်ဆိတ်.. မရက်ဆတ်လွန်းဘူးလား

"တို့.......တစ်နေရာမှာ စကားပြောကြရအောင်"

အမြဲတမ်း သူ့စိတ်တိုင်းကျပဲ လုပ်လေ့ရှိတဲ့ သူမကို ကြေကြေကွဲကွဲပဲ ကြည့်နေလိုက်တယ်

"ကောင်းပြီ...ကျွန်တော်လည်း ဖြေရှင်းချက် တစ်ခုတော့ ကြားဖို့လိုအပ်တယ်၊ ဘာကြောင့် ခင်ဗျား
ကျွန်တော့်ရှေ့ ပြန်ပေါ်လာရသလဲဆိုတာ

အိပ်မက်တွေတူတူမက်ပြီး အနာဂတ်တစ်ခုတည်းပဲ ရှိတယ်လို့ ယုံကြည်ခဲ့တဲ့ကောင်ကို  ခင်ဗျားသတ်သွားတာလေ အဲ့တာတောင် ခင်ဗျား မှာ ပြောစရာရှိသေးတယ်ဆိုရင် အဲ့ဒါဟာ ဘာစကားဖြစ်မလဲလို့ တော်တော်ကြီးတော့ သိချင်သား....လာ လိုက်ခဲ့"

ချန်းယောလ်သည် ဆိုင်ရှေ့မှာဆိုတာကို သတိရပြီး ဒီ့ထက်မပေါက်ကွဲသင့်တာမို့ Nara လက်ကို အကြမ်းပတမ်းဆွဲခေါ်ပြီး ကားပေါ်တင်ကာ
အမြန်မောင်းချလာလိုက်သည်

ဘေးမှာ Nara ကတော့ တောင်းပန်ပါတယ် လို့ တတွတ်တွတ်ပြောရင်း ငိုလျက်

***

ချန်းယောလ်နဲ့ နာရာဟာ ငယ်ငယ်တည်းက အိမ်နီးချင်းတွေဖြစ်ပြီး ချန်းယောလ် ကသူ့ထပ် (3) နှစ်ကြီးသော နာရာ့ကို အစ်မတစ်ယောက်လို
ငယ်ငယ်တည်းက သံယောဇဥ် တွယ်ခဲ့တာဖြစ်သည်

မောင်နှမ မရှိသော နာရာကလည်း
ချန်းယောလ်ကို သိပ်ကိုဂရုစိုက်ခဲ့ပါသည်။

အိမ်ချင်း ကပ်ရပ်မို့ အမြဲလို အတူတူရှိခဲ့ကြသည်။

ဆယိကျော်သက်အရွယ်ရောက်လာတော့
ချန်းယောလ်က သီချင်းရေးတဲ့ နေရာမှာ  ပါရမီပါတာမို့ Noona အဆိုတော်လုပ်၊ ကျွန်တော်က သီချင်းတွေရေးပေးမယ်လို့ ပြောလေ့ရှိသည်

သီချင်းဆို ဝါသနာပါသော နာရာက အထက်တန်းပြီးတဲ့နောက်မှာ Seoul တက္ကသိုလ် အနုပညာ Major ကို ယူခဲ့ပြီး၊ CB Entertainment  ရဲ့ Audition လည်း အောင်ခဲ့သည်။
အရွယ်ရောက်လာတာနဲ့အမျှ အပေါင်းအသင်းမက်သော ချန်းယောလ်ကတော့ နယ်မှာပဲ ရိုးရိုးတက္ကသိုလ်အမှတ်ပဲရခဲ့သည်။

တက္ကသိုလ် ပထမနှစ်မှာ ချန်းယောလ်က ဖွင့်ပြောခဲ့ပြီး သူတို့ ချစ်သူတွေဖြစ်ခဲ့ကြသည်။
နာရာရဲ့ Trainingတွေကြားက သူတို့ ရတဲ့အချိန် ကြိုးစားတွေ့ခဲ့ကြသည်။

***

မမျှော်လင့်ဘဲဖြစ်ပျက်သွားတာကတော့ ချန်းယောလ်ရဲ့ ဖခင် ရှယ်ယာတွေ အရှုံးပေါ်ပြီး ၊ပိုင်ဆိုင်မှုနဲ့ အိမ်ကိုပါရောင်းလိုက်ရတာက စခဲ့သည်။

ချန်းယောလ်ရဲ့ မိဘများက ဂျပန်ကို အလုပ်လုပ်ဖို့ ထွက်သွားကြပြီး ၊ ချန်းယောလ်ကတော့ ကျောင်းထွက်လိုက်ပြီး Seol မှာ အဆောင်ခန်းငယ်လေးတစ်ခုငှားနေကာ Part Time တွေလုပ်ရင်း သီချင်းတွေရေးခဲ့သည်။

Oh Sehun က နာရာတို့ ကုမ္ပဏီ ကဖြစ်ပြီး၊ နာရာက သီချင်းရေးဆရာအဖြစ် မိတ်ဆတ်ပေးတာမို့ သီချင်းအကြောင်းတွေ တူတူပြောကြရင်း ငယ်ပေါင်းကြီးဖော်လို ရင်းနှိးသွားကြတာဖြစ်သည်။

[တက္ကသိုလ်  ဒုတိယနှစ်မှာ ဘက်ခဟျွန်းက
ချန်းယောလ်ကို ခဏပဲ တွေ့ခွင့်ရလိုက်တဲ့ အကြောင်းအရင်းပါ]
*ကိုယ့်လက်နဲ့ကိုယ်ရေးပြီး ဘက်ခဟျွန်းအတွက် ရင်တွေနာလိုက်တာ😔

















Nothing MattersWhere stories live. Discover now