"Deeeeeeeeeeeeeeeeeeeeeeeee"
Please 5 mins please မြည်လာတဲ့ နှိုးစက်ကို လှမ်းတောင်းပန်ရင်း ပြန်အိပ်ဖို့ကြိုးစားလိုက်သည်။
Baekhyunnee လေးဟာ အသက် ၃၀ ကျော်မှာ အောင်မြင်တဲ့ Professor မကလို့ ဘာကြီးပဲ ဖြစ်နေနေ မနက်ခင်းကိုတော့ နှိုးစက်နဲ့ စစ်တိုက်ရတုန်းပါပဲ ဒီရက်ထဲမှာ ပြောင်းဖို့ ရျွေ့ဖို့ စာရွက်စာတမ်းတွေ ၊ Lesson Plan တွေက အစ အသစ်ပြန်ပြင်ရေးရတာမို့ တော်တော်တော့ ပင်ပန်းထားတာပါပဲ
မနေ့ညက တိုက်ခန်းကို ရောက်တော့ ရေချိုး စားသောက်ပြီး တန်းအိပ်ပါမယ်ဆိုမှ John In ဖုန်းပြောနေတာ မပြီးနိုင်တော့ဘူး သူ့ကို Japan မှာတစ်ယောက်တည်း ထားခဲ့တာ အရမ်းပျင်းနေရပါပြီဆိုပြီး ရစ်ထုပ်လေးလုပ်နေတော့တာ သူ့ Studio ကို ထားခဲ့ပြီး လိုက်လာမယ်ဆိုလို့ မနည်းတွေတားရသေး
ဟူးထမှပါလေ ဒီနေ့ စာစသင်ရမယ့်ရက်မှာ စောစောသွားမှရမယ်
***
ရေမိုးချိုး၊ အဝတ်စားလဲပြင်ဆင်ပြီးတော့ ၈ နာရီ တောင်ထိုးတော့မယ်
Class က ၉ နာရီမှာ စမှာဆိုတော့ Canteen မှာ တစ်ခုခု ဝင်စားသွားမှပဲရတော့မယ် ...တိုက်ခန်းက Bus Stop နဲ့ နီးပြီး ကျောင်းကို ၂ မှတ်တိုင်လောက်ပဲ စီးရမယ်လို့ Professor Kim ည က စာပို့ထားတာမို့ Bus ပဲစီးဖို့ ဆုံးဖြတ်လိုက်တော့တယ် မနေ့ကတော့ Hotel ကနေ ပတ်သွားတာဆိုတော့ တော်တော်ဝေးသလိုပဲရယ်
Bus Stop ရှိတဲ့ လမ်းဘက်ကို အကူး ရှေ့က ဝူးခနဲဖြက်သွားတဲ့ Scoopy တစ်စီးကြောင့် ရုတ်တရက် လန့်ပြီးနောက်ကို ခုန်ဆုပ်မိလိုက်တယ် ၊ အပြာရောင် Scoopy သေးသေးလေးနဲ့ မလိုက်မဖက် စီးသွားတဲ့လူကြောင့် တစ်စုံတစ်ယောက်ကိုတောင် သတိရမိသွားတယ်
အဲ့ဒီတစ်ယောက်သာ ခြေတံရှည်ရှည်တွေနဲ့ ဆိုင်ကယ်စီးရင်လည်း ဒီလိုပဲနေမှာ ပြီးတော့ Jean Coat တွေဆို သူနဲ့အရမ်းလိုက်ဖတ်တာပဲမလား
အော် ခပ်ဆင်ဆင်လူတစ်ယောက်တွေ့မိတာတောင် တစ်ခါတစ်လေ... အခုထိသူ့ကို တွေးမိတုန်း ...အင်းငါလည်းအသက်တွေကြီးနေပါပြီလေ😔
Notes: အပိုင်းလေးတွေကတော့ တစ်ပိုင်းတစ်ပိုင်းတိုပါမယ်နော်..😖အားတဲ့အချိန်လေး ခွဲခွဲပီးရေးနေရလို့ပါ
YOU ARE READING
Nothing Matters
Fanfictionချစ်သော Chanbaekists တို့ရေ❤ မြင်နေရဲ့နဲ့ကို Chanyeollie ကိုရော၊ Baekhyuneee ကိုရော လွမ်းနေရတာ တစ်စုံတစ်ယောက်ကို နင့်နင့်သည်းသည်းချစ်မိတဲ့အခါ ကျန်တာတွေ အားလုံးထပ် သူ့ကသာ ကိုယ့်ဘဝမှာ အရာရာဖြစ်နေတဲ့အချိန် ရှိခဲ့ဘူးလား? ချစ်တယ်လို့ ထုတ်ပြောခွင့်ရမှ မဟု...